Monday, February 3, 2020

သြစတေးလျနိုင်ငံ သစ်ထုတ်လုပ်ရေးစိုက်ခင်းတစ်ခုမှာ ကိုအာလာဝက်ဝံများစွာ သေဆုံးနေတာ တွေ့ရှိ

Image may contain: outdoor

သြစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်ရှိ သစ်တောစိုက်ခင်း တစ်ခုတွင် ကိုအာလာ ဝက်ဝံ ဒါဇင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရတာကြောင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြပါတယ်။

ကိုအာလာဝက်ဝံများရဲ့ အဓိက ကျက်စားရာ Blue gum trees သစ်ပင်များကို ဒီဇင်ဘာလမှာ ခုတ်ပစ်လိုက်တာကြောင့် သစ်ပင်အနည်းငယ်သာ ကျန်ရှိခဲ့ပါတယ်။ အနည်းငယ်သာ ကျန်ရစ်တဲ့ အပင်များကြောင့် ကိုအာလာ ဝက်ဝံ အချို့ အစာငတ်ပြတ်ကာ သေဆုံးနေပြီး အခြား ကိုအာလာ ဝက်ဝံများကတော့ မြေကော်စက်များကြောင့် သေဆုံးခဲ့တာကို တွေ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ ကိုအာလာဝက်ဝံ ၈၀ ခန့်ကိုတော့ ယင်းနေရာမှ ဖယ်ရှားပြီး ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ဒီဇင်ဘာလက သစ်တောစိုက်ခင်းမှာ သစ်ထုတ်လုပ်မှုတွေလုပ်ခဲ့ပြီးနောက် ရာပေါင်းများစွာသော ကိုအာလာဝက်ဝံတွေဟာ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကို ရောက်ရှိခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်တဲ့ သြစတေးလျ မြေကမ္ဘာ မိတ်ဆွေများအဖွဲ့က ပြောခဲ့ပါတယ်။ သစ်တောရှင်းလင်းရာမှာ အသုံးပြုတဲ့ မြေကော်စက်များကြောင့် ကိုအာလာ ဝက်ဝံအမြောက်အမြား သေဆုံးခဲ့တာကို လူအများ မြင်တွေ့ခဲ့တယ်လို့ ယင်းအဖွဲ့အစည်းက ပြောခဲ့ပါတယ်။
ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားကြောင်း သဘာဝ ပတ်ဝန်းကျင် မြေ၊ ရေနဲ့ စီမံကိန်း ဦးစီးဌာနက ဆိုပါတယ်။ သြစတေးလျနိုင်ငံ တိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းကလည်း ယင်းရှားပါး တောတွင်းတိရိစ္ဆာန်တွေကို တတ်နိုင်သလောက် ကယ်ဆယ်စုဆောင်းဖို့ အသင်းအဖွဲ့တစ်ခုကို စေလွှတ်ခဲ့ကြောင်း ပြောဆိုပါတယ်။
သြစတေးလျမှာ မကြာသေးမီက အကြီးအကျယ်တောမီးလောင်ကျွမ်းမှုကြောင့် ကိုအာလာ ဝက်ဝံများစွာ သေဆုံးခဲ့ပြီးနောက် ယခုမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Image may contain: text
No photo description available.
No photo description available.
No photo description available.
Source - Akonthi
<zawgyi>
သြစတေးလျနိုင်ငံ သစ်ထုတ်လုပ်ရေးစိုက်ခင်းတစ်ခုမှာ ကိုအာလာဝက်ဝံများစွာ သေဆုံးနေတာ တွေ့ရှိ
Tuesday , February 4 , 2020

သြစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ်ရှိ သစ်တောစိုက်ခင်း တစ်ခုတွင် ကိုအာလာ ဝက်ဝံ ဒါဇင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရရှိနေကြောင်း တွေ့ရှိရတာကြောင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြပါတယ်။
ကိုအာလာဝက်ဝံများရဲ့ အဓိက ကျက်စားရာ Blue gum trees သစ်ပင်များကို ဒီဇင်ဘာလမှာ ခုတ်ပစ်လိုက်တာကြောင့် သစ်ပင်အနည်းငယ်သာ ကျန်ရှိခဲ့ပါတယ်။ အနည်းငယ်သာ ကျန်ရစ်တဲ့ အပင်များကြောင့် ကိုအာလာ ဝက်ဝံ အချို့ အစာငတ်ပြတ်ကာ သေဆုံးနေပြီး အခြား ကိုအာလာ ဝက်ဝံများကတော့ မြေကော်စက်များကြောင့် သေဆုံးခဲ့တာကို တွေ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ ကိုအာလာဝက်ဝံ ၈၀ ခန့်ကိုတော့ ယင်းနေရာမှ ဖယ်ရှားပြီး ပြုစုစောင့်ရှောက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
ဒီဇင်ဘာလက သစ်တောစိုက်ခင်းမှာ သစ်ထုတ်လုပ်မှုတွေလုပ်ခဲ့ပြီးနောက် ရာပေါင်းများစွာသော ကိုအာလာဝက်ဝံတွေဟာ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကို ရောက်ရှိခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းဖြစ်တဲ့ သြစတေးလျ မြေကမ္ဘာ မိတ်ဆွေများအဖွဲ့က ပြောခဲ့ပါတယ်။ သစ်တောရှင်းလင်းရာမှာ အသုံးပြုတဲ့ မြေကော်စက်များကြောင့် ကိုအာလာ ဝက်ဝံအမြောက်အမြား သေဆုံးခဲ့တာကို လူအများ မြင်တွေ့ခဲ့တယ်လို့ ယင်းအဖွဲ့အစည်းက ပြောခဲ့ပါတယ်။
ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်ထားကြောင်း သဘာဝ ပတ်ဝန်းကျင် မြေ၊ ရေနဲ့ စီမံကိန်း ဦးစီးဌာနက ဆိုပါတယ်။ သြစတေးလျနိုင်ငံ တိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းကလည်း ယင်းရှားပါး တောတွင်းတိရိစ္ဆာန်တွေကို တတ်နိုင်သလောက် ကယ်ဆယ်စုဆောင်းဖို့ အသင်းအဖွဲ့တစ်ခုကို စေလွှတ်ခဲ့ကြောင်း ပြောဆိုပါတယ်။
သြစတေးလျမှာ မကြာသေးမီက အကြီးအကျယ်တောမီးလောင်ကျွမ်းမှုကြောင့် ကိုအာလာ ဝက်ဝံများစွာ သေဆုံးခဲ့ပြီးနောက် ယခုမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source - Akonthi

0 comments:

Post a Comment