မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အားလုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဖွဲ့စည်းရေး သမ္မတဦးဝင်းမြင့်က အဆိုပြုထားမှုကို ရခိုင်ပြည်နယ် လွှတ်တော်က ယနေ့ ပယ်ချလိုက်သည်။
ပြည်နယ်/တိုင်း ၁၄ ခုစလုံးတွင် အသစ်ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက အဆိုပြုခဲ့သော လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနကို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူများသည့်အတွက် မဖွဲ့စည်းနိုင်တော့ပေ။
အဆိုပါ ၀န်ကြီးဌာန ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် သဘောတူညီချက်ရယူကြရာ လွှတ်တော်အမတ်အများစုကကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် သမ္မတ အဆိုပြုထားသော ၀န်ကြီးဌာန သစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေး မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ (၂၂)မဲ၊ ထောက်ခံမဲ (၁၃)မဲရှိပြီး ကန့်ကွက်မဲများသဖြင့် သမ္မတ၏ ၀န်ကြီးဌာန သစ် ဖွဲ့စည်းရေး အဆိုပြုမှု ရှုံးနိမ့်သွားခြင်းဖြစ်သည်။
နို်ငံတော်သမ္မတဦးဝင်းမြင့်က ၀န်ကြီးဌာနသစ် ဖွဲ့စည်းရေးအဆိုကို ဇွန်လ(၁၉)ရက်နေ့တွင် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်အားလုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
Khit Thit Media
0 comments:
Post a Comment