Tuesday, February 18, 2020

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မ တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ကျင်းပပြုလုပ်

Image may contain: one or more people and indoor

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို မနေ့က နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် (၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့်တက်ရောက်လာကြသူများသည်ခန်းမအတွင်းပြသထားသော ဆေးပညာရပ်ဆိုင်ရာ သုတေသနပိုစတာများအား လှည့်လည်ကြည့်ရှု အားပေးရာ သုတေသီများမှ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များအား ဆက်လက် ကျင်းပရာ Symposium of the Conference အဖြစ် Medical Corps as a force Multiplier for Military Readiness တစ္ခု၊ Symposium များအဖြစ် Neuroscience in 21st Century Military Medicine: Bridging the Military Forces to Super Soldiers တစ်ခု၊ Art of Best Learning with Commonly Used Electronic Media in Children တစ်ခု၊ Present Problem of Multidrug Resistant Tuberculosis in Myanmar တစ်ခု၊ Facial Injuries in Modern Warfare: Management Perspective တစ်ခု၊ Update on Management of Chronic Rhinosiunsitis တစ်ခု၊ Combat Anaesthesia: The First 24 hours တစ်ခု နှင့် Special Talk လေးခုတို့အား ဆွေးနွေးကြသည်။
၎င်းင်းအပြင် သုတေသနစာတမ်းများ အဖြစ် Medicine (ဆေးပညာ)၊ Anesthesia, Anatomy (မေ့ဆေးပညာ၊ ခန္ဓာဗေဒပညာ)၊ Nursing (သူနာပြု ပညာ)၊ Dental၊ PMF (သွားရောဂါ၊ မျက်နှာ၊ မေးရိုးနှင့် အစား ထိုးပြုပြင်ခွဲစိတ်မှုပညာ) စုစုပေါင်းသုတေသန စာတမ်း ၁၆ စောင်တို့အား ပါဝင်ဖတ်ကြားတင်သွင်းခဲ့ကြသည်။
အဆိုပါ (၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ဆေးပညာကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
Image may contain: one or more people
သတင်းစဉ်
<zawgyi>
မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မ တော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ကျင်းပပြုလုပ်
Tuesday , February 18 , 2020

(၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို မနေ့က နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် (၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့်တက်ရောက်လာကြသူများသည်ခန်းမအတွင်းပြသထားသော ဆေးပညာရပ်ဆိုင်ရာ သုတေသနပိုစတာများအား လှည့်လည်ကြည့်ရှု အားပေးရာ သုတေသီများမှ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များအား ဆက်လက် ကျင်းပရာ Symposium of the Conference အဖြစ် Medical Corps as a force Multiplier for Military Readiness တစ္ခု၊ Symposium များအဖြစ် Neuroscience in 21st Century Military Medicine: Bridging the Military Forces to Super Soldiers တစ်ခု၊ Art of Best Learning with Commonly Used Electronic Media in Children တစ်ခု၊ Present Problem of Multidrug Resistant Tuberculosis in Myanmar တစ်ခု၊ Facial Injuries in Modern Warfare: Management Perspective တစ်ခု၊ Update on Management of Chronic Rhinosiunsitis တစ်ခု၊ Combat Anaesthesia: The First 24 hours တစ်ခု နှင့် Special Talk လေးခုတို့အား ဆွေးနွေးကြသည်။
၎င်းင်းအပြင် သုတေသနစာတမ်းများ အဖြစ် Medicine (ဆေးပညာ)၊ Anesthesia, Anatomy (မေ့ဆေးပညာ၊ ခန္ဓာဗေဒပညာ)၊ Nursing (သူနာပြု ပညာ)၊ Dental၊ PMF (သွားရောဂါ၊ မျက်နှာ၊ မေးရိုးနှင့် အစား ထိုးပြုပြင်ခွဲစိတ်မှုပညာ) စုစုပေါင်းသုတေသန စာတမ်း ၁၆ စောင်တို့အား ပါဝင်ဖတ်ကြားတင်သွင်းခဲ့ကြသည်။
အဆိုပါ (၂၇)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ဆေးပညာကို စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment