Tuesday, February 18, 2020

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း ၁၃ ခုမှ နှစ်စဉ် ကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါးအထိ အရှုံး ပေါ်နေ

No photo description available.

မြန်မာနိုင်ငံတွင် နှစ်စဉ် ငွေကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါး အထိ အရှုံးပေါ်နေသော နိုင်ငံပိုင်အဖွဲ့အစည်း ၁၃ ခု ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့အစည်းများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ လျှပ်စ်စ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှု လုပ်ငန်း၊ မြန်မာ့မီးရထားလုပ်ငန်း၊ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့အမျိုးသားလေကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စီးပွားရေးအဖွဲ့အစည်း ၁၃ ခုက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၈၃၅ ဒသမ ၈၉၂ ဘီလီယံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၉၄၅ ဒသမ ၈၆၉ ဘီလီယံ၊ ၂၀၁၈ ခုနစ် ဧပြီလမှ စက်တင် ဘာလအထိ ၅၇၁ ဒသမ ၇၆၂ ဘီလီယံ အရှုံးပေါ်နေကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်း ၁၃ ခုတွင် ပထမအရှုံးအများဆုံးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး ဒုတိယမှာ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ တတိယမှာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဖြစ်သည်။
Source - Khitthit
<zawgyi>
နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း ၁၃ ခုမှ နှစ်စဉ် ကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါးအထိ အရှုံး ပေါ်နေ
Tuesday , February 18 , 2020

မြန်မာနိုင်ငံတွင် နှစ်စဉ် ငွေကျပ်ဘီလီယံ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ နီးပါး အထိ အရှုံးပေါ်နေသော နိုင်ငံပိုင်အဖွဲ့အစည်း ၁၃ ခု ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အဖွဲ့အစည်းများတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ လျှပ်စ်စ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှု လုပ်ငန်း၊ မြန်မာ့မီးရထားလုပ်ငန်း၊ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၊ မြန်မာ့အမျိုးသားလေကြောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စီးပွားရေးအဖွဲ့အစည်း ၁၃ ခုက ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၈၃၅ ဒသမ ၈၉၂ ဘီလီယံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၉၄၅ ဒသမ ၈၆၉ ဘီလီယံ၊ ၂၀၁၈ ခုနစ် ဧပြီလမှ စက်တင် ဘာလအထိ ၅၇၁ ဒသမ ၇၆၂ ဘီလီယံ အရှုံးပေါ်နေကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်း ၁၃ ခုတွင် ပထမအရှုံးအများဆုံးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပြီး ဒုတိယမှာ အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်း၊ တတိယမှာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဖြစ်သည်။
Source - Khitthit

0 comments:

Post a Comment