Wednesday, October 2, 2019

တစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးဖြစ်သူ အသက် (၁၂၅) နှစ်ရှိ အဘိုး ဦးကိုကိုကြီး အား ကျပ် ၁၀ သိန်း ဂုဏ်ပြု ချီးမြှင့်ခဲ့

Image may contain: 1 person, sitting
မြန်မာနိုင်ငံတွင် အသက်ကြီး ဆုံးအဖြစ် သတ်မှတ်ခြင်းခံရ ထားသော အသက် ၁၂၅ နှစ်အ ရွယ်ရှိ အဘိုးဦးကိုကိုကြီး သည် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်၊ ဖရဲငွေတောင်လမ်းတွင် စောင့်ရှောက် ထားသော တူမမိသား စုဖြင့် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိပြီး အဘိုးဦးကိုကိုကြီးကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ကျင်းပေရးကော်မတီက မြန်မာတစ်နိုင်ငံလုံးရှိ အသက်အကြီးဆုံး အဘိုးအဖြစ် အထူးဂုဏ်ပြု ချီးမြှင့်ငွေ ကျပ် ၁၀ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ပူဇော်ကန်တော့ခဲ့ရသည့် အတွက် အထူးဂုဏ်ယူမိကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဘိုးဦးကိုကိုကြီးသည် အင်္ဂလိပ်ခရစ် သက္ကရာဇ် ၁၈၉၄ ခုနှစ်တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ တောင်ကြီးမြို့ကို အစ်မဖြစ်သူ ခေါ်ဆောင်လာခြင်းကြောင့် ၁၉၇၁ ခုနှစ် တွင် စတင်ရောက်ရှိခြင်းဖြစ်ကာ တောင်ကြီ မြို့တွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်လာ ပြီဖြစ်ကြောင်း သိရသည်။ အဘိုးဦးကိုကိုကြီး ၏ မိခင်နှင့် အစ်မဖြစ် သူတို့၏ မိခင်တို့သည် ညီအစ်မ အရင်းနှစ်ဦးဖြစ်ပြီး၊ တစ်ဦးတည်းသော သားသမီးများအဖြစ် ဦးကိုကိုကြီးနှင့် ဒေါ်ဦးတို့ကို ညီအစ်မနှစ်ဦးတို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကာ၊ အစ်မဖြစ် သူ ဒေါ်ဦးသည် တစ်ဦးတည်း နေထိုင်သော ဦးကိုကိုကြီးကို ခေါ်ယူစောင့်ရှောက် ထားခြင်းဖြစ်ကာ တောင်ကြီးမြို့သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဒေါ်ဦးဆုံးပါးသွားချိန်တွင် သမီးဖြစ် သူဒေါ်ဌေးဌေးတို့ လင်မယားနှင့် သားသမီးတို့က ဦးကိုကိုကြီး ကို ပြုစုစောင့်ရှောက်ထားခြင်းဖြစ်ပြီး၊ သမီးကြီးနှင့် အတူနေထိုင်လျက်ရှိကာ မိသားစု လေးဦးသာ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဘဝတွင် အပူအပင်မရှိ၊ ပျော်ပျော်နေတတ်ခဲ့သဖြင့် အသက်ရာကျော် အသက်ရှည်ရှည်နေရခြင်းဖြစ်ကြောင်း မြန်မာတစ်နိုင်ငံ လုံးတွင် အသက်အကြီးဆုံး အဖြစ် အဘိုးဦးကိုကိုကြီး ၁၂၅ နှစ်က အသက်ရှည်ရှည်နေ ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့သည်။
ဒေါ်ဌေးဌေး ဦးကိုကိုကြီးနှင့်ပတ်သက်ပြီး " အန်တီတို့ ယူဆတာက သူဟာ Worry လုံးဝမရှိတဲ့အတွက် ကျန်းမာပြီးအသက်ရှည်တာ၊ မွေးရာပါ ကလေးစိတ်ပါ။ သူကအိပ်လိုက်စားလိုက်ပဲ၊ မနက်ဆို ဒီနားလေး (ခြံဝင်းထဲမှာ) လမ်းလျှောက်တယ်။ မျက်နှာသစ်မယ်၊ လမ်းလျှောက်တယ်၊ မနက်စာစားမယ်။ တီဗွီလေးနည်းနည်း ပါးပါးကြည့်မယ်။ ညစာစားမယ်။ ညစာကို ဆန်ပြုတ်နဲ့ ကြက်ဥစားမယ်။ နေ့လည်စာစားတယ်။ တစ်နေ့ကို သုံးကြိမ် စားတယ်။ ကြက်သားတွေ မစားပေမဲ့ ငါးတွေ စားတယ်။ မျက်စိနှစ်ဖက်လုံးကို ခွဲထားပေးတယ်။ နားတော့သိပ်မကောင်းပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
တောင်ကြီးမြို့ ရပ်ကွက်ပေါင်း ၂၂ ခုက အသက် ၈၇ နှစ်နှင့် အထက် အဘိုး၊ အဘွား စုစုပေါင်း ၃၃၇ ဦးအနက် အခမ်း အနား သို့ တက်ရောက်လာသော အဘိုးအဘွား ၈၁ ဦးကို ဂုဏ်ပြုပစ္စည်းများ ချီးမြှင့်ပေး ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ် အိုများနေ့ကို နှစ်စဉ် အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Image may contain: 1 person
#Myanmar_Online_News #အသက်အကြီးဆုံး # ဦးကိုကိုကြီး
<<zawgyi>>
တစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံးဖြစ်သူ အသက် (၁၂၅) နှစ်ရှိ အဘိုး ဦးကိုကိုကြီး အား ကျပ် ၁၀ သိန်း ဂုဏ်ပြု ချီးမြှင့်ခဲ့
Thursday,October 3, 2019

#Myanmar_Online_News #အသက္အႀကီးဆုံး # ဦးကိုကိုႀကီး

0 comments:

Post a Comment