တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးများပစ်သောကြောင့် အမှတ်(၅) နယ်မြေပိုင်၊ ကျောက်စုရပ်၊ မိန်းမလှ တောင်ပေါ်ရှိ အောင်စကြာ စေတီတော်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။
မိန်းမလှတောင် မိုးကြိုးထိမှန်သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ပထမအကြိမ်တွင် စေတီတော်အနီးရှိ ဘုန်းတော်ကြီးကျောင်းကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ်တွင် စေတီတော် ရင်ပြင်ကို ထိမှန်ပျက်စီးခဲ့ကာ တတိယအကြိမ်တွင် စေတီတော်အလယ်ပစ္စယံ ဌာပနာတိုက်အား ထိမှန်ခဲ့ပြီး စေတီတော်မြေခ ခဲ့ကြောင်း သီတင်းသုံးနေထိုင်နေသော ဆရာတော် ဦးဃောတိတထံမှ သိရသည်။
အဆိုပါ မိန်းမလှတောင်သည် တောင်ခြေမှ တောင်အပေါ်ထိ ခန့်မှန်းခြေ ပေ ၄၀ဝ ကျော် မြင့်မားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မိုးကြိုးထိမှန်မှုကြောင့် အောင်စကြာစေတီတော် အလယ်ပစ္စယံ ဌာပနာတိုက်ကို ထိမှန်ခဲ့ပြီး ရှေးဟောင်းဘုရားများနှင့် ဌာပနာပစ္စည်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအားအပ်နှံပြီး ဘုရားစေတီတော်ကြီးအား ပြန်လည်မွမ်းမံ မည်ဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
ပုလောမြို့နယ်၌ မိုးကြိုးထိမှန်၍ အောင်စကြာစေတီတော်ကြီး ထီးတော်မြေခ
Thursday,October 3, 2019
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အောက်တိုဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးကြိုးများပစ်သောကြောင့် အမှတ်(၅) နယ်မြေပိုင်၊ ကျောက်စုရပ်၊ မိန်းမလှ တောင်ပေါ်ရှိ အောင်စကြာ စေတီတော်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။
မိန်းမလှတောင် မိုးကြိုးထိမှန်သည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ ပထမအကြိမ်တွင် စေတီတော်အနီးရှိ ဘုန်းတော်ကြီးကျောင်းကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ်တွင် စေတီတော် ရင်ပြင်ကို ထိမှန်ပျက်စီးခဲ့ကာ တတိယအကြိမ်တွင် စေတီတော်အလယ်ပစ္စယံ ဌာပနာတိုက်အား ထိမှန်ခဲ့ပြီး စေတီတော်မြေခ ခဲ့ကြောင်း သီတင်းသုံးနေထိုင်နေသော ဆရာတော် ဦးဃောတိတထံမှ သိရသည်။
အဆိုပါ မိန်းမလှတောင်သည် တောင်ခြေမှ တောင်အပေါ်ထိ ခန့်မှန်းခြေ ပေ ၄၀ဝ ကျော် မြင့်မားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မိုးကြိုးထိမှန်မှုကြောင့် အောင်စကြာစေတီတော် အလယ်ပစ္စယံ ဌာပနာတိုက်ကို ထိမှန်ခဲ့ပြီး ရှေးဟောင်းဘုရားများနှင့် ဌာပနာပစ္စည်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအားအပ်နှံပြီး ဘုရားစေတီတော်ကြီးအား ပြန်လည်မွမ်းမံ မည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment