Monday, June 3, 2019

လူ ၁၃ ဦး လိုက်ပါလာတဲ့ အိန္ဒိယစစ်လေယာဉ်တစ်စင်း တရုတ်နယ်စပ်တွင် ပျောက်ဆုံး


လူ ၁၃ ဦး လိုက်ပါလာတဲ့ အိန္ဒိယလေတပ် လေယာဉ်တစ်စင်း ဇွန်လ ၃ ရက်နေ့ က တရုတ်နိုင်ငံနဲ့ နယ်စပ် နိုင်ငံအရှေ့ မြောက်ပိုင်း တောင်တန်းဒေသမှာ ပျောက်ဆုံးသွားကြောင်း အိန္ဒိယအစိုးရ အရာရှိတွေက ပြောဆိုပါတယ်။ 
  
ပုံမှန်အားဖြင့် သယ်ယူပို့ ဆောင်ရေးအတွက် အသုံးပြုလေ့ရှိတဲ့ AN-32 အမျိုးအစားလေယာဉ်ဟာ အာသံပြည်နယ် ဂျော်ဟတ်မြို့ကနေ အရန်နာချဲလ်ပြည်နယ်ကို ပျံသန်းခဲ့စဉ် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီလောက်မှာ မြေပြင်နဲ့  အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၅ ဦးနဲ့  အမှုထမ်း ၈ ဦး လိုက်ပါသွားတာဖြစ်ကြောင်း အစိုးရ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ဆူခွိုင်း တိုက်လေယာဉ်တစ်စင်းအပါအ၀င် အိန္ဒိယလေတပ်က လေယာဉ်ပျောက်ကို စတင်ရှာဖွေမှုတွေ လုပ်နေကြောင်း နောက် အရာရှိတစ်ဦးက ပြောဆိုပါတယ်။ 
  
လေယာဉ်ပျောက်ဆုံးမှုနဲ့  ပတ်သက်ပြီး လေတပ် အကြီးတန်းအရာရှိတွေနဲ့  ဆွေးနွေးအဖြေရှာမှုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက ပြောဆိုခဲ့ပါတယ်။ “ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံး အန္တရာယ်ကင်းစေဖို့  ကျွန်တော် ဆုတောင်းပါတယ်” လို့  ၄င်းက တွစ်တာမှာ ရေးခဲ့ပါတယ်။ 
  
CNA
ကိုလင်း (အကုန်သိ သတင်းဌာန)


0 comments:

Post a Comment