Thursday, October 24, 2019

မအူပင်မြို့ ခိုင်သော်တာလမ်းရှိ ခြုံပုတ်အတွင်းမှ ကြေးဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိပြီး ဘုရားခိုးလာသူအား ဖမ်းဆီးရမိ

Image may contain: 1 person, smiling, indoorImage may contain: one or more people and people standing

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့ အမှတ် (၇)ရပ်ကွက် ခိုင်သော်တာလမ်းတွင် အောတိုဘာလ (၂၅)ရက်နေ့ နံနက် (၁)နာရီ (၃၀)မိနစ်အချိန် ကျော်ခန့်က ခြုံပုတ်အတွင်း၌ ခိုးယူလာကာဝှက်ထားသောဘုရားကြေးဆင်းတုတော်တစ်ဆူ အားတွေ့ရှိခဲ့ပြီး ယင်းဘုရားခိုးယူလာသူအား ဖမ်းဆီးရမိထားကြောင်းသိရသည်။

"ကျွန်တော်က ဆိုင်ကနေအိမ်အပြန် ကျွန်တော်ကိုလည်းသူတွေ့ကော လှစ်ကနဲ့ဆိုခြုံပုတ်ထဲဝင်သွားတယ်......နောက်ပြန်ထွက်လာပြီးလမ်းဆက်လျှောက်လာတယ်။ဒါနဲ့ကျွန်တော်လည်းမသင်္ကာလို့ သူဝင်သွားတဲ့နေရာနားကခြံုပုတ်ကိုကြည်တော့ ခြံုပုတ်ထဲက မြေပြောင်လေးမှာသင်္ကန်စနဲ့ထုတ်ထားတာဘာမှန်တော့မသိဘူး....ဒါနဲ့ မပြီးအပြင်ထုတ်တော့လေးတော့ စက်ပစ္စည်း တစ်ခုခုလားလို့ထင်ခဲ့တာ ဖွင့်ကြည့်တော့မှ ကြေးဘုရားဆင်းတုတော်ကြီးဖြစ်နေတာသိရတယ်"ဟု လှည်းကလေးထမင်းကြော်ဆိုင်မှ မျက်မြင်တွေ့ခဲ့သူ ကိုဝင်းနိုင်မှ MHTသို့ပြောသည်။
မအူပင်မြို့တွင် အဝေးသင်ကာလအတွင်းခိုးမှုများ များစွာဖြစ်ပွားလျှက်ရှိရာ ဖုန်းခိုးမှု ၊ ဆိုင်ကယ်ခိုးမှုများသာအများအပြားဖြစ်ပွားခဲ့ပြီး ဘုရားခိုးယူမှုဖြစ်ပွားခြင်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။
Photo - plc (MHT)
<zawgyi>
မအူပင်မြို့ ခိုင်သော်တာလမ်းရှိ ခြုံပုတ်အတွင်းမှ ကြေးဘုရားဆင်းတုတော်တစ်ဆူ တွေ့ရှိပြီး ဘုရားခိုးလာသူအား ဖမ်းဆီးရမိ
Friday , October 25 , 2019

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့ အမှတ် (၇)ရပ်ကွက် ခိုင်သော်တာလမ်းတွင် အောတိုဘာလ (၂၅)ရက်နေ့ နံနက် (၁)နာရီ (၃၀)မိနစ်အချိန် ကျော်ခန့်က ခြုံပုတ်အတွင်း၌ ခိုးယူလာကာဝှက်ထားသောဘုရားကြေးဆင်းတုတော်တစ်ဆူ အားတွေ့ရှိခဲ့ပြီး ယင်းဘုရားခိုးယူလာသူအား ဖမ်းဆီးရမိထားကြောင်းသိရသည်။
"ကျွန်တော်က ဆိုင်ကနေအိမ်အပြန် ကျွန်တော်ကိုလည်းသူတွေ့ကော လှစ်ကနဲ့ဆိုခြုံပုတ်ထဲဝင်သွားတယ်......နောက်ပြန်ထွက်လာပြီးလမ်းဆက်လျှောက်လာတယ်။ဒါနဲ့ကျွန်တော်လည်းမသင်္ကာလို့ သူဝင်သွားတဲ့နေရာနားကခြုံပုတ်ကိုကြည်တော့ ခြံုပုတ်ထဲက မြေပြောင်လေးမှာသင်္ကန်စနဲ့ထုတ်ထားတာဘာမှန်တော့မသိဘူး....ဒါနဲ့ မပြီးအပြင်ထုတ်တော့လေးတော့ စက်ပစ္စည်း တစ်ခုခုလားလို့ထင်ခဲ့တာ ဖွင့်ကြည့်တော့မှ ကြေးဘုရားဆင်းတုတော်ကြီးဖြစ်နေတာသိရတယ်"ဟု လှည်းကလေးထမင်းကြော်ဆိုင်မှ မျက်မြင်တွေ့ခဲ့သူ ကိုဝင်းနိုင်မှ MHTသို့ပြောသည်။
မအူပင်မြို့တွင် အဝေးသင်ကာလအတွင်းခိုးမှုများ များစွာဖြစ်ပွားလျှက်ရှိရာ ဖုန်းခိုးမှု ၊ ဆိုင်ကယ်ခိုးမှုများသာအများအပြားဖြစ်ပွားခဲ့ပြီး ဘုရားခိုးယူမှုဖြစ်ပွားခြင်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။
Photo - plc (MHT)

0 comments:

Post a Comment