Wednesday, June 26, 2019

မိုင်းလားတွင် ကျပ်သန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


ရှမ်းပြည်နယ် (အရှေ့ပိုင်း) NDAA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထိန်းချုပ်ရာ အထူးဒေသ (၄) မိုင်းလားမြို့တွင် ဇွန်လ ၂၆ ရက် နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ်သန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိသည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်။ 
ဘိန်းဖြူ၊ဘိန်းမဲ၊ Ice၊ ခရစ္စတယ်၊ ခါခူးနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ကုန်ကြမ်းများ စသည့် ကျပ်သန်းပေါင်း ၁၂၀၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသည့် အခမ်းအနားပြုလုပ်နိုင်ခြင်းသည် အထူးဒေသ (၄) တည်ထောင်ခဲ့သည့် နှစ်(၃၀) ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၏ အောင်မြင်မှုရလဒ်များကို နောက်တစ်ကြိမ်ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ခိုင်မာသည့် မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး ဆုံးဖြတ်ချက်ကို အတိအလင်း ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ပြောကြားသည်။ 

အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ မိုင်းလား အထူးဒေသ (၄) NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းအပါအဝင် တရုတ်နိုင်ငံမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ဒေသခံတိုင်းရင်းသားများနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄၈၀ ဦး တက်ရောက်ခဲ့သည်။

The Voice

0 comments:

Post a Comment