Tuesday, June 25, 2019

ပဲခူးဆေးရုံကြီးတွင် Medicine Box စတင်ထားရှိ

ပဲခူးဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သူများ၏ ပိုလျှံဆေးဝါးများကို ပြန်လက်ခံပြီး ဆေးဝါးကျွမ်းကျင်သူများက ဆေးလိုအပ်သည့် လူနာများကို ပြန်လည်လှူဒါန်းပေးမည့် Medicine Box ကို ဇွန် ၂၄ ရက်နေ့တွင် စတင်ထားရှိပြီ ဖြစ်ကြောင်း ယင်းဆေးရုံမှ သိရသည်။ 
“အ​ရေး​ပေါ်​ရှေ့မှာ Medicine box ထားတယ်​။ လှူတဲ့​ဆေးဝါးကေ​တာ့ သက်​တမ်းရှိ​ ဆေးဝါးဖြစ်​ရမယ်​။ 

ဆေးလိုအပ်​သူကို​ ဆေးဝါးကျွမ်းကျင်​​တွေက စီစစ်​ပြီးပြန်​လည်​လှူဒါန်း​ပေးမှာပါ။ ​နောက်​ပြီး ပရဟတိ​ဆေးခန်း​တွေကိုလည်း တစ်​ဆင့်​လှူဒါန်း​ပေးမယ်”ဟု ပဲခူး​ဆေးရုံကြီးတွင်​ ပရဟတိလုပ်ငန်းများ ​ဆောင်​ရွက်​​နေသူ ဦးခင်​​မောင်​ရည်​က ​ပြောကြားသည်​။ 

မန္တ​လေးမြို့ခံ ပရဟိတသမား ကိုဝမ်းက လိုအပ်​သူများစား​သောက်​နိုင်​သည့်​ အခမဲ့အချိုရည်​ ​သောက်​​ရေသန့်​နှင့်​ မုန့်​မျိုးစုံထည့်​သွင်းထားသည့်​ Food Box ထားရှိမှု ပြုလုပ်​လှူဒါန်း​ပေးခဲ့ပြီး 

နောက်​မြို့ကြီးအချို့ လိုက်လုပ်လာကြသည့်အတွက် ပဲခူးမြို့ဆေးရုံတွင်လည်း Medicine Box ဆေးရုံအုပ်​ကြီး​​ ဒေါက်​တာ ရန်​နိုင်​​မောင်​၏ အစီအမံဖြင့် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။


The Voice

0 comments:

Post a Comment