ကျွန်တော် အနောက်နိုင်ငံမှာ ၂၀ နှစ် နီးပါး နေထိုင်ခဲ့ပါတယ်။ ဝိဇ္ဇာ ဘွဲ့ကလေးကနေ.....ဥပဒေသိပ္ပံ ပါရဂူ ဘွဲ့ရတဲ့အထိ.... အလုပ်ပေါင်းများစွာလည် လုပ်ကိုင်ရင်း ရုန်းကန်လှုပ်ရှား ပညာ သင်ခဲ့ပါတယ်.... ဘာလို့လည်း ဆိုတော့... မြန်မာနိုင်ငံတော်အစိုးရက ပိုက်ဆံတစ်ပြားမှ မထောက်ပံံ့ခဲ့လို့ပါ... တက္ကသိုလ် ထမင်းစားဆောင်မှာ ပန်းကန်တွေ ဆေးတဲ့အလုပ်က စပြီး၊ စာကြည့်တိုက်မှာ စာအုပ်ပြန်သိမ်းတဲ့အလုပ်.... စာစစ်ဋ္ဌာနမှာ စာစစ်တဲ့အလုပ်...တရားရုံးမှာ ဘာသာ/စကားပြန်တဲ့ အလုပ်.... ကင်းဘရိတ် တက္ကသိုလ် သုတေသီအလုပ်.... ပဲန်ဆဲန်ဗီးနား ဥပဒေဌာန ကု သုသေတီ အလုပ်....တက္ကသိုလ်မှာ ဘွဲ့လွန် သုတေသီအလုပ်...တက္ကသိုလ်မှာ ဒု-ညွှန်မှူးအလုပ်....Ph.D., ကျောင်းသူ/ကျောင်းသားတွေကို Supervisor လုပ်ပေးတဲ့ အလုပ်.... ပြည်တော်လုံခြုံရေးဋ္ဌာန စတဲ့ နေရာတွေမှာ အလုပ်မျိုးစုံ လုပ်ခဲ့ပြီးမှ မြန်မာပြည်ပြန်လာတယ်။
ကိုဖီအာနန် ကော်မရှင် ဖွဲ့တော့ ယခင် သမတ ဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးမှာ ၇ လ လောက်သုသေတနပြုတဲ့ အဖွဲ့မှာပါခဲ့တော့ ကိုဖီအာနန် ကော်မရှင်က လူကြီး တစ်ချို့က ဖိတ်ခေါ်ပြီး သဘောထား နဲ့ အကြံပြုချက်တွေ တောင်းဆိုခဲ့ပါတယ်။
အဲဒီကော်မရှင်ထဲက အဖွဲ့ဝင် တစ်ဦးက ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အပါအဝင် ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေ တွေနဲ့ ကိစ္စကို ဆွေးနွေးလိုတယ် ဆိုလို့ သွားတွေ့ပါတယ်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက်၊ ရှိသမျှ ဥပဒေ တွေ ယူသွားပြီး ရှင်းပြပါတယ်။ နှစ်နာရီ လောက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်.....
နောက်ဆုံးတော့ ကျွန်တော့်ကို အမေရိကန် နိုင်ငံသား ခံယူထားတဲ့ မြန်မာပြည်ဖွား လူမျိုးရေး အစွန်းထွက်.... "Naturalized citizen of US but Racist Myanmar born...." ဆိုပြီး မှတ်ချက် ပေးပါတယ်...
ကျွန်တော် တော်တော်လေး ဒေါသ ထွက်သွားပါတယ် ခင်ဗျားက လူကြီး တစ်ယောက် ဖြစ်ပြီး ဒီလိုမှတ်ချက် ပေးတယ် ဆိုရင်... ခင်ဗျားတို့ အဖြူ (ဂျူး) တွေက ကျွန်တော်တို့ (ဂျူး) မဟုတ်တဲ့ လူသားတွေ ဘယ်လို နှိပ်ကွတ်ခဲ့သလဲ ဆိုတာ ပြောပြပါ့မယ် ဆိုပြီး.... ကျွန်တော့် အတွေ့အကြုံလေး တစ်ခုကို ပြောလိုက်ပါတယ်....
ကျွန်တော် အမေရိကန်မှာ ကျောင်းနေတော့ ပိုက်ဆံလိုအပ်နေလို့.... တပ်မတော် ထဲ ဝင်တော့.... မင်းအရပ်က ၅ ပေ ၂ လက်မပဲ ရှိတယ် ၃ ပေ လောက် ရှည်တဲ့ M-16 ကို ကိုင်ပြီး ဘယ်လို စစ်တိုက်နိုင်မလဲ ဆိုပြီး စော်ကားခြင်း ခံရတယ်.... ကျွန်တော် လက်နက်ကိုင်ခဲ့တဲ့လူဟောင်းပါ M-16, AK-47 တို့ ဆိုတာ... ခင်ဗျားတို့ ထက် ပိုရင်းနှီးပါတယ်... ဆိုပြီး ပြန်ဟောက်လိုက် ပေမယ့်.... တပ်ထဲ ဝင်ခွင့်မရခဲ့ဘူး....
ကျွန်တော်သူငယ်ချင်းလည်း တပ်ထဲဝင်တော့ မင်းရဲ့ အရပ်အမောင်းနဲ့.... မင်းရဲ့ အလေးချိန် (ဝိတ်) နဲ့ မမျှဘူး မင်း PT ပြေးလို့လည်း ရမှာ မဟုတ်ဘူး ဆိုပြီး စော်ကားတာ ခံတော့.... PT မပြောနဲ့.... ငါက Karate Black Belt ရၿပီး အခုထိ ကရာတေး ကစားနေတဲ့ ကောင်ကွလို့ ပြောပေမယ့်လည်း တပ်ထဲ မဝင်အခံဘူး.....
အဖဂန် နဲ့ အီရတ်မှာ စစ်ဖြစ်တော့.... တပ်မတော်ထဲ ဝင်လာပါ... ခင်ဗျားကျောင်းတက်ခ လက်ကျန် အကြွေးတွေအားလုံးကို အမေရိကန် ကာကွယ်ရေးက လျော်ပေးပါ့မယ်... အပတ်တိုင်း စာလာပို့ပါတယ်.... အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။
ကျွန်တော်ရာထူးကြီး လာတော့... လက်ထောက် အလုပ်ခေါ်တယ်.... လျောက်လာသူက ၁၀၀ လောက် ရှိတယ်.... ကျွန်တော်က သူတို့ အတွေ့အကြုံ တွေပညာအရည်အချင်းတွေ ကြည့်ပြီး လျောက်လွှာ ၅၀ ကို ကျွန်တော့် အထက်က လူကြီးကို တင်ပြခဲ့တယ်....
နောက်တစ်နေ့မှာတော့ ကျွန်တော် လူကြီးခေါ်လို့သွားတော့ သူ့စားပွဲမှာ အလုပ်လာလျောက်တဲ့ စာ ၅ စောင်ပဲ ကျန်တော့်တယ်.... သူ့ အမှိုက်ပုံထဲက လျောက်လွှာ ၄၅ ကောက်ပြီး ကျွန်တော့် အခန်းပြန် ကျွန်တော် ဘာများ မှားသလဲ ဆိုပြီး စဉ်းစားတယ်....
၅ ယောက် လျောက်လွှာကို ကြည့်တော့ ခင်ဗျားတို့ ဂျူး လူမျိုးနာမည်ပါတဲ့ လူတွေ ကျန်တဲ့ ၄၅ ကို ကြည့်တော့ ဂျူးလူမျိုး မဟုတ်တဲ့ နာမည်တွေ နဲ့ လျောက်လွှာတွေ.... ဒီတော့ လူ့အခွင့်အရေးတို့ ဘာတို့ လာပြောမနေပါနဲ့.... ခင်ဗျားတို့ပဲ ကျွန်တော့်ကို လူမျိုးရေး အစွန်းထွက် ဖြစ်အောင် ပညာသား ပါပါ... သင်ပေးခဲ့ပါတယ် လို့....
သံအမတ် ဟောင်းကြီးက ပါးစပ်ဟောင်းလောင်း မျက်လုံးပြူးကြီးနဲ့.... ကျွန်တော်ကို ပြန်ခွင့် ပြုပါဆိုပြီး ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ နဲ့ အခြား ဥပဒေ စာရွက်စာတမ်းတွေ သိမ်းပြီး အိမ်ပြန်ခဲ့ပါတယ်.
နောက်ဆုံး တစ်ခုလေး မှာလိုပါတယ်.... မြန်မာနိုင်ငံသားတိုင်း... မြန်မာပြည်ဖွားသူတိုင်း... မည်သည့် တိုင်းရင်းသား မဆို.... မိမိ နိုင်ငံကို ချစ်ကြပါ.... မိမိ လူမျိုးကို ချစ်ကြပါ.... အကျိုးအမြတ် မရှိရင် ဘယ်နိုင်ငံခြားသားကမှ မြန်မာပြည်ကို မချစ်ဘူး၊ မကြိုက်ဘူး၊ မနှစ်သက်ပါဘူး... ကိုယ်တွေ့ပါ။
ဆလိုင်း ငွန်ကျုံးလျန်
(မြန်မာပြည်ဖွား၊ ချင်းအမျိုးသား)
<<zawgyi>>
မင်းတို့သင်ပေးခဲ့လို့ပါ
Friday , October 25 , 2019
ကျွန်တော် အနောက်နိုင်ငံမှာ ၂၀ နှစ် နီးပါး နေထိုင်ခဲ့ပါတယ်။ ဝိဇ္ဇာ ဘွဲ့ကလေးကနေ.....ဥပဒေသိပ္ပံ ပါရဂူ ဘွဲ့ရတဲ့အထိ.... အလုပ်ပေါင်းများစွာလည် လုပ်ကိုင်ရင်း ရုန်းကန်လှုပ်ရှား ပညာ သင်ခဲ့ပါတယ်.... ဘာလို့လည်း ဆိုတော့... မြန်မာနိုင်ငံတော်အစိုးရက ပိုက်ဆံတစ်ပြားမှ မထောက်ပံံ့ခဲ့လို့ပါ... တက္ကသိုလ် ထမင်းစားဆောင်မှာ ပန်းကန်တွေ ဆေးတဲ့အလုပ်က စပြီး၊ စာကြည့်တိုက်မှာ စာအုပ်ပြန်သိမ်းတဲ့အလုပ်.... စာစစ်ဋ္ဌာနမှာ စာစစ်တဲ့အလုပ်...တရားရုံးမှာ ဘာသာ/စကားပြန်တဲ့ အလုပ်.... ကင်းဘရိတ် တက္ကသိုလ် သုတေသီအလုပ်.... ပဲန်ဆဲန်ဗီးနား ဥပဒေဌာန ကု သုသေတီ အလုပ်....တက္ကသိုလ်မှာ ဘွဲ့လွန် သုတေသီအလုပ်...တက္ကသိုလ်မှာ ဒု-ညွှန်မှူးအလုပ်....Ph.D., ကျောင်းသူ/ကျောင်းသားတွေကို Supervisor လုပ်ပေးတဲ့ အလုပ်.... ပြည်တော်လုံခြုံရေးဋ္ဌာန စတဲ့ နေရာတွေမှာ အလုပ်မျိုးစုံ လုပ်ခဲ့ပြီးမှ မြန်မာပြည်ပြန်လာတယ်။
ကိုဖီအာနန် ကော်မရှင် ဖွဲ့တော့ ယခင် သမတ ဦးသိန်းစိန် ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးမှာ ၇ လ လောက်သုသေတနပြုတဲ့ အဖွဲ့မှာပါခဲ့တော့ ကိုဖီအာနန် ကော်မရှင်က လူကြီး တစ်ချို့က ဖိတ်ခေါ်ပြီး သဘောထား နဲ့ အကြံပြုချက်တွေ တောင်းဆိုခဲ့ပါတယ်။
အဲဒီကော်မရှင်ထဲက အဖွဲ့ဝင် တစ်ဦးက ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ အပါအဝင် ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေ တွေနဲ့ ကိစ္စကို ဆွေးနွေးလိုတယ် ဆိုလို့ သွားတွေ့ပါတယ်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက်၊ ရှိသမျှ ဥပဒေ တွေ ယူသွားပြီး ရှင်းပြပါတယ်။ နှစ်နာရီ လောက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်.....
နောက်ဆုံးတော့ ကျွန်တော့်ကို အမေရိကန် နိုင်ငံသား ခံယူထားတဲ့ မြန်မာပြည်ဖွား လူမျိုးရေး အစွန်းထွက်.... "Naturalized citizen of US but Racist Myanmar born...." ဆိုပြီး မှတ်ချက် ပေးပါတယ်...
ကျွန်တော် တော်တော်လေး ဒေါသ ထွက်သွားပါတယ် ခင်ဗျားက လူကြီး တစ်ယောက် ဖြစ်ပြီး ဒီလိုမှတ်ချက် ပေးတယ် ဆိုရင်... ခင်ဗျားတို့ အဖြူ (ဂျူး) တွေက ကျွန်တော်တို့ (ဂျူး) မဟုတ်တဲ့ လူသားတွေ ဘယ်လို နှိပ်ကွတ်ခဲ့သလဲ ဆိုတာ ပြောပြပါ့မယ် ဆိုပြီး.... ကျွန်တော့် အတွေ့အကြုံလေး တစ်ခုကို ပြောလိုက်ပါတယ်....
ကျွန်တော် အမေရိကန်မှာ ကျောင်းနေတော့ ပိုက်ဆံလိုအပ်နေလို့.... တပ်မတော် ထဲ ဝင်တော့.... မင်းအရပ်က ၅ ပေ ၂ လက်မပဲ ရှိတယ် ၃ ပေ လောက် ရှည်တဲ့ M-16 ကို ကိုင်ပြီး ဘယ်လို စစ်တိုက်နိုင်မလဲ ဆိုပြီး စော်ကားခြင်း ခံရတယ်.... ကျွန်တော် လက်နက်ကိုင်ခဲ့တဲ့လူဟောင်းပါ M-16, AK-47 တို့ ဆိုတာ... ခင်ဗျားတို့ ထက် ပိုရင်းနှီးပါတယ်... ဆိုပြီး ပြန်ဟောက်လိုက် ပေမယ့်.... တပ်ထဲ ဝင်ခွင့်မရခဲ့ဘူး....
ကျွန်တော်သူငယ်ချင်းလည်း တပ်ထဲဝင်တော့ မင်းရဲ့ အရပ်အမောင်းနဲ့.... မင်းရဲ့ အလေးချိန် (ဝိတ်) နဲ့ မမျှဘူး မင်း PT ပြေးလို့လည်း ရမှာ မဟုတ်ဘူး ဆိုပြီး စော်ကားတာ ခံတော့.... PT မပြောနဲ့.... ငါက Karate Black Belt ရပြီး အခုထိ ကရာတေး ကစားနေတဲ့ ကောင်ကွလို့ ပြောပေမယ့်လည်း တပ်ထဲ မဝင်အခံဘူး.....
အဖဂန် နဲ့ အီရတ်မှာ စစ်ဖြစ်တော့.... တပ်မတော်ထဲ ဝင်လာပါ... ခင်ဗျားကျောင်းတက်ခ လက်ကျန် အကြွေးတွေအားလုံးကို အမေရိကန် ကာကွယ်ရေးက လျော်ပေးပါ့မယ်... အပတ်တိုင်း စာလာပို့ပါတယ်.... အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။
ကျွန်တော်ရာထူးကြီး လာတော့... လက်ထောက် အလုပ်ခေါ်တယ်.... လျောက်လာသူက ၁၀၀ လောက် ရှိတယ်.... ကျွန်တော်က သူတို့ အတွေ့အကြုံ တွေပညာအရည်အချင်းတွေ ကြည့်ပြီး လျောက်လွှာ ၅၀ ကို ကျွန်တော့် အထက်က လူကြီးကို တင်ပြခဲ့တယ်....
နောက်တစ်နေ့မှာတော့ ကျွန်တော် လူကြီးခေါ်လို့သွားတော့ သူ့စားပွဲမှာ အလုပ်လာလျောက်တဲ့ စာ ၅ စောင်ပဲ ကျန်တော့်တယ်.... သူ့ အမှိုက်ပုံထဲက လျောက်လွှာ ၄၅ ကောက်ပြီး ကျွန်တော့် အခန်းပြန် ကျွန်တော် ဘာများ မှားသလဲ ဆိုပြီး စဉ်းစားတယ်....
၅ ယောက် လျောက်လွှာကို ကြည့်တော့ ခင်ဗျားတို့ ဂျူး လူမျိုးနာမည်ပါတဲ့ လူတွေ ကျန်တဲ့ ၄၅ ကို ကြည့်တော့ ဂျူးလူမျိုး မဟုတ်တဲ့ နာမည်တွေ နဲ့ လျောက်လွှာတွေ.... ဒီတော့ လူ့အခွင့်အရေးတို့ ဘာတို့ လာပြောမနေပါနဲ့.... ခင်ဗျားတို့ပဲ ကျွန်တော့်ကို လူမျိုးရေး အစွန်းထွက် ဖြစ်အောင် ပညာသား ပါပါ... သင်ပေးခဲ့ပါတယ် လို့....
သံအမတ် ဟောင်းကြီးက ပါးစပ်ဟောင်းလောင်း မျက်လုံးပြူးကြီးနဲ့.... ကျွန်တော်ကို ပြန်ခွင့် ပြုပါဆိုပြီး ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ နဲ့ အခြား ဥပဒေ စာရွက်စာတမ်းတွေ သိမ်းပြီး အိမ်ပြန်ခဲ့ပါတယ်.
နောက်ဆုံး တစ်ခုလေး မှာလိုပါတယ်.... မြန်မာနိုင်ငံသားတိုင်း... မြန်မာပြည်ဖွားသူတိုင်း... မည်သည့် တိုင်းရင်းသား မဆို.... မိမိ နိုင်ငံကို ချစ်ကြပါ.... မိမိ လူမျိုးကို ချစ်ကြပါ.... အကျိုးအမြတ် မရှိရင် ဘယ်နိုင်ငံခြားသားကမှ မြန်မာပြည်ကို မချစ်ဘူး၊ မကြိုက်ဘူး၊ မနှစ်သက်ပါဘူး... ကိုယ်တွေ့ပါ။
ဆလိုင်း ငွန်ကျုံးလျန်
(မြန်မာပြည်ဖွား၊ ချင်းအမျိုးသား)
#Myanmar_Online_News #Ngun_Cung_Lian
0 comments:
Post a Comment