Monday, February 17, 2020

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

No photo description available.

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၆၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၁၇၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် စိုင်းရှဲန်ဝန်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀၀ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီမှ သတင်းရရှိသည်။
No photo description available.
No photo description available.
Image may contain: car

<zawgyi>
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
Tuesday , February 18 , 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာချီလိတ်မြို့နယ်တွင် ကတ်တမင်းများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၆၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀၀ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၁၇၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် စိုင်းရှဲန်ဝန်း၏နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀၀ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီမှ သတင်းရရှိသည်။

0 comments:

Post a Comment