လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးလုပ်ငန်းမှ စီနိုဟိုက်ဒရိုကုမ္ပဏီ ဒုတိယမန်နေဂျာ အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံမှ ဇန်နဝါရီ ၃၁ ရက် က ပြန်လာရာ ဒေသခံကုမ္ပဏီဝန်ထမ်းများက ဝင်ခွင့်မပြုရန် ကန့်ကွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အလုပ်မဆင်းခဲ့ပေ။ အသက်(၅၀)အရွယ်ခန့် ယင်းအမျိုးသားသည် တရုတ်နိုင်ငံမှ လောလောဆယ် ပြန်လာသူဖြစ်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမည်ကို ကုမ္ပဏီဝန်ထမ်းများက စိုးရိမ်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ ပြန်ရန်နှင့် မပြန်ပါက အလုပ်မဆင်းဘဲနေမည်ဟု ဖိအားပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် အန္တ ရာယ်ကို စိုးရိမ်ကာ လက်ပံ တောင်းတောင် ကြေးနီတူးဖော် ရေးလုပ်ငန်းခွင်အတွင်း မဝင်ရောက်ရန် လုပ်သားများက ကန့်ကွက်ခဲ့သော ကုမ္ပဏီအရာရှိ တရုတ်အမျိုးသားကို တရုတ်နိုင်ငံသို့ ပြန်လွှတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကပြောသည်။
‘‘တကယ်တော့ အဲဒီလူက ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအတွက် အ ဆင်ပြေအောင် စီစဉ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ပြန်သွားပါပြီ’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောကြား သည်။
တရုတ်နိုင်ငံသား အမှန်တကယ် ပြန်၊ မပြန် အမြဲမပြတ် စောင့်ကြည့်နေသည့် ဒေသခံ စီနိုဟိုက်ဒရိုကုမ္ပဏီ ဝန်ထမ်းတစ်ဦး က ‘‘ကုမ္ပဏီမှာနေရင် အလုပ်မဆင်းဘူးဆိုပြီး လုပ်ထားတာ။ အခုက တရုတ်ကို ပြန်သွားပြီ။ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီခွဲ လေယာဉ်နဲ့တင်ပေးလိုက် တာ’’ဟုဆိုသည်။
၎င်းကို မန္တလေးသို့ ကားဖြင့် မောင်းပို့ခဲ့သော ယာဉ်မောင်းတစ်ဦးကိုလည်း စီနိုဟိုက်ဒရို ကုမ္ပဏီဝင်းအတွင်း သီးခြားအ ဆောင်တွင်ထားကာ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေသည်ဟု ကုမ္ပဏီအခြေစိုက်ရာ ညောင်ပင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကပြောသည်။တရုတ်န ိုင်ငံသား ပြန်သွား ပြီဖြစ်၍ ကုမ္ပဏီဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်နေပြီဟု ဦးမြင့်ဝင်း က ပြောသည်။
Ref-7day #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ် အန္တ ရာယ်ကို စိုးရိမ်၍ လက်ပံတောင်းစီမံကိန်းမှ မှ တရုတ်အမျိုးသားကို တရုတ်နိုင်ငံသို့ ပြန်လည်စေလွှတ်
Monday , February 3 , 2020
လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး လုပ်ငန်းမှ စီနိုဟိုက်ဒရိုကုမ္ပဏီ ဒုတိယမန် နေဂျာ အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံမှ ဇန်နဝါရီ ၃၁ ရက် က ပြန်လာရာ ဒေသခံကုမ္ပဏီဝန်ထမ်းများက ဝင်ခွင့်မပြုရန် ကန့်ကွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အလုပ်မဆင်းခဲ့ပေ။ အသက်(၅၀)အရွယ်ခန့် ယင်းအမျိုးသားသည် တရုတ်နိုင်ငံမှ လောလောဆယ် ပြန်လာသူဖြစ်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမည်ကို ကုမ္ပဏီဝန်ထမ်းများက စိုးရိမ်ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ ပြန်ရန်နှင့် မပြန်ပါက အလုပ်မဆင်းဘဲနေမည်ဟု ဖိအားပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် အန္တ ရာယ်ကို စိုးရိမ်ကာ လက်ပံ တောင်းတောင် ကြေးနီတူးဖော် ရေးလုပ်ငန်းခွင်အတွင်း မဝင်ရောက်ရန် လုပ်သားများက ကန့်ကွက်ခဲ့သော ကုမ္ပဏီအရာရှိ တရုတ်အမျိုးသားကို တရုတ်နိုင်ငံသို့ ပြန်လွှတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကပြောသည်။
‘‘တကယ်တော့ အဲဒီလူက ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအတွက် အ ဆင်ပြေအောင် စီစဉ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ပြန်သွားပါပြီ’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောကြား သည်။
တရုတ်နိုင်ငံသား အမှန်တကယ် ပြန်၊ မပြန် အမြဲမပြတ် စောင့်ကြည့်နေသည့် ဒေသခံ စီနို ဟိုက်ဒရိုကုမ္ပဏီ ဝန်ထမ်းတစ်ဦး က ‘‘ကုမ္ပဏီမှာနေရင် အလုပ် မဆင်းဘူးဆိုပြီး လုပ်ထားတာ။ အခုက တရုတ်ကို ပြန်သွားပြီ။ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီခွဲ လေယာဉ်နဲ့တင်ပေးလိုက် တာ’’ဟုဆိုသည်။
၎င်းကို မန္တလေးသို့ ကား ဖြင့် မောင်းပို့ခဲ့သော ယာဉ်မောင်း တစ်ဦးကိုလည်း စီနိုဟိုက်ဒရို ကုမ္ပဏီဝင်းအတွင်း သီးခြားအ ဆောင်တွင်ထားကာ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေသည်ဟု ကုမ္ပဏီအခြေစိုက်ရာ ညောင်ပင်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကပြောသည်။တရုတ်န ိုင်ငံသား ပြန်သွား ပြီဖြစ်၍ ကုမ္ပဏီဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်နေပြီဟု ဦးမြင့်ဝင်း က ပြောသည်။
Ref-7day #Myanmar_Online_News
0 comments:
Post a Comment