Tuesday, October 1, 2019

ဂရိနိုင်ငံဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ရွှေ့ပြောင်းနေထိုင်သူများမှ ရဲနှင့် မီးသတ်သမားတို့အား တိုက်ခိုက်မှုဖြစ်ပွား

Image may contain: outdoor

စက်တင်ဘာလလ ၃၀ ရက်နေ့တွင် ဂရိနိုင်ငံအတွင်း လူအမြောက်အများစုပြုံပြွတ်သိပ်နေထိုင်ပြီး အာရုံစိုက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများ၌ နာမည်ဆိုးနှင့်ကျော်ကြားသော လက်ဘော့စ်ကျွန်း မော်ရီယာဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွားနေစဉ် ဆူပူသောင်းကျန်းသူများက ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုုဖြစ်ပွားကြောင်းနှင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦၤးသေဆုံးခဲ့ကြောင်းသိရှိရသည်။

တနင်္ဂနွေနေ့ ညနေ ၄း၄၅ နာရီခန့်တွင် ဒုက္ခသည်စခန်းနှင့် ကိုက် ၄ဝဝ ခန့်အကွာနေရာ၌ မီးလောင်ကျွမ်းကြောင်း စတင်ကြောင်းသိရှိရသည်။ မီးလောင်ကျွမ်းရာနေရာသည် ပင်မဒုက္ခသည်ဝင်းအတွင်း နေရာမရှိတော့၍ ရွှေ့ပြောင်းအခြေချသူများက ကျူးကျော်နေထိုင်ရာ သံလွင်ပင်တောအုပ်၌ ဖြစ်သည်။
သံလွင်တောအုပ်၌ မီးလောင်ပြီး မိနစ် ၂ဝ-ခန့်အကြာတွင် ရွှေ့ပြောင်းအခြေများနေထိုင်ရာ ပင်မအဆောက်အအုံဝင်းအတွင်း ကုန်သေတ္တာနှစ်ထပ်ဆင့်လျှက် နေရာထိုင်ခင်းလုပ်ထားသော နေရာ၌ဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် ရာနှင့်ချီသော ရွှေ့ပြောင်းအခြေချများ စတင်ဆူပူသောင်းကျန်းကြသည်ဆို၏။ မီးသတ်သမားများကို တိုက်ခိုက်ကြပြီး အနည်းဆုံးမီးသတ်ကား ၂-စီးကို ဖျက်ဆီးကြပြီး စခန်းအုပ်ချုပ်မှု့ရုံးခန်းများလည်း ရမ်းကားချိုးဖျက်ခြင်းခံရသဖြင့် အခင်းဖြစ်နေရာမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စခန်းဝန်ထမ်းများ ထွက်ပြေးကြရကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ဆူပူသူရွှေ့ပြောင်းအခြေချများအား မျက်ရည်ယိုဗုံး၊ လျှပ်လက်ဗုံးများ အသုံးပြုကာ လူစုခွဲသည်။ လက်ဘော့စ်ရဲအင်အားနှင့် မလုံလောက်သဖြင့် အခြားရဲအင်အား ထပ်မံပို့လွှတ်ရကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကို မသိရသေးသော်လည်း ရွှေ့ပြောင်းအခြေချအချို့ကို မီးရှို့ဖျက်ဆီးမှုဖြင့် အရေးယူထားပြီး စခန်းအတွင်း နေရာထိုင်ခင်းအခြေအနေ ဆိုးရွားလွန်းသဖြင့် ဆူပူရာမှ စတင်သည်ဟုလည်း ဒေသန္တရမီဒီယာများက ဖော်ပြကြသည်။
မီးလောင်ကျွမ်းရာတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့ရုပ်အလောင်းအား ကုန်သေတ္တာနေရာထိုင်ခင်းအတွင်း တွေ့ရှိခဲံရကာ အခြား လူ ၉-ဦးမှာ မီးခိုးငွေ့များ ရှူရှိက်မိပြီး ဒါဏ်ရရှိခဲ့ကြောင်း သိရှိရသည်။

<<Zawgyi>>
ဂရိနိုင်ငံဒုက္ခသည်စခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ရွှေ့ပြောင်းနေထိုင်သူများမှ ရဲနှင့် မီးသတ်သမားတို့အား တိုက်ခိုက်မှုဖြစ်ပွား
Tuesday, October 1, 2019

စက်တင်ဘာလလ ၃၀ ရက်နေ့တွင် ဂရိနိုင်ငံအတွင်း လူအမြောက်အများစုပြုံပြွတ်သိပ်နေထိုင်ပြီး အာရုံစိုက်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများ၌ နာမည်ဆိုးနှင့်ကျော်ကြားသော လက်ဘော့စ်ကျွန်း မော်ရီယာဒုက္ခသည်စခန်း၌ မီးလောင်မှုဖြစ်ပွားနေစဉ် ဆူပူသောင်းကျန်းသူများက ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုဖြစ်ပွားကြောင်းနှင့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦင်္းသေဆုံးခဲ့ကြောင်းသိရှိရသည်။
တနင်္ဂနွေနေ့ ညနေ ၄း၄၅ နာရီခန့်တွင် ဒုက္ခသည်စခန်းနှင့် ကိုက် ၄ဝဝ ခန့်အကွာနေရာ၌ မီးလောင်ကျွမ်းကြောင်း စတင်ကြောင်းသိရှိရသည်။ မီးလောင်ကျွမ်းရာနေရာသည် ပင်မဒုက္ခသည်ဝင်းအတွင်း နေရာမရှိတော့၍ ရွှေ့ပြောင်းအခြေချသူများက ကျူးကျော်နေထိုင်ရာ သံလွင်ပင်တောအုပ်၌ ဖြစ်သည်။
သံလွင်တောအုပ်၌ မီးလောင်ပြီး မိနစ် ၂ဝ-ခန့်အကြာတွင် ရွှေ့ပြောင်းအခြေများနေထိုင်ရာ ပင်မအဆောက်အအုံဝင်းအတွင်း ကုန်သေတ္တာနှစ်ထပ်ဆင့်လျှက် နေရာထိုင်ခင်းလုပ်ထားသော နေရာ၌ဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် ရာနှင့်ချီသော ရွှေ့ပြောင်းအခြေချများ စတင်ဆူပူသောင်းကျန်းကြသည်ဆို၏။ မီးသတ်သမားများကို တိုက်ခိုက်ကြပြီး အနည်းဆုံးမီးသတ်ကား ၂-စီးကို ဖျက်ဆီးကြပြီး စခန်းအုပ်ချုပ်မှု့ရုံးခန်းများလည်း ရမ်းကားချိုးဖျက်ခြင်းခံရသဖြင့် အခင်းဖြစ်နေရာမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စခန်းဝန်ထမ်းများ ထွက်ပြေးကြရကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ဆူပူသူရွှေ့ပြောင်းအခြေချများအား မျက်ရည်ယိုဗုံး၊ လျှပ်လက်ဗုံးများ အသုံးပြုကာ လူစုခွဲသည်။ လက်ဘော့စ်ရဲအင်အားနှင့် မလုံလောက်သဖြင့် အခြားရဲအင်အား ထပ်မံပို့လွှတ်ရကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းကို မသိရသေးသော်လည်း ရွှေ့ပြောင်းအခြေချအချို့ကို မီးရှို့ဖျက်ဆီးမှုဖြင့် အရေးယူထားပြီး စခန်းအတွင်း နေရာထိုင်ခင်းအခြေအနေ ဆိုးရွားလွန်းသဖြင့် ဆူပူရာမှ စတင်သည်ဟုလည်း ဒေသန္တရမီဒီယာများက ဖော်ပြကြသည်။
မီးလောင်ကျွမ်းရာတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့ရုပ်အလောင်းအား ကုန်သေတ္တာနေရာထိုင်ခင်းအတွင်း တွေ့ရှိခဲံရကာ အခြား လူ ၉-ဦးမှာ မီးခိုးငွေ့များ ရှူရှိက်မိပြီး ဒါဏ်ရရှိခဲ့ကြောင်း သိရှိရသည်။
Ref-#Russia_Today

0 comments:

Post a Comment