Sunday, February 2, 2020

မြဝတီမြို့ BGF ဗိုလ်မှူးဟောင်းနေအိမ်တွင် မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား၂ဦး ဒဏ်ရာရရှိ

Image may contain: one or more people, house and outdoorImage may contain: 3 people, people standing
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၃) နံနက်(၇:၃၀)အချိန်ခန့်တွင် ယမ်းအားပြင်း မိုင်း၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မင်းပဒုံမာဝန်း၊ အာရှလမ်းနံဘေးရှိ မိမိ၏ နေအိမ်ရှေ့ဝရန်တာနေရာတွင် မိုင်းပေါက် ကွဲခဲ့ခြင်း ဖြစ်ပြီး ဂေါ်လီမိုင်း ဖြစ်နိုင်ကြောင်းနှင့် တုန်ခါမှုဖြင့် ပေါက်ကွဲနိုင်သော မိုင်းအမျိုးအစား ဖြစ်နိုင်ကြောင်း နေအိမ်ပိုင်ရှင်ဖြစ်သူဦး BGF ဗိုလ်မှူးဟောင်းစောတင်မြင့် ကပြောသည်။
"မနက် (၇:၃၀)ခွဲလောက်မှာ အိမ်ရှေ့တံခါးဖွင့်ပြီး ဝရန်တာထွက် ဆေးလိပ်သောက်နေတုန်း ရှေ့ဝရန် တိုင်ဘေးမှာ အမဲရောင်ပလက်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ လက်သီးဆုပ်အရွယ်ခန့် အထုပ်တစ် ထုပ်နဲ့ ဝရန်တာရှိ ကြိမ်ကုလားထိုင်ပေါ်မှာ အလားတူ အထုပ်တစ်ထုပ်အားတွေ့လို့ အရင်ဆုံး ဝရန်တာ တိုင်ခြေမှာ ရှိတဲ့ အထုပ်ကို လွင့်ပစ်လိုက်နေတုန်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။နောက် ၁၀ မိနစ်ခန့်အကြာမှာ ကြိမ်ကုလားထိုင်မှာ ရှိတဲ့ အထုပ်ထဲကနေ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ် "ဟု ၄င်းကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် နေအိမ်ပိုင်ရှင် ဦးစောတင်မြင့် မှာ ဝဲဘက်ပေါင်တွင် ယမ်းစထိမှန်ဒဏ်ရာနှင့် ၎င်း၏မိတ်ဆွေ အောင်မြေရွှေဘုံ(၃)လမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့နေသူ ဦးစိန်လင်းမှာ ဝဲဘက်ခြေသလုံး ရှပ်ထိဒဏ်ရာရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့သို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆိုပါနေရာသို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဖြိုးဇော်ကိုကိုနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မြဝတီရှေ့တန်းရုံး ရှေ့တန်းမှုး ဗိုလ်မှုးဖြိုးသူရဝင်း နှင့် မိုင်းရှင်းလင်းရေး တပ်မတော်သားများ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှု ရဲမှူးကျော်သူရည် နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လိုအပ်သည်များကို ဆောင် ရွက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေသော မိုင်းဗုံးဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
Image may contain: one or more people
Image may contain: one or more people and closeup
Image may contain: 3 people, people standing and outdoor
Image may contain: 2 people, people standing
Image may contain: outdoor
Image may contain: plant and outdoor
Image may contain: one or more people
Image may contain: one or more people and shoes
Image may contain: shoes and outdoor
သတင်း-နေနော်(မြဝတီ) #Myanmar_Online_News
>>Zawgyi<<
မြဝတီမြို့ BGF ဗိုလ်မှူးဟောင်းနေအိမ်တွင် မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား၂ဦး ဒဏ်ရာရရှိ
Monday , February 3 , 2020
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၃) နံနက်(၇:၃၀)အချိန်ခန့်တွင် ယမ်းအားပြင်း မိုင်း၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မင်းပဒုံမာဝန်း၊ အာရှလမ်းနံဘေးရှိ မိမိ၏ နေအိမ်ရှေ့ဝရန်တာနေရာတွင် မိုင်းပေါက် ကွဲခဲ့ခြင်း ဖြစ်ပြီး ဂေါ်လီမိုင်း ဖြစ်နိုင်ကြောင်းနှင့် တုန်ခါမှုဖြင့် ပေါက်ကွဲနိုင်သော မိုင်းအမျိုးအစား ဖြစ်နိုင်ကြောင်း နေအိမ်ပိုင်ရှင်ဖြစ်သူဦး BGF ဗိုလျမှူးဟောငျ စောတင်မြင့် ကပြောသည်။
"မနက် (၇:၃၀)ခွဲလောက်မှာ အိမ်ရှေ့တံခါးဖွင့်ပြီး ဝရန်တာထွက် ဆေးလိပ်သောက်နေတုန်း ရှေ့ဝရန် တိုင်ဘေးမှာ အမဲရောင်ပလက်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ လက်သီးဆုပ်အရွယ်ခန့် အထုပ်တစ် ထုပ်နဲ့ ဝရန်တာရှိ ကြိမ်ကုလားထိုင်ပေါ်မှာ အလားတူ အထုပ်တစ်ထုပ်အားတွေ့လို့ အရင်ဆုံး ဝရန်တာ တိုင်ခြေမှာ ရှိတဲ့ အထုပ်ကို လွင့်ပစ်လိုက်နေတုန်းမှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။နောက် ၁၀ မိနစ်ခန့်အကြာမှာ ကြိမ်ကုလားထိုင်မှာ ရှိတဲ့ အထုပ်ထဲကနေ ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ် "ဟု ၎င်းကပြောသည်။
ယင်းဖြစ်စဉ်ကြောင့် နေအိမ်ပိုင်ရှင် ဦးစောတင်မြင့် မှာ ဝဲဘက်ပေါင်တွင် ယမ်းစထိမှန်ဒဏ်ရာနှင့် ၎င်း၏မိတ်ဆွေ အောင်မြေရွှေဘုံ(၃)လမ်း အမှတ်(၄)ရပ်ကွက် မြဝတီမြို့နေသူ ဦးစိန်လင်းမှာ ဝဲဘက်ခြေသလုံး ရှပ်ထိဒဏ်ရာရရှိခဲ့သဖြင့် မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့သို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆိုပါနေရာသို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဖြိုးဇော်ကိုကိုနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မြဝတီရှေ့တန်းရုံး ရှေ့တန်းမှုး ဗိုလ်မှုးဖြိုးသူရဝင်း နှင့် မိုင်းရှင်းလင်းရေး တပ်မတော်သားများ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှု ရဲမှူးကျော်သူရည် နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လိုအပ်သည်များကို ဆောင် ရွက်ကြပြီး ထွက်ပြေးတိမ်းရှောင်နေသော မိုင်းဗုံးဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း-နေနော်(မြဝတီ) #Myanmar_Online_News

0 comments:

Post a Comment