Wednesday, June 26, 2019

နတ်မောက်မြို့ရှိ သီတဂူ ဒီပင်္ကရာ စက္ခုဒါနဆေးရုံတွင် မျက်စေ့ဝေဒနာရှင်များအား ၄ ရက်ကြာ အခမဲ့ကုသပေး


သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၏ ညွှန်ကြားချက်အရ စစ်ကိုင်းတောင်ရိုး မျက်စေ့ကုဆေးရုံမှ မျက်စေ့အထူးပါရဂူ ဒေါက်တာမြအောင်ဦးဆောင်သော မျက်စေ့အထူးပါရဂူများအဖွဲ့က ဦးဆောင်ကာ နတ်မောက်မြို့ရှိ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတွင် မျက်စေ့ဝေဒနာရှင်များအား ၄ ရက်ကြာ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါအဖွဲ့အနေဖြင့် နတ်မောက်မြို့ ဒီပင်္ကရာစာသင်တိုက်အတွင်းတွင်တည်ရှိသော သီတဂူဒီပင်္ကရာ စက္ခုဒါနဆေးရုံတွင် ဇူလိုင်လ ၄ ရက်နေ့မှစတင်ကာ ဇူလိုင် ၇ ရက်နေ့ထိ ၄ ရက်ကြာကုသမှုများကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ၁၄ကြိမ်မြောက်သို့ရောက်ရှိနေပြီဖြစ်သည်ဟုဆိုသည်။ 
ပြီးခဲ့တဲ့ ၁၃ ကြိမ်မြောက်အထိ ဘုန်းကြီးတို့ဒေသဝန်းကျင်က မျက်စေ့ဝေဒနာရှင်ပေါ ကိုအောင်မြင်စွာခွဲစိပ်ကုသပေး နိုင်ခဲ့ပါပြီ။မကွေးမြို့ပေါ်ဆေးရုံတွေက မျက်စေ့အထူးကုဆရာဝန်တွေကလည်းလာပြီးကူညီကုသပေးတော့ တစ်နေ့ဆိုတစ်နေ့ လူနာတွေအများကြီးကြည့်ပေးနိုင်ပါတယ်ဟု ဆေးရုံအုပ်ချုပ်ရေးတာဝန်ခံ ဆရာတော်အရှင်ပညိန္ဒ က မိန့်ကြားသည်။ 
နတ်မောက်မြို့ရှိ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံတွင်၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှစတင်ကာ စက္ခုဒါန အလှူ တော်များစတင်ပြုလုပ် ခဲ့ပြီး ဖွင့်စအချိန်မှစတင်ကာ ဝေဒနာရှင်များကို အခမဲ့ကုသမှုများဖြင့်သာစတင်ခဲ့ပြီး ကုန်ကျမှုအချို့ကို ဒီပင်္ကရာစာသင်တိုက်ကြီးမှ ပဓာနနာယကဆရာတော်ကြီးများ၏လမ်းညွှန်မှုအရဖြင့် မိမိတို့ကျောင်းတိုက်မှပင် ဖြည့်စွက်သုံး စွဲခဲ့ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ 
အခမဲ့ကုသမှုဆောင်ရွက်တဲ့အကြိမ်တိုင်း လူနာတစ်ထောင်ကျော်လောက် အမြဲလာပြပြီးစစ်ဆေးမှုတွေခံယူကြပါတယ်။ ဒီမှာ တော့ မျက်စေ့တွေစစ်ဆေးပေးတယ်။ လိုအပ်ရင် အခမဲ့ခွဲစိတ်ပေးတယ်၊ မျက်ကပ်မှန်တပ်ပေးတယ် စတဲ့ဝန်ဆောင်မှုတွေကို စနစ်တကျဆောင်ရွက်ပေးပါတယ်ဟု အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။ 
သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ၏ အခမဲ့ကုသမှုအပြီးမှ နောက်ဆက်တွဲဆေးဝါးစောင့်ရှောက်ကုသရန်လိုအပ်နေသူများကို မကွေးမြို့ရှိပသာဒဆေးရုံကြီးမှ မျက်စေ့အထူးကုဆရာဝန်ကြီးများက ဆက်လက်ကြည့်ရှုစစ်ဆေး ကုသပေးကြောင်း နတ်မောက်မြို့ရှိ သီတဂူဒီပင်္ကရာစက္ခုဒါနဆေးရုံ၏ ကပ္ပိယကာရအဖွဲ့မှ တာဝန်ရှိသူကရှင်းပြသည်။ 
ဇော်ထွန်း
Isee Media 

0 comments:

Post a Comment