Wednesday, October 2, 2019

မြန်မာနိုင်ငံတွင်း လေ့ကျင့်ပေးထားသော အကြမ်းဖက်သမား ၆ ဦးကို အိန္ဒိယစစ်တပ်ဖမ်းဆီး

Image may contain: 2 people, people standingNo photo description available.

မြန်မာနိုင်ငံတွင်းမှာ လေ့ကျင့်ပေးထားတဲ့ NDFB အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲ ယမ်းတွေနဲ့အတူဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယစစ်တပ်က အောက်တိုဘာ ၂ ရက်နေ့မှာ ပြောပါတယ်။

အကြမ်းဖက်သမား ၆ ဦးကို အာသံပြည်နယ်အနောက်ပိုင် ကိုခရာဂျဟာမြို့နယ်က ရီပူသစ် တောအတွင်း တောခိုနေကြစဉ် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးမိသူ ၆ ဦးလုံးဟာ မြန်မာနိုင်ငံတွင်း အခြေစိုက်ထားတဲ့ NDFB စခန်းတွေက လေ့ကျင့်ပေးထားသူတွေဖြစ်ပြီး ၎င်းတို့နဲ့အတူ M16 ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ပစ္စတို ခြောက်လက်၊ကျည်ကပ် ၆ ခု၊ဖောက်ခွဲရေးပစ္စည်း၊ဆေးဝါး၊ရိက္ခာနဲ့ တခြားပစ္စည်းတွေ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
NDFB အကြမ်းသမား ၆ ဦးဟာ အာသံပြည်နယ်အတွင်းအကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ ရောက်ရှိနေတာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
Ref; People Media
<Zawgyi>
မြန်မာနိုင်ငံတွင်း လေ့ကျင့်ပေးထားသော အကြမ်းဖက်သမား ၆ ဦးကို အိန္ဒိယစစ်တပ်ဖမ်းဆီး
Wednesday,October 2, 2019

မြန်မာနိုင်ငံတွင်းမှာ လေ့ကျင့်ပေးထားတဲ့ NDFB အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲ ယမ်းတွေနဲ့အတူဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယစစ်တပ်က အောက်တိုဘာ ၂ ရက်နေ့မှာ ပြောပါ တယ်။
အကြမ်းဖက်သမား ၆ ဦးကို အာသံပြည်နယ်အနောက်ပိုင် ကိုခရာဂျဟာမြို့နယ်က ရီပူသစ် တောအတွင်း တောခိုနေကြစဉ် နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါ တယ်။
ဖမ်းဆီးမိသူ ၆ ဦးလုံးဟာ မြန်မာနိုင်ငံတွင်း အခြေစိုက်ထားတဲ့ NDFB စခန်းတွေက လေ့ကျင့်ပေးထားသူတွေဖြစ်ပြီး ၎င်းတို့နဲ့အတူ M16 ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ပစ္စတို ခြောက်လက်၊ကျည်ကပ် ၆ ခု၊ဖောက်ခွဲရေးပစ္စည်း၊ဆေးဝါး၊ရိက္ခာနဲ့ တခြားပစ္စည်းတွေ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
NDFB အကြမ်းသမား ၆ ဦးဟာ အာသံပြည်နယ်အတွင်းအကြမ်းဖက်မှုတွေ ဆောင်ရွက်ဖို့ ရောက်ရှိနေတာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
Ref; People Media

0 comments:

Post a Comment