Wednesday, June 26, 2019

မန္တလေး နည်းပညာတက္ကသိုလ် အမျိုးသမီးအဆောင်သစ် ဖွင့်လှစ်


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(မန္တလေး) မှာ အမျိုးသမီးအဆောင်သစ်ကို ဇွန်လ ၂၆ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ 
မေသီရိလို့ အမည်ပေးထားတဲ့ ကျောင်းဆောင်ကို ကျပ်သန်း ၈၀၀ နီးပါး အကုန်အကျခံကာ ၂၀၁၇-၁၈ ပညာရေးဘတ်ဂျက်နဲ့ ၂၀၁၇ခုနှစ်ကနေ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လမှာပြီးစီးခဲ့ပါတယ်။ ကျောင်းဆောင်ဟာ ၂ ထပ်အာစီကျောင်းဖြစ်ပြီး ကျောင်းသူပေါင်း ၁၆၀ နေထိုင်နိုင်ပါတယ်။ 

နည်းပညာတက္ကသိုလ်(မန္တလေး) မှာ ကျောင်းသား ကျောင်းသူ ၃၄၈၂ ယောက်တက်ရောက်နေကြပြီး ဆရာ ဆရာမ ၂၇၇ ယောက်က ပညာသင်ကြားပေး နေတာဖြစ်ပါတယ်။






DVB

0 comments:

Post a Comment