ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ပြည်လမ်း မိုင်တိုင်အမှတ် ၆၈ အနီးတွင် ရန်ကုန်မှ ပြည်ဘက်သို့ ယာဉ်မောင်း ကျော်စိုးဦးမှ ခရီးသည် ၆ ဦး တင်၍ မောင်းနှင်လာသော7Q 3325 Express (အာရှ_ ရန်ကုန် ပြည်) (အဝါ)ယာဉ်အား ပြည်ဘက်မှ တရားမဝင်ကျွန်းသစ်တင်ဆောင် မောင်းနှင်လာသော ယာဉ်အမှတ် 1P 1097 ၊ ယာဉ်မောင်း(စိစစ်ဆဲ) Nissan Founder၆ ဘီးယာဉ်မှ ဝင်တိုက်မိခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှု မရှိကြောင်း ၊ Founder ယာဉ်မှာ တိမ်းမှောက်ကာ ယာဉ် ပေါ်ပါ ကျွန်းသစ် ၇ တန်ခန့် လမ်းပေါ်ကျနေသဖြင့် တိုက်ကြီး သစ်တောဦးစီး ဦးဇော်ဇော်မင်းနှင့် အဖွဲ့မှ ရှင်းလင်းကာ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။
သတင်း - ရဲမိုးဟိန်း #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၆၈ အနီးတွင် Asia Express နှင့် တရားမဝင်ကျွန်းသစ်တင်ဆောင် မောင်းနှင်လာသော Nissan Founder ၆ ဘီးယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွား
Tuesday , February 18 , 2020
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ပြည်လမ်း မိုင်တိုင်အမှတ် ၆၈ အနီးတွင် ရန်ကုန်မှ ပြည်ဘက်သို့ ယာဉ်မောင်း ကျော်စိုးဦးမှ ခရီးသည် ၆ ဦး တင်၍ မောင်းနှင်လာသော7Q 3325 Express (အာရှ_ ရန်ကုန် ပြည်) (အဝါ)ယာဉ်အား ပြည်ဘက်မှ တရားမဝင်ကျွန်းသစ်တင်ဆောင် မောင်းနှင်လာသော ယာဉ်အမှတ် 1P 1097 ၊ ယာဉ်မောင်း(စိစစ်ဆဲ) Nissan Founder၆ ဘီးယာဉ်မှ ဝင်တိုက်မိခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်မှု မရှိကြောင်း ၊ Founder ယာဉ်မှာ တိမ်းမှောက်ကာ ယာဉ် ပေါ်ပါ ကျွန်းသစ် ၇ တန်ခန့် လမ်းပေါ်ကျနေသဖြင့် တိုက်ကြီး သစ်တောဦးစီး ဦးဇော်ဇော်မင်းနှင့် အဖွဲ့မှ ရှင်းလင်းကာ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။
သတင်း - ရဲမိုးဟိန်း #Myanmar_Online_News
0 comments:
Post a Comment