အမေရိကန်နိုင်ငံ ကော်နက်တိကက် ပြည်နယ်က လေဆိပ်တစ်ခုမှာ အောက်တိုဘာ ၂ ရက်က ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည် ၁၃ ဦးကို တင်ဆောင်လာခဲ့တာ ဖြစ်ပြီး ဂျာမနီနဲ့ ဂျပန်တို့ကို တိုက်ခိုက်ရာမှာ အမေရိကန် လေတပ်က တပ်ဖြန့်ခဲ့တဲ့ အဆိုပါ Boeing B-17 လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က ဘရက်ဒလေ နိုင်ငံတကာ လေဆိပ်မှာ ပျက်ကျခဲ့တာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး ဆယ်မိနစ်ခန့်အကြာမှာ လေယာဉ်ဟာ ပြဿနာတွေ့နေပြီ ဆိုပြီး လေယာဉ်မှူးတွေက ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့လည်း သိရပါတယ်။ လေယာဉ် ပျက်ကျရမှုရဲ့ အသေးစိတ် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
<<zawgyi>>
အမေရိကန်တွင် ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်(Boeing B-17)ပျက်ကျ
Thursday,October 3, 2019
အမေရိကန်နိုင်ငံ ကော်နက်တိကက် ပြည်နယ်က လေဆိပ်တစ်ခုမှာ အောက်တိုဘာ ၂ ရက်က ဒုတိယကမ္ဘာစစ် ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပေါ်မှာ ခရီးသည် ၁၃ ဦးကို တင်ဆောင်လာခဲ့တာ ဖြစ်ပြီး ဂျာမနီနဲ့ ဂျပန်တို့ကို တိုက်ခိုက်ရာမှာ အမေရိကန် လေတပ်က တပ်ဖြန့်ခဲ့တဲ့ အဆိုပါ Boeing B-17 လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က ဘရက်ဒလေ နိုင်ငံတကာ လေဆိပ်မှာ ပျက်ကျခဲ့တာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး ဆယ်မိနစ်ခန့်အကြာမှာ လေယာဉ်ဟာ ပြဿနာတွေ့နေပြီ ဆိုပြီး လေယာဉ်မှူးတွေက ထိန်းချုပ်ရေးစင်တာကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့လည်း သိရပါတယ်။ လေယာဉ် ပျက်ကျရမှုရဲ့ အသေးစိတ် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
#Myanmar_Online_News #Boeing_B-17 #B17
0 comments:
Post a Comment