Wednesday, October 2, 2019

အမေရိကန်နဲ့ ဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားဒုံးကျဉ်စမ်းသပ်ပစ်လွှတ်

Image may contain: one or more people and screen

အမေရိကန် နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ နျူကရီလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ဆွေးနွေးမယ်လို့ မနေ့က ကြေညာအပြီး ဒီကနေ့မှာတော့ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျဉ်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ကြောင်း သိရပါတယ်။

ဝမ်ဆန်ဆိပ်ကမ်းနီးကနေ ပစ်လွှတ်တဲ့ ဒုံးကျဉ်ဟာ မိုင်၂၈၀ မိုင်အထိ သွားနိုင်ပြီး အမြင့်ပေ ၉၁၀ အထိ ရောက်နိုင်တဲ့ ဒုံးကျဉ်ဖြစ်ကြောင်း နဲ့ အဲဒီဒုံးကျဉ်ဟာ ဂျပန်ပင်လယ်ထဲကို ကျသွားကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးရဲ့ အခုလိုဒုံးကျဉ်စမ်းသပ်ပစ်လွှတ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သွေဖယ်လိုက်တာဖြစ်တယ်။ အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောကြားပါတယ်။ ဂျပန်အစိုးရဝန်ကြီးဌာနရဲ့အကြီးအကဲ ဆူဂါက မြောက်ကိုရီးယားက ဒုံးကျဉ်တစ်စင်း ပစ်လွှတ် တာဖြစ်ပြီး ရေထဲကို မကျခင်မှာ နှစ်ခု အဖြစ်ကွဲသွားတာမျိုးဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လေ့လာနေကြောင်းပြောပါတယ်။
ဝါရှင်တန်နဲ့ ပြုံယမ်းတို့ရဲ့ ဆွေးနွေးပွဲဟာ အခုသီတင်းပတ်အကုန်မှာ စတင်မယ်လို့ နှစ်ဖက်လုံးက မနေ့က အတည်ပြုထားပါတယ်။
Image may contain: outdoor
No photo description available.
Ref;AFP

<Zawgyi>
အမေရိကန်နဲ့ ဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားဒုံးကျဉ်စမ်းသပ်ပစ်လွှတ်
Wednesday,October 2, 2019

အမေရိကန် နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ နျူကရီလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ဆွေးနွေးမယ်လို့ မနေ့က ကြေညာအပြီး ဒီကနေ့မှာတော့ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျဉ်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ကြောင်း သိရပါတယ်။
ဝမ်ဆန်ဆိပ်ကမ်းနီးကနေ ပစ်လွှတ်တဲ့ ဒုံးကျဉ်ဟာ မိုင်၂၈၀ မိုင်အထိ သွားနိုင်ပြီး အမြင့်ပေ ၉၁၀ အထိ ရောက်နိုင်တဲ့ ဒုံးကျဉ်ဖြစ်ကြောင်း နဲ့ အဲဒီဒုံးကျဉ်ဟာ ဂျပန်ပင်လယ်ထဲကို ကျသွားကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးရဲ့ အခုလိုဒုံးကျဉ်စမ်းသပ်ပစ်လွှတ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သွေဖယ်လိုက်တာဖြစ်တယ်။ အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောကြားပါတယ်။ ဂျပန်အစိုးရဝန်ကြီးဌာနရဲ့အကြီးအကဲ ဆူဂါက မြောက်ကိုရီးယားက ဒုံးကျဉ်တစ်စင်း ပစ်လွှတ် တာဖြစ်ပြီး ရေထဲကို မကျခင်မှာ နှစ်ခု အဖြစ်ကွဲသွားတာမျိုးဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လေ့လာနေကြောင်းပြောပါတယ်။
ဝါရှင်တန်နဲ့ ပြုံယမ်းတို့ရဲ့ ဆွေးနွေးပွဲဟာ အခုသီတင်းပတ်အကုန်မှာ စတင်မယ်လို့ နှစ်ဖက်လုံးက မနေ့က အတည်ပြုထားပါတယ်။

0 comments:

Post a Comment