Tuesday, February 18, 2020

ကံမမြို့တွင် ပြုလုပ်လျက်ရှိသော နယ်လှည့် ဆေးကုသရေးအဖွဲ့၏ ဆေးဝါးကုသမှုများနှင့် ပြည်သူထူထုများထံသို့ တိုင်းမှူးနှင့်အဖွဲ့ လာရောက် အားပေးစကားပြော

Image may contain: 5 people, people sitting and indoor

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဒုတိယနေ့အဖြစ် ဆေးဝါးကုသမှုများ ပြုလုပ် လျက်ရှိသော တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် ပြည်သူ လူထုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ လာရောက်၍ အားပေးစကားများ ပြောကြား ခဲ့သည်။

ယင်းဆေးကုသရေးအဖွဲ့တွင် အထူးကု ပါရဂူဆရာဝန် (၂၈ ) ဦး ဦးစီးပြီး ဆရာဝန်အင်အား (၁၀၀) ကျော်ပါရှိကာ မျက်စိခွဲစိတ် ပါရဂူ၊ နား / နှာခေါင်း /လည်ချောင်း ပါရဂူ၊ သွားဘက်ဆိုင်ရာ ပါရဂူ၊ ကလေးအထူးကု ပါရဂူ၊ အရိုး / အကြော ပါရဂူ၊ ခွဲစိတ်ကုသ ပါရဂူ၊ သားဖွား မီးယပ် ပါရဂူ၊ အထွေထွေရောဂါကု ပါရဂူတို့ဖြင့် ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။
ထို့အပြင် အဆင့်မြင့် ခွဲစိတ်ခန်းယာဉ်၊ ဓာတ်မှန်ယာဉ်၊ ဓာတ်ခွဲခန်းယာဉ်၊ သွားဆေးခန်းယာဉ်တို့လည်း ပါရှိသည်။
ထိုကဲ့သို့ ပြည်သူထူထုများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သရက်ခရိုင်တပ်နယ်မှူးရုံးနှင့် ကံမမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးပိုက်ထွေးတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆေးဝါး ကုသရန်ကျန်ရှိနေသေးသည့် ပြည်သူများအတွက် ဆေးကုသရေး အဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ရက် နံနက်ပိုင်းအထိ သာသနာ့ဗိမာန်တွင် ထပ်မံတိုးမြှင့် ကုသပေးသွားမည်ဖြစ်သည်။
Image may contain: 5 people
Image may contain: 5 people, crowd
Image may contain: 10 people, people standing, wedding and outdoor
Image may contain: 7 people, people sitting, table and indoor
Image may contain: 2 people, people sitting, table and indoor
Image may contain: 3 people, people standing and indoor
Image may contain: 2 people, outdoor
Image may contain: 5 people, people sitting
Image may contain: 8 people
Image may contain: 1 person, hat
Image may contain: 1 person, child
<zawgyi>
ကံမမြို့တွင် ပြုလုပ်လျက်ရှိသော နယ်လှည့် ဆေးကုသရေးအဖွဲ့၏ ဆေးဝါးကုသမှုများနှင့် ပြည်သူထူထုများထံသို့ တိုင်းမှူးနှင့်အဖွဲ့ လာရောက် အားပေးစကားပြော
Tuesday , February 18 , 2020

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဒုတိယနေ့အဖြစ် ဆေးဝါးကုသမှုများ ပြုလုပ် လျက်ရှိသော တပ်မတော် နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် ပြည်သူ လူထုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ လာရောက်၍ အားပေးစကားများ ပြောကြား ခဲ့သည်။
ယင်းဆေးကုသရေးအဖွဲ့တွင် အထူးကု ပါရဂူဆရာဝန် (၂၈ ) ဦး ဦးစီးပြီး ဆရာဝန်အင်အား (၁၀၀) ကျော်ပါရှိကာ မျက်စိခွဲစိတ် ပါရဂူ၊ နား / နှာခေါင်း /လည်ချောင်း ပါရဂူ၊ သွားဘက်ဆိုင်ရာ ပါရဂူ၊ ကလေးအထူးကု ပါရဂူ၊ အရိုး / အကြော ပါရဂူ၊ ခွဲစိတ်ကုသ ပါရဂူ၊ သားဖွား မီးယပ် ပါရဂူ၊ အထွေထွေရောဂါကု ပါရဂူတို့ဖြင့် ကုသမှုများ ပြုလုပ်ပေးလျက်ရှိသည်။
ထို့အပြင် အဆင့်မြင့် ခွဲစိတ်ခန်းယာဉ်၊ ဓာတ်မှန်ယာဉ်၊ ဓာတ်ခွဲခန်းယာဉ်၊ သွားဆေးခန်းယာဉ်တို့လည်း ပါရှိသည်။
ထိုကဲ့သို့ ပြည်သူထူထုများ၏ ကျန်းမာရေးကို ကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ သရက်ခရိုင်တပ်နယ်မှူးရုံးနှင့် ကံမမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးပိုက်ထွေးတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆေးဝါး ကုသရန်ကျန်ရှိနေသေးသည့် ပြည်သူများအတွက် ဆေးကုသရေး အဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ရက် နံနက်ပိုင်းအထိ သာသနာ့ဗိမာန်တွင် ထပ်မံတိုးမြှင့် ကုသပေးသွားမည်ဖြစ်သည်။

0 comments:

Post a Comment