Tuesday, February 18, 2020

နှစ်နိုင်ငံရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေး

Image may contain: 2 people, people sitting and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မည့် အခြေ အနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်အားတုံ့ပြန် ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းများတွင် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
<zawgyi>
နှစ်နိုင်ငံရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံဆွေးနွေး
Tuesday , February 18 , 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊ လေပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မှုများဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ် အေးချမ်းရေးကို ထောက်အကူဖြစ်စေနိုင်မည့် အခြေ အနေများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်အားတုံ့ပြန် ကာကွယ်ခြင်း HADR (Humanitarian Assistance and Disaster Responce) လုပ်ငန်းများတွင် ရေတပ်ချင်းပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment