၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်အမျိုးသား ၁ ဦးသည်
နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင်ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီး အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
>>Zawgyi<<
ဝေဘာဂီဆေးရုံတွင် ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်လူနာ တရုတ်လူမျိုး ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
Monday , February 3 , 2020
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်အမျိုးသား ၁ ဦးသည်
နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့် အညီ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိခဲ့ကာ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါ စောင့်ကြည့်လူနာ (person under investigation for 2019-nCoV pneumonia) အဖြစ် သတ်မှတ်ထားရှိသော တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ တရုတ်ပြည်သူ့သမ္မနိုင်ငံသား အမျိုးသားအား သီးခြားခန်းတွင်ဆက်လက်ကုသရန်မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
ထို့အပြင် ၎င်းနှင့် အတူ လေယာဉ်တစ်စီး အတူလိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးသည်လည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ရောဂါကူးစက်မှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုမှု (quarantine) ဆက်လက်စောင့်ကြည့်ရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါသည်။
#Myanmar_Online_News
0 comments:
Post a Comment