Tuesday, June 25, 2019

ရုရှားတွင်ထားရှိမည့် ကြေးသွန်းဘုရားဆင်းတုတော်များ သွန်းလောင်းနေ


ရုရှားနိုင်ငံမှာ ဘုရားဆင်းတုတော်တွေထားရှိဖို့အတွက် သီတဂူဆရာတော်ဘုရားကြီး ဦးဉာဏိဿရက မန္တလေးမြို့ တမ္မဝတီရပ်ရှိ ‘ပြည့်ဝ’ မြန်မာမှုကြေးသွန်းအနုပညာလုပ်ငန်းမှ ဘုရား ဆင်းတုတော်တွေ ကြေးသွန်းလောင်းပေးဖို့ မှာယူထားပါတယ်။ 
အဲဒီဘုရားဆင်းတုတော်တွေကို နိုင်ငံစုံမှ ဘုရားဆင်းတုတော် ဟန်ပုံတွေအပြင် မြန်မာနိုင်ငံ က ခေတ်စုံနဲ့ မုဒြာစုံဟန်ပန်တွေ ပြုလုပ်ထားတာဖြစ်ပြီး ဘုရားအဆူ သုံးဆယ် ကြေးသွန်းလောင်း ခဲ့တာပါ။ 

အဲဒီ ဘုရားဆင်းတုတော်တွေက ဘုရားတဆူကို ဉာဏ်တော်အမြင့် ၂၇ လက်မရှိပြီး ဘုရားတဆူကို ကြေးပိဿာချိန် ၃၀ ခန့် အသုံးပြုပြီး ကြေးသွန်းလောင်းခဲ့တာပါ။ 

ဘုရားဆင်းတုတော်တွေကို ဇန်နဝါရီ ပထမအပတ်ကစပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး ဘုရားဆင်းတုတော်တွေရဲ့ ဟန်ပန်ကို တမ္မဝတီ ဦးဝင်းမောင်က ပုံစံ ထုတ်ပေးခဲ့ကာ ပြည့်ဝ မြန်မာမှု ကြေးသွန်းအနုပညာလုပ်ငန်းမှ ကြေးသွန်းပညာရှင် ဦးအောင်အောင်မိုးက ကြေးသွန်း လောင်းခဲ့တာပါ။ 

အဲဒီ ဘုရားဆင်းတုတော်တွေအပြင် ရုရှားမှာထားရှိဖို့ ဉာဏ်တော်အမြင့် ၁၈ ပေရှိ ပုဂံခေတ် မတ်ရပ်ဆင်းတုတော်တဆူ ပြုလုပ်နေပြီး အခုလက်ရှိမှာ သံဖရိန် စတည်နေပြီလို့ သိရပါတယ်။ 





သတင်း- သော်တာ
DVB

0 comments:

Post a Comment