Tuesday, October 1, 2019

နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယား ဒုံးကျည်များကို တရုတ်ပြသ

Image may contain: one or more people
တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ နောက်ဆုံးပေါ်နည်းပညာနှင့် စွမ်းအားအမြင့်ဆုံးဖြစ်သော Dongfeng-41 တာဝေးပစ် တိုက်ချင်းပစ် မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

Dongfeng-41 ဒုံးကျည်သည် တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်တစ်မျိုးဖြစ်ပြီး ဒုံးကျည်၏ အဝေးဆုံးရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၂၀၀၀ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နူကလီးယားပိုင်ဆိုင်သည့် မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်ပြီး တစ်နာရီလျှင် ၂၄၀၀၀ ကီလိုမီတာနှုန်းဖြင့် သွားရောက်မည် ဖြစ်သောကြောင့် အမေရိကန်နိုင်ငံကို နာရီဝက်အတွင်း ရောက်ရှိနိုင်ကြောင်း သိရသည်။
အမေရိကန်က ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ အဆိုပါ DF-41 ဒုံးကျည်သည် တန် ၈၀ လေးပြီး အဆင့်သုံးဆင့်ပါသည့် အခဲလောင်စာသုံးထားကာ နျူကလီးယားထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်ကြောင်း ခန့်မှန်းထားသည်။
Image may contain: one or more people and crowd
Image may contain: outdoor and text
Image may contain: sky, bridge and outdoor

<<Zawgyi>>
နာရီဝက်အတွင်း အမေရိကန်သို့ ရောက်ရှိနိုင်သည့် နူကလီးယား ဒုံးကျည်များကို တရုတ်ပြသ
Tuesday, October 1, 2019
တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ နောက်ဆုံးပေါ်နည်းပညာနှင့် စွမ်းအားအမြင့်ဆုံးဖြစ်သော Dongfeng-41 တာဝေးပစ် တိုက်ချင်းပစ် မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
Dongfeng-41 ဒုံးကျည်သည် တစ်ကမ္ဘာလုံးက မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်တစ်မျိုးဖြစ်ပြီး ဒုံးကျည်၏ အဝေးဆုံးရောက်ရှိနိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၂၀၀၀ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နူကလီးယားပိုင်ဆိုင်သည့် မည်သည့်နိုင်ငံကိုမဆို အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်ပြီး တစ်နာရီလျှင် ၂၄၀၀၀ ကီလိုမီတာနှုန်းဖြင့် သွားရောက်မည် ဖြစ်သောကြောင့် အမေရိကန်နိုင်ငံကို နာရီဝက်အတွင်း ရောက်ရှိနိုင်ကြောင်း သိရသည်။
အမေရိကန်က ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ အဆိုပါ DF-41 ဒုံးကျည်သည် တန် ၈၀ လေးပြီး အဆင့်သုံးဆင့်ပါသည့် အခဲလောင်စာသုံးထားကာ နျူကလီးယားထိပ်ဖူး ၆ ခုကနေ ၁၀ ခုအထိ သယ်ဆောင်နိုင်ကြောင်း ခန့်မှန်းထားသည်။
#Myanmar_Online_News
#China
#Chinaparade
#70thNationalDay
#70thanniversary

0 comments:

Post a Comment