ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလျှက်ရှိကြောင်းနှင့် ၎င်းဗိုင်းရပ်စ်၏ အန္တရာယ်ကို ကမ႓္ဘာသို့ ပထမဆုံးသတိပေးခဲ့သူ တရုတ်ဆရာဝန်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းအား ကုပေးလျှက်ရှိသည့် ဆေးရုံက ပြောကြားသည်ဟု BBC က ယနေ့ရေးသားသည်။
ဒေါက်တာလီဝမ်လျန်သည် ဝူဟန်မြို့ဗဟိုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဒေါက်တာလီက ၎င်းကိုရိုနာဗိုင်းရပ်စ်အကြောင်းကို လုပ်ဖော်ကိုင်ဖက်များထံ ဖုန်းမက်ဆေ့ချ်နှင့် အွန်လိုင်းတို့မှသတိပေးခဲ့သည်။ ထိုအတွက် ရဲတပ်ဖွဲ့၏ ငြိုငြင်ခြင်းခံရပြီး သတင်းအမှားများ ဖြန့်ဝေနေခြင်းမှ ရပ်တန့်ရန် သတိပေးခြင်းခံရသည်။
သောကြာနေ့ နံနက်စောစောပိုင်းတွင် ဒေါက်တာလီသေဆုံးကြောင်း၊ မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာလီသည် ကိုရိုနာဗိုင်းရပ်စ်အား တွန်းလှန်တိုက်ဖျက်ရန် တာဝန်ထမ်းဆောင်စဉ် မမျှော်လင့်ပဲ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း ဝူဟန်ဆေးရုံက ပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့လျှက်ရှိသော တရုတ်နိုင်ငံတွင် ယနေ့နံနက်စောစောပိုင်းအထိ ၂၄ နာရီအတွင်း ၇၃-ဦး ထပ်မံသေဆုံးခြင်းဖြင့် ယမန်နေ့ သေဆုံးနှုန်းအတိုင်းပင် ဆက်လက်တည်ရှိနေသည်။ ပြည်မကြီး၌ သေဆုံး သူ စုစုပေါင်း ၆၃၈-ဦးဖြစ်လာကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံရဟု ထပ်မံအတည်ပြုနိုင်သူ ၃,၁၄၃ ရှိသဖြင့် နေ့စဉ်တွေ့ရှိဦးရေကျဆင်းခြင်း ဒုတိယမြောက်နေ့ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ( NHC ) သတင်းထုတ်ပြန်သည်ဟု South Chian Morning Post က ယနေ့ရေးသားသည်။
နိုင်ငံပေါင်း ၃၀ ဝန်းကျင်တွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူဦးရေမှာ ၃၁,၃၈၈-ဦး ရှိပြီး၊ တရုတ် တစ်နိုင်ငံတည်း၌ ၃၁,၁၂၂-ဦး ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသည်။ ၁-ရက်အတွင်း ကုသပျောက်ကင်းသူ ၃၄၀ -ဦး တိုးလာပြီး စုစုပေါင်း ၁,၅၄၃-ဦး ကို အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း အချိန်နှင့်တစ်ပြေးညီစစ်တမ်း ကောက်ယူလျှက်ရှိသည့် Johns Hopkins’ Corona Virus 2019 n-CoV Global Cases အရ သိရှိရသည် ။

Source : BBC
Crd : HtayOung / OungMarine #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အကြောင်း ကမ႓္ဘာသို့ ပထမဆုံးသတိပေးသူ ဆရာဝန်၊ ဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းရင်း သေဆုံး၊ ၂၄ နာရီအတွင်း ၇၃-ဦး ထပ်မံသေဆုံးခြင်းဖြင့် စုစုပေါင်း ၆၃၇-ဦးအသက်ဆုံးရှုံးခဲ့
Friday , February 7 , 2020
ကြောက်မက်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလျှက်ရှိကြောင်းနှင့် ၎င်းဗိုင်းရပ်စ်၏ အန္တရာယ်ကို ကမ႓္ဘာသို့ ပထမဆုံးသတိပေးခဲ့သူ တရုတ်ဆရာဝန်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းအား ကုပေးလျှက်ရှိသည့် ဆေးရုံက ပြောကြားသည်ဟု BBC က ယနေ့ရေးသားသည်။
ဒေါက်တာလီဝမ်လျန်သည် ဝူဟန်မြို့ဗဟိုဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဒေါက်တာလီက ၎င်းကိုရိုနာဗိုင်းရပ်စ်အကြောင်းကို လုပ်ဖော်ကိုင်ဖက်များထံ ဖုန်းမက်ဆေ့ချ်နှင့် အွန်လိုင်းတို့မှသတိပေးခဲ့သည်။ ထိုအတွက် ရဲတပ်ဖွဲ့၏ ငြိုငြင်ခြင်းခံရပြီး သတင်းအမှားများ ဖြန့်ဝေနေခြင်းမှ ရပ်တန့်ရန် သတိပေးခြင်းခံရသည်။
သောကြာနေ့ နံနက်စောစောပိုင်းတွင် ဒေါက်တာလီသေဆုံးကြောင်း၊ မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာလီသည် ကိုရိုနာဗိုင်းရပ်စ်အား တွန်းလှန်တိုက်ဖျက်ရန် တာဝန်ထမ်းဆောင်စဉ် မမျှော်လင့်ပဲ ရောဂါကူးစက်ခံရခြင်းဖြစ်ကြောင်း ဝူဟန်ဆေးရုံက ပြောဆိုသည်ဟု CNN က ယနေ့ရေးသားသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့လျှက်ရှိသော တရုတ်နိုင်ငံတွင် ယနေ့နံနက်စောစောပိုင်းအထိ ၂၄ နာရီအတွင်း ၇၃-ဦး ထပ်မံသေဆုံးခြင်းဖြင့် ယမန်နေ့ သေဆုံးနှုန်းအတိုင်းပင် ဆက်လက်တည်ရှိနေသည်။ ပြည်မကြီး၌ သေဆုံး သူ စုစုပေါင်း ၆၃၈-ဦးဖြစ်လာကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံရဟု ထပ်မံအတည်ပြုနိုင်သူ ၃,၁၄၃ ရှိသဖြင့် နေ့စဉ်တွေ့ရှိဦးရေကျဆင်းခြင်း ဒုတိယမြောက်နေ့ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် ( NHC ) သတင်းထုတ်ပြန်သည်ဟု South Chian Morning Post က ယနေ့ရေးသားသည်။
နိုင်ငံပေါင်း ၃၀ ဝန်းကျင်တွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူဦးရေမှာ ၃၁,၃၈၈-ဦး ရှိပြီး၊ တရုတ် တစ်နိုင်ငံတည်း၌ ၃၁,၁၂၂-ဦး ဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသည်။ ၁-ရက်အတွင်း ကုသပျောက်ကင်းသူ ၃၄၀ -ဦး တိုးလာပြီး စုစုပေါင်း ၁,၅၄၃-ဦး ကို အောင်မြင်စွာကုသပေးနိုင်ခဲ့ကြောင်း အချိန်နှင့်တစ်ပြေးညီစစ်တမ်း ကောက်ယူလျှက်ရှိသည့် Johns Hopkins’ Corona Virus 2019 n-CoV Global Cases အရ သိရှိရသည် ။
Source : BBC
Crd : HtayOung / OungMarine #Myanmar_Online_News

0 comments:
Post a Comment