Wednesday, June 26, 2019

မော်စကိုတွင် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာပြပွဲတွင် ရုရှား စစ်အင်အား ပြသ


ရုရှားအစိုးရဟာ နှစ်စဉ်ကျင်းပနေကျ စစ်ဘက်ဆိုင်ရာပြပွဲကို မြို့တော် မော်စကိုမှာ ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့ပြီး စစ်အင်အားပြခဲ့ပါတယ်။ 
နိုင်ငံပေါင်း ၁၂၀ က ကိုယ်စားလှယ်တွေရှေ့မှာ တင့်ကားတွေ၊ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ သေနတ်တွေ၊ ဒုံးကျည်ပစ် လောင်ချာတွေနဲ့ လေကြောင်းဆိုင်ရာ ထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။ 

ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ တရုတ်၊ ပါကစ္စတန်၊ ထိုင်း၊ တူရကီနဲ့ တောင်အာဖရိက နိုင်ငံတွေက စစ်လက်နက်ပစ္စည်း လုပ်ငန်းတွေက နောက်ဆုံးပေါ် အဆင့်မြင့် တီထွင်မှုတွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ 

ရုရှားနိုင်ငံထဲက သိပ္ပံနဲ့နည်းပညာ တိုးတက်မှု နှေးအောင်လို့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားပေမယ့် ကာကွယ်ရေးလုပ်ငန်းဟာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေရုံမက အပြုသဘော အရှိန်အဟုန်နဲ့ တိုးတက်နေတာကို ကျနော်ပြချင်တယ်။ ဒီအကြောင်း ကျနော်တို့ ဧည့်သည်တွေနဲ့ မိတ်ဘက်တွေကို ဖိုရမ်ထဲမှာ သေချာအောင် ပြောသွားမှာပါ” လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်းဂူက ပြောပါတယ်။ 

၂၀၁၉ စစ်ဘက်ဆိုင်ရာပြပွဲမှာ စစ်ရေးစွမ်းရည် ပြပွဲတွေနဲ့ ညီလာခံတွေကို ဇွန်လ ၃၀ ရက်ထိ ပြသသွားမှာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment