ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ သူမရဲ့ NLD ပါတီ လွှတ်တော်မှာ ဝင်နိုင်ရေး အတွက်ပဲ ကြိုးစားနေတဲ့ နိုင်ငံရေးသမားတစ်ယောက်သာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mrs. Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ၂၀၁၉ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူရဲ့ ခြောက်နှစ်သက်တမ်း နောက်ဆုံးနှစ် အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ကို တင်သွင်းချိန် နယူးရောက်ကို ရောက်နေတဲ့ Mrs. Yanghee Lee က VOA နဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူမ(ဒေါ်အောင်ဆန်းစုကြည်)ကို အင်တာဗျူးထားတဲ့ ဗီဒီယိုတွေမှာတွေ့နိုင်တာက သူမဟာ ရွေးကောက်ပွဲအတွက် သူမရဲ့ NLD ပါတီ လွှတ်တော်မှာ ဝင်နိုင်ရေး အတွက်ပဲ ကြိုးစားနေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံအဖြစ် သူ့ကိုခန့်အပ်တဲ့ အခါမှာလည်း သူက အမျိုးမျိုး ပြောပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံရေးနဲ့ သူဟာ နိုင်ငံရေးသမား တယောက်ဆိုတာကို ကျမမြင်နိုင်ပါတယ်။ ဒါကြောင့် သူဟာ နိုင်ငံရေးသမားတယောက်ဆိုတာ ကျမတို့ မမေ့သင့်ပါဘူး။” လို့ Mrs. Yanghee Lee က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရဟာ ၂၀၁၇ ကတည်းက Mrs. Yanghee Lee ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နေရာကို အခြားတစ်ယောက်နဲ့ အစားထိုးချင်ခဲ့တယ်လို့လည်း Mrs. Yanghee Lee က ဆက်လက်ပြောဆိုခဲ့ပါတယ်။
Mrs. Yanghee Lee ဟာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး လာမယ့် ၂၀၂၀ မတ်လမှာ သတ်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
<<zawgyi>>
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ သူမရဲ့ NLD ပါတီ လွှတ်တော်မှာ ဝင်နိုင်ရေး အတွက်ပဲ ကြိုးစားနေတဲ့ နိုင်ငံရေးသမားတစ်ယောက်သာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mrs. Yanghee Lee က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ၂၀၁၉ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သူရဲ့ ခြောက်နှစ်သက်တမ်း နောက်ဆုံးနှစ် အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ကို တင်သွင်းချိန် နယူးရောက်ကို ရောက်နေတဲ့ Mrs. Yanghee Lee က VOA နဲ့ တိုက်ရိုက် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူမ(ဒေါ်အောင်ဆန်းစုကြည်)ကို အင်တာဗျူးထားတဲ့ ဗီဒီယိုတွေမှာတွေ့နိုင်တာက သူမဟာ ရွေးကောက်ပွဲအတွက် သူမရဲ့ NLD ပါတီ လွှတ်တော်မှာ ဝင်နိုင်ရေး အတွက်ပဲ ကြိုးစားနေတယ် ဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံအဖြစ် သူ့ကိုခန့်အပ်တဲ့ အခါမှာလည်း သူက အမျိုးမျိုး ပြောပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံရေးနဲ့ သူဟာ နိုင်ငံရေးသမား တယောက်ဆိုတာကို ကျမမြင်နိုင်ပါတယ်။ ဒါကြောင့် သူဟာ နိုင်ငံရေးသမားတယောက်ဆိုတာ ကျမတို့ မမေ့သင့်ပါဘူး။” လို့ Mrs. Yanghee Lee က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရဟာ ၂၀၁၇ ကတည်းက Mrs. Yanghee Lee ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နေရာကို အခြားတစ်ယောက်နဲ့ အစားထိုးချင်ခဲ့တယ်လို့လည်း Mrs. Yanghee Lee က ဆက်လက်ပြောဆိုခဲ့ပါတယ်။
Mrs. Yanghee Lee ဟာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး လာမယ့် ၂၀၂၀ မတ်လမှာ သတ်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
#Myanmar_Online_News
#Yanheelee
#AungSanSuuKyi
#NLD
0 comments:
Post a Comment