Thursday, October 24, 2019

သားသမီးချစ်၍ ရွှေထည်ပစ္စည်း ဝတ်ဆင်ပေးထားသော မိဘများသတိထားကြစေချင်

အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် တစ်ရွာတည်းနေ ၉ နှစ်သမီးကို နားတောင်းချွတ်မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုက်သတ်လိုက်သည့် လူသတ်မှုဖြစ်စဉ်တစ်ခု ရွှေကျင်မြို့တွင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ငဖယ်အင်းကျေးရွာတွင် ၉ နှစ်အရွယ် နော်အေးသန်းမှာ အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်း၌ တစ်ရွာတည်းနေ မပန်းအိဖြူ၏နေအိမ်နောက်ဖေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေအိမ်ပိုင်ရှင် မပန်းအိဖြူ(၂၈)နှစ်ဆိုသူပင် ဖြစ်ပြီး သေဆုံးသူမနော်အေးသန်း (၉)နှစ်၏ နားတောင်းကို တောင်းခဲ့စဉ်တွင် မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု နယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ မပန်းအိဖြူ(၂၈)နှစ်မှာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ ယခုလိုပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။ယင်းအတွက်ကြောင့် မပန်းအိဖြူ(၂၈)နှစ်ကို လူသတ်မှုဖြင့် ဘောကထာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
<<Zawgyi>>
သားသမီးချစ်၍ ရွှေထည်ပစ္စည်း ဝတ်ဆင်ပေးထားသော မိဘများသတိထားကြစေချင်
Friday , October 25 , 2019

အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် တစ်ရွာတည်းနေ ၉ နှစ်သမီးကို နားတောင်းချွတ်မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုက်သတ်လိုက်သည့် လူသတ်မှုဖြစ်စဉ်တစ်ခု ရွှေကျင်မြို့တွင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာအုပ်စု၊ ငဖယ်အင်းကျေးရွာတွင် ၉ နှစ်အရွယ် နော်အေးသန်းမှာ အောက်တိုဘာလ ၂၃ ရက်၊ ညပိုင်း၌ တစ်ရွာတည်းနေ မပန်းအိဖြူ၏နေအိမ်နောက်ဖေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
ပြစ်မှုကျူးလွန်သူမှာ အခင်းဖြစ်နေအိမ်ပိုင်ရှင် မပန်းအိဖြူ(၂၈)နှစ်ဆိုသူပင် ဖြစ်ပြီး သေဆုံးသူမနော်အေးသန်း (၉)နှစ်၏ နားတောင်းကို တောင်းခဲ့စဉ်တွင် မပေးသည့်အတွက်ကြောင့် ဆိုင်ကယ်ရှော့ဘားဖြင့် ရိုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု နယ်မြေရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ မပန်းအိဖြူ(၂၈)နှစ်မှာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ ယခုလိုပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။ယင်းအတွက်ကြောင့် မပန်းအိဖြူ(၂၈)နှစ်ကို လူသတ်မှုဖြင့် ဘောကထာနယ်မြေရဲစခန်း၌ အမှုဖွင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment