Wednesday, May 1, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားဘုရင်နှင့်တွေ့ဆုံ မြန်မာပြည်လာရောက်ရန်ဖိတ်ကြား


ကမ္ဘောဒီးယားနိုင်ငံမှာ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက ဘုရင့် နန်းတော်ကိုသွားရောက်ပြီး ကမ္ဘောဒီးယားဘုရင် နိုရိုဒွမ် သီဟမိုနိနဲ့ရော ဘုရင့်မယ်တော်နဲ့ပါတွေ့ဆုံခဲ့ပါတယ်။ 
ကမ္ဘောဒီးယားဘုရင်နဲ့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ပြီး နှစ်ဦးနှစ်ဘက် အဆင်ပြေတဲ့ အချိန်မှာ ကမ္ဘောဒီးယားနိုင်ငံဘုရင်အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်မှာတော့ ယူနက်စ်ကိုစာရင်းဝင် ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသ ဆီယမ်ယိကို သွားရောက်ပြီး အန်ကောဝပ် ဘုရားကျောင်းကို ဖူးမြော်ခဲ့ပါတယ်။ 



ဓါတ်ပုံ – သတင်းစဉ်
DVB

0 comments:

Post a Comment