Sunday, February 2, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ သိန်းတန်ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်မှုဖြစ်ပွား

Image may contain: 1 person, crowd and outdoorImage may contain: one or more people and outdoor

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာ သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက်သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသားများက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

၎င်း AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ပြန်လည် ထွက်ခွာ သွားပြီးနောက် ကျေးရွာအနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် နေကြောင်း ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော်စစ်ကြောင်းထံသို့ စာရေးသားပေးပို့ အကူအညီတောင်းခံခဲ့ရာ တပ်မတော်စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကူအညီတောင်းခံစာ ရလျင်ရချင်း ၎င်းနေ့ ညပိုင်းတွင် စနစ်တကျစုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်စောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခြင်း ခံရသော သူများကိုလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်။ ထို့နောက်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာ နေထိုင်သူ များအား မေးမြန်းခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ ဆယ်အိမ်မှူး ၄ ဦးအား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအနီး ၎င်းတို့ထောင်ထားသော ရီမုမိုင်း ၄ လုံးအား နေရာရွှေ့ထားသဖြင့် ၁ လုံးလျှင် ၁၀ သိန်းကျပ် ပေးလျော်ရန်ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူး များက မိမိတို့ရွာသားများ ပြုလုပ်ခြင်းမဟုတ်၍ မပေးလျော်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ထိုးကြိတ်ရိုက်နှက်ခဲ့မှုကြောင့် ဆယ်အိမ်မှူး များမှ ဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၎င်းနောက် သောင်းကျန်းသူ များက ပြန်လည်ထွက်ခွာသွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ထပ်မံရောက်ရှိလာကာ ဆယ်အိမ်မှူးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများ အား အဓမ္မဆွဲခေါ်၍ မဖွယ်မရာမုဒိန်းကျင့်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို ဘေးပတ်ဝန်းကျင် မှ ရွာသူရွာသားများက ဝင်ရောက်တားဆီးစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၎င်းနေ့ညနေ ၆ နာရီခန့် တွင်လည်း AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းနှင့် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယခင်ကလည်း ကျေးရွာ အတွင်း နေထိုင်သူများထံမှ နွားများကို အတင်းအဓမ္ဓယူဆောင်ခြင်း၊ရိက္ခာများအတင်းအကြပ်စုဆောင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ယခုကဲ့သို့ ကျေးရွာအတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများအား မုဒိန်းကျင့်ရန် ကြိုးပမ်းပြီးနှိပ်စက်၊ ရိုက်နှက်မှုများပြုလုပ်လျက် ရှိသည့်အပြင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်လည်း ဘူးသီးတောင် မြို့နယ်၊ ကင်းတောင် ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာသား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့ထုတ်မြဝတီသတင်း စာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် ကျေးရွာပတ်ဝန်းကျင်များ၌ မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဇန်နဝါရီ ၇ ရက်တွင် ထိပ်တူပေါက်ကျေးရွာမှ ကလေးငယ် ၄ ဦးသေဆုံး ခဲ့ပြီး ကျောင်းဆရာ ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာများရရှိခဲ့သည်။

ထိုသို့ ဘင်္ဂါလီများနေထိုင်ရာကျေးရွာများသို့ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက အကြမ်းဖက်နှိပ်စက်မှုများ အဆက် မပျက်ဆောင်ရွက်လာသဖြင့်ရပ်ရွာနေ ရပ်မိရပ်ဖများ က တပ်မတော်အပေါ် အားကိုးယုံကြည်သဖြင့်ယခုကဲ့သို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်းနှင့် ခြိမ်းခြောက် ရိုက်နှက်ထားခြင်းခံရသူများကို တပ်မတော်က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးလျက် ရှိပြီး ကျေးရွာနေထိုင်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်လုံခြုံရေး အပြည့်အဝရရှိစေရေး လိုအပ်သည့်လုံခြံုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
Image may contain: 1 person, sitting and outdoor
No photo description available.
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်၊ သိန်းတန်ကျေးရွာနေ ဘင်္ဂါလီအမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်မှုဖြစ်ပွား
Monday , February 3 , 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာ သို့ဇန်နဝါရီ ၃၁ ရက်ညနေပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင်နေထိုင်သော ဘင်္ဂါလီ အမျိုးသမီးများအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက် သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသား များက ဝိုင်းဝန်းတားဆီးရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်း AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ပြန်လည် ထွက်ခွာ သွားပြီးနောက် ကျေးရွာအနီးသို့ AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်စီးမည်ဟု ခြိမ်းခြောက်ပြီး ကျေးရွာအား ဝန်းရံ ပိတ်ဆို့ထားသဖြင့် စိုးရိမ်ရသည့်အခြေအနေဖြစ် နေကြောင်း ၎င်းကျေးရွာရှိ ရပ်မိရပ်ဖများ က လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှင့် အနီးစပ်ဆုံးရှိသော တပ်မတော်စစ်ကြောင်း ထံသို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ရာ တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် အဆိုပါ အကူအညီတောင်းခံစာကို လက်ခံ ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အကူအညီတောင်းခံစာ ရလျင်ရချင်း ၎င်းနေ့ ညပိုင်းတွင် စနစ်တကျစုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွာသို့ ချက်ချင်းသွားရောက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် နံနက်စောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခြင်း ခံရသော သူများကိုလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်။ ထို့နောက်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာ နေထိုင်သူ များအား မေးမြန်းခဲ့ရာ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာ ဆယ်အိမ်မှူး ၄ ဦးအား ခေါ်ယူတွေ့ဆုံ၍ ကျေးရွာအနီး ၎င်းတို့ထောင်ထားသော ရီမုမိုင်း ၄ လုံးအား နေရာရွှေ့ထားသဖြင့် ၁ လုံးလျှင် ၁၀ သိန်းကျပ် ပေးလျော်ရန်ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူး များက မိမိတို့ရွာသားများ ပြုလုပ်ခြင်းမဟုတ်၍ မပေးလျော်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် အကြမ်းဖက် သောင်းကျန်းသူများက ထိုးကြိတ်ရိုက်နှက်ခဲ့မှုကြောင့် ဆယ်အိမ်မှူး များမှ ဖူးရောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၎င်းနောက် သောင်းကျန်းသူ များက ပြန်လည်ထွက်ခွာသွားခဲ့ပြီး ညနေ ၄ နာရီခန့်တွင် အဆိုပါ AA အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ထပ်မံရောက်ရှိလာကာ ဆယ်အိမ်မှူးတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများ အား အဓမ္မဆွဲခေါ်၍ မဖွယ်မရာမုဒိန်းကျင့်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုများကို ဘေးပတ်ဝန်းကျင် မှ ရွာသူရွာသားများက ဝင်ရောက်တားဆီးစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၎င်းနေ့ညနေ ၆ နာရီခန့် တွင်လည်း AA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့် ထပ်မံရောက်ရှိလာပြီး ရွာကို ဝိုင်းဝန်းပိတ်ဆို့ထားကြောင်းနှင့် ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ယခင်ကလည်း ကျေးရွာ အတွင်း နေထိုင်သူများထံမှ နွားများကို အတင်းအဓမ္ဓယူဆောင်ခြင်း၊ရိက္ခာများအတင်းအကြပ်စုဆောင်းခြင်း များကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ယခုကဲ့သို့ ကျေးရွာအတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများအား မုဒိန်းကျင့်ရန် ကြိုးပမ်းပြီးနှိပ်စက်၊ ရိုက်နှက်မှုများပြုလုပ်လျက် ရှိသည့်အပြင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင်လည်း ဘူးသီးတောင် မြို့နယ်၊ ကင်းတောင် ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာသား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့ထုတ်မြဝတီသတင်း စာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် ကျေးရွာပတ်ဝန်းကျင်များ၌ မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဇန်နဝါရီ ၇ ရက်တွင် ထိပ်တူပေါက်ကျေးရွာမှ ကလေးငယ် ၄ ဦးသေဆုံး ခဲ့ပြီး ကျောင်းဆရာ ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာများရရှိခဲ့သည်။

ထိုသို့ ဘင်္ဂါလီများနေထိုင်ရာကျေးရွာများသို့ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက အကြမ်းဖက်နှိပ်စက်မှုများ အဆက် မပျက်ဆောင်ရွက်လာသဖြင့်ရပ်ရွာနေ ရပ်မိရပ်ဖများ က တပ်မတော်အပေါ် အားကိုးယုံကြည်သဖြင့်ယခုကဲ့သို့ စာရေးသား ပေးပို့ အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်းနှင့် ခြိမ်းခြောက် ရိုက်နှက်ထားခြင်းခံရသူများကို တပ်မတော်က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးလျက် ရှိပြီး ကျေးရွာနေထိုင်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်လုံခြုံရေး အပြည့်အဝရရှိစေရေး လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment