Wednesday, June 26, 2019

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းကြောင့် ဖယ်ရှားရမည့် လှိုင်သာယာပြည်သူအများစုက လျော်ကြေးငွေအစားနေစရာမြေပေးရန်တောင်းဆိုထား


ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းကြောင့်ဖယ်ရှားရမည့် လှိုင်သာယာပြည်သူအများစုက လျော်ကြေးငွေအ စားနေစရာမြေပေးရန်တောင်း ဆိုထားကြောင်း သိရသည်။ 
အတွင်းပဒန်ရပ်ကွက် ဝါဝါဝင်းအုပ်စု ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့မှ ပြည်သူတစ်ဦးက ”ရွှေ့ပြောင်း နေထိုင်သူတွေဘဝက တကယ်ငွေပေးမယ်ဆိုရင် အားလုံးကိုနှင်လိုက်သလိုဖြစ်မှာစိုး တယ်။ဘဝရပ်တည်မှုအတွက်မြေ ပိုင်လေးတွေဖြစ်အောင် အထက်လူကြီးများ အတက်နိုင်ဆုံးဖန်တီးပေးပါလို့ အနူးအညွှတ် မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။ 
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်နိုင်ငံအ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍ ရန်ကုန်မြို့ပြ လူထု ရထားပို့ဆောင်ရေးကို ဖော်ဆောင်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာဘူတာမှ ရန်ကုန်ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကို ဖြတ်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ အရှည် ၁၈ ကီလိုမီတာရှိ လှိုင်သာယာ – ပါရမီရထားလမ်းကြောင်းကို ၂၀၂၂ ခုနှစ်တွင် စတင်ဖော်ဆောင်ရန် လျာထားကြောင်း သိရသည်။ 
ဒုတိယအဆင့်အနေဖြင့် ပါရမီဘူတာမှ တိုးကြောင်ကလေးဘူတာရ ထားလမ်းကြောင်းကိုဆက်လက် ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ နောက် ရန်ကုန်မန္တလေးရထားလမ်းဖြင့် ဆက်သွယ်မည်ဖြစ်ကြောင်း သိရသည်။ 
လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများအနက် အမှန်တကယ်နေထိုင်စရာမရှိသူ များရှိသကဲ့သို့ အချို့မှာ ကျူးကျော်အိမ်များစွာဆောက်ကာ ငှားစားနေသူများလည်းရှိကြောင်း သေချာစိစစ်ပြီး အမှန်တကယ်နေထိုင်စရာ မရှိသူများအား လျော်ကြေးငွေအစား မြေနေရာများသာ ပြန်ပေးစေလိုကြောင်းလှိုင် သာယာမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူ အငြိမ်းစားကျောင်းဆရာမ ဒေါ်သန်းကြွယ်က ပြောသည်။ 
“ဒီမှာလုပ်ကိုင်စားနိုင်ဖို့ဆိုပြီး ကျူးကျော်အိမ်လေးတွေမှာ လာနေကြတဲ့လူတွေက အနယ်နယ် အရပ်ရပ်ကနေလုပ်ကိုင်စားဖို့ အခွင့်အလမ်းမရှိတဲ့သူတွေပါ။ လျော်ကြေးပေးပြီး လွှတ်လိုက်ရင်သူတို့ ကိုပြန်တော့လို့ နှင်လိုက်တာနဲ့အတူတူပဲ။ လျော်ကြေးပေးလွှတ်လိုက် ရင်ဘယ်သွားနေကြမလဲ။ နေစရာ မြေကွက်လပ်လေး စီစဉ်ပေးသင့်တယ်။ လျော်ကြေးပေးပြီးတော့ နင်တို့သွားဆိုရင် ဒီလူတွေက ဟိုနားခို ဒီနားကပ်နဲ့ ဒီသံသရာက ဘယ်တော့မှ မလွတ်တော့ဘူး” ဟု ၎င်းက ပြောသည်။ 
ထိုတင်ပြချက်များနှင့် ပတ်သက်ပြီး စီမံကိန်းဧရိယာနှင့်မလွတ်သဖြင့် ပြောင်းရွေ့ပေးရမည့် ပြည်သူများ ထိခိုက်နစ်နာမှုအနည်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင် ရန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစားပေး လုပ်ဆောင်နေကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။ 
“အထူးသဖြင့် လှိုင်သာယာဘူတာမှာ မြေယာလျော်ကြေးပေးရမယ်။ လယ်သမားတွေကို ပေးတဲ့အခါမှာ စနစ်တကျပေးလို့ရအောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း သွားပါမယ်။ အလားတူ ပါရမီလမ်းတစ်လျှောက်မှာ ချမ်းသာကြွယ်ဝတဲ့ သူတွေများတယ်။ သူတို့တွေကို မြေယာလျော်ကြေးကို စနစ်တကျ တိုင်းတာတွက်ချက်ပေးဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။ 
စီမံကိန်းကြီး ပြီးစီးသွားပါက ရန်ကုန်မြို့လယ်ယာဉ်ကြောပိတ်ဆို့မှုနှင့် မြို့တွင်းမြို့ပြင် ထွက်သည့်ယာဉ် ကြောပိတ်ဆို့မှုများ လျော့ကျသွားမည့်အပြင် လှိုင်သာယာမှ တိုးကြောင်ကလေးသို့ နာရီဝက်အ တွင်း ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
ယင်းရထားလမ်း စီမံကိန်းကြီးသည်လှိုင်သာယာ၊ မရမ်းကုန်း၊ တောင်ဥက္ကလာနှင့် ရန်ကင်းမြို့နယ်တို့သို့ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
လှိုင်သာယာ-ပါရမီရထားလမ်း ကြောင်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၂၀၂၇ ခုနှစ်တွင် ရထားစတင်ပြေးဆွဲနိုင်ရန် လျာထားကြောင်းသိရသည်။ 
အဆိုပါ စီမံကိန်းအတွင်း ရထားလမ်း တည်ဆောက်ရန်လမ်းချဲ့ခြင်း ၊ရထား၊ ဘူတာရပ်ဝန်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
မေ ၆ ရက်နောက်ပိုင်း စီမံကိန်း နယ်မြေအတွင်းတည်ရှိသော အဆောက်အဦများ ပြုပြင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ အဆောက်အဦသစ် တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချခြင်းတို့အတွက် မြေလျော်ကြေးနှင့် ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေး ပံ့ပိုးမည့် အစီအစဉ်များကို ရရှိခံစားရမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေ ၃ ရက်က အမိန့်ကြေညာစာ ထုတ်ပြန်ထားသည်။ 

နဒီ
Isee Media

0 comments:

Post a Comment