လက်ရှိအချိန်သည် စည်းလုံးညီညွတ်မှု အရေးတကြီးလိုအပ်နေချိန်ဖြစ် သောကြောင့် အစိုးရအကြီးအကဲတစ်ဦး အနေဖြင့် မိမိစကားကို လက်လွတ်စပယ်မပြောသင့်သလို ကိုယ်ယူထားသည့်တာဝန်နှင့် ကိုယ်ပြောနေသော စကားသည် မထိုက်တန်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန် ကြီး သူရဦးအောင်ကို မရှိသင့်တော့ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
“အစိုးရအဖွဲ့အကြီးအကဲတစ်ယော က်က ပြောမယ့်စကားလုံးတွေကို လက်လွတ်စပယ်တော့ မပြောသင့်ဘူး ပေါ့နော်။ မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံအခြေခံဥပဒေအရကို က ပြည်သူရွေးချယ်တင်မြှောက်တဲ ့ ကိုယ်စားလှယ် တွေကနေမှ အစိုးရကို ဖွဲ့စည်းထားပေးတာလေ။ ဖွဲ့စည်းပုံကို သေချာကြည့်မယ်ဆိုရင်လည်း ပြည်ထောင်စု ဝန်ကြီးအားလုံးဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံတာလေ။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အားလုံးကလည်း နိုင်ငံတော်သမ္မတကိုပဲ တာဝန်ခံတာလေ။ နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့မှာ နိုင်ငံ့အကြီးအကဲ၊ အစိုးရ အကြီးအကဲ ဖြစ်တယ်လေ။ ပြည်သူအားလုံးရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ အစိုးရအကြီးအကဲတစ်ယောက်က ဒီလိုစကားတွေကို ဦးနှောက်နဲ့ချင့်ချိန် စဉ်းစားပြီးတော့ ပြောသင့်တယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင ့်ဖွံ့ဖြိုး ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာ-မွတ်စလင်များ ဘာသာရေးအဖွဲ့ချုပ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်ခဲ့သော အခမ်း အနားတစ်ခု၌ တရားခံပြေးများကို အစိုးရအနေဖြင့် ဖမ်းခိုင်းထားပြီး ထိုသူများကို ပြည်ထဲရေးမှ ဖမ်းမပေးခြင်း သည် အဆိုပါဝန်ကြီးဌာနမှာ အစိုးရအဖွဲ့လက်အောက်၌ မရှိခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယာဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင ့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ အဓိကမဖွံ့ဖြိုးမတိုးတက်၊ နောက်ကျကျန်နေရတဲ့ အဓိကအကြောင်း အရင်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ မညီညွတ်တာပေါ့။ မညီညွတ်တဲ့အတွက် ဒီဒဏ်ကို ပြည်သူလူထုက တောက် လျှောက်ခံလာရတာလေ။ ဆိုတော့ အခုလိုအချိန်မျိုးမှာ စည်းလုံးညီညွတ်မှု အရေးတကြီးလိုအပ်နေတဲ့အချိန် မျိုးမှာ အချင်းချင်းသံသယဖြစ်ဖို့၊ ဖြစ်နိုင်တဲ့၊ အုပ်စုခွဲသွားနိုင်တဲ့ အပြုအမူအ ပြောအဆိုမျိုးကို ဒီလိုတာဝန်ရှိပုဂ္ဂိုလ်တွေက ပိုပြီးတော့တောင်မှ ထိန်းသိမ်းစဉ်းစားပြီးတော့ ပြောသင့်တယ်။ ဒီ တော့ မဟုတ်တဲ့ဟာကိစ္စတွေ ကို အလွယ်တကူဒီလိုလက် လွတ်စပယ် ပြောတဲ့ကိစ္စမျိုးက ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ ကိုယ်ယူထားတဲ့တာဝန်နဲ့ ကိုယ်ပြောနေတဲ့အလုပ်နဲ့က မထိုက်တန်ဘူးလို့ပဲ ပြောရမှာပေါ့။ အမှန် တော့ ဒီလိုနေရာမျိုးမှာ ဒီလိုလူမျိုးတွေ မရှိသင့်တော့ဘူးလို့ပဲ ကျွန်တော်တို့က မြင်တာပေါ့။ တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုချက်များသည် ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ပြောဆို သွားသည့် အတွက် ဖြေရှင်းအရေးယူပေးရန် အစိုးရထံ တင်ပြတောင်းဆိုကြောင်း ဖေဖော်ဝါရီလ ၃ ရက်က နေ ပြည်တော်ရှိ တပ်မ တော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွ ဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မ ှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန် းကလည်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ယင်းကိစ္စနှင့်ပတ်သက်၍ “ပြည်ထဲရေး ဟာ အစိုးရလက် အောက်ခံ မဟုတ်ဘူးဆိုပြီး ပြောလို့မရဘူးလေ။ အစိုးရလက်အောက်ခံ ဝန်ကြီး ဌာနပဲလေ။ တရားခံပြေးတွေကို မိတာမမိတာကတော့ အကြောင်းအမျိုးမျိုးရှိတာပေ ါ့ဗျာ။ အစိုးရကို ပြည်ထဲရေး ဌာနက အာခံဆိုရင်တော့ အာခံတဲ့ဝန်ကြီးကို ဖြုတ်ဖြစ်လိုက်ပေါ့။ အစိုးရမှာ ဖြုတ်နိုင်ခွင့်ရှိတာပဲ” ဟု ပြောသည်။
တာဝန်ကြီးယူထားသည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ ပြောစကားများကို သတိထားပြောဆိုရမည်ဖြစ်ပြီး ယခု ကိစ္စသည် အုပ်ချုပ်ရေးနှင့်သက်ဆိုင်သ ော ကိစ်စဖွစျသောကွောငျ့ ယငျးအုပျခြုပျရေးမှ မညျသို့ဆုံးဖွတျမလဲဆို သညျကို သိရှိရပွီးမှ မှတျခကြျပေးနိုငျမညျဖွစျကွေ ာင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
Ref ; Tomorrow News Journal
<zawgyi>
စည်းလုံးညီညွတ်မှု အရေးတကြီးလိုအပ်နေချိန်တွင် ကိုယ်ယူထားသည့်တာဝန်နှင့် ကိုယ်ပြောနေသောစကား မထိုက်တန်သဖြင့် လက်ရှိ သာ/ယဉ်ဝန်ကြီး မရှိသင့်တော့ဟုဆို
Tuesday , February 4 , 2020
လက်ရှိအချိန်သည် စည်းလုံးညီညွတ်မှု အရေးတကြီးလိုအပ်နေချိန်ဖြစ် သောကြောင့် အစိုးရအကြီးအကဲတစ်ဦး အနေဖြင့် မိမိစကားကို လက်လွတ်စပယ်မပြောသင့်သလို ကိုယ်ယူထားသည့်တာဝန်နှင့် ကိုယ်ပြောနေသော စကားသည် မထိုက်တန်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ြ ကီး သူရဦးအောင်ကို မရှိသင့်တော့ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
“အစိုးရအဖွဲ့အကြီးအကဲတစ်ယော က်က ပြောမယ့်စကားလုံးတွေကို လက်လွတ်စပယ်တော့ မပြောသင့်ဘူး ပေါ့နော်။ မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံအခြေခံဥပဒေအရကို က ပြည်သူရွေးချယ်တင်မြှောက်တဲ ့ ကိုယ်စားလှယ် တွေကနေမှ အစိုးရကို ဖွဲ့စည်းထားပေးတာလေ။ ဖွဲ့စည်းပုံကို သေချာကြည့်မယ်ဆိုရင်လည်း ပြည်ထောင်စု ဝန်ကြီးအားလုံးဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံတာလေ။ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အားလုံးကလည်း နိုင်ငံတော်သမ္မတကိုပဲ တာဝန်ခံတာလေ။ နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့မှာ နိုင်ငံ့အကြီးအကဲ၊ အစိုးရ အကြီးအကဲ ဖြစ်တယ်လေ။ ပြည်သူအားလုံးရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ အစိုးရအကြီးအကဲတစ်ယောက်က ဒီလိုစကားတွေကို ဦးနှောက်နဲ့ချင့်ချိန် စဉ်းစားပြီးတော့ ပြောသင့်တယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင ့်ဖွံ့ဖြိုး ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာ-မွတ်စလင်များ ဘာသာရေးအဖွဲ့ချုပ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလက ပြုလုပ်ခဲ့သော အခမ်း အနားတစ်ခု၌ တရားခံပြေးများကို အစိုးရအနေဖြင့် ဖမ်းခိုင်းထားပြီး ထိုသူများကို ပြည်ထဲရေးမှ ဖမ်းမပေးခြင်း သည် အဆိုပါဝန်ကြီးဌာနမှာ အစိုးရအဖွဲ့လက်အောက်၌ မရှိခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယာဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင ့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ အဓိကမဖွံ့ဖြိုးမတိုးတက်၊ နောက်ကျကျန်နေရတဲ့ အဓိကအကြောင်း အရင်းက နိုင်ငံရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ မညီညွတ်တာပေါ့။ မညီညွတ်တဲ့အတွက် ဒီဒဏ်ကို ပြည်သူလူထုက တောက် လျှောက်ခံလာရတာလေ။ ဆိုတော့ အခုလိုအချိန်မျိုးမှာ စည်းလုံးညီညွတ်မှု အရေးတကြီးလိုအပ်နေတဲ့အချိန် မျိုးမှာ အချင်းချင်းသံသယဖြစ်ဖို့၊ ဖြစ်နိုင်တဲ့၊ အုပ်စုခွဲသွားနိုင်တဲ့ အပြုအမူအ ပြောအဆိုမျိုးကို ဒီလိုတာဝန်ရှိပုဂ္ဂိုလ်တွေက ပိုပြီးတော့တောင်မှ ထိန်းသိမ်းစဉ်းစားပြီးတော့ ပြောသင့်တယ်။ ဒီ တော့ မဟုတ်တဲ့ဟာကိစ္စတွေ ကို အလွယ်တကူဒီလိုလက် လွတ်စပယ် ပြောတဲ့ကိစ္စမျိုးက ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ ကိုယ်ယူထားတဲ့တာဝန်နဲ့ ကိုယ်ပြောနေတဲ့အလုပ်နဲ့က မထိုက်တန်ဘူးလို့ပဲ ပြောရမှာပေါ့။ အမှန် တော့ ဒီလိုနေရာမျိုးမှာ ဒီလိုလူမျိုးတွေ မရှိသင့်တော့ဘူးလို့ပဲ ကျွန်တော်တို့က မြင်တာပေါ့။ တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုချက်များသည် ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ပြောဆို သွားသည့် အတွက် ဖြေရှင်းအရေးယူပေးရန် အစိုးရထံ တင်ပြတောင်းဆိုကြောင်း ဖေဖော်ဝါရီလ ၃ ရက်က နေ ပြည်တော်ရှိ တပ်မ တော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွ ဲတွင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မ ှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကလည်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဥက္ကဋ္ဌဦးခင်မောင်ဆွေက ယင်းကိစ္စနှင့်ပတ်သက်၍ “ပြည်ထဲရေး ဟာ အစိုးရလက် အောက်ခံ မဟုတ်ဘူးဆိုပြီး ပြောလို့မရဘူးလေ။ အစိုးရလက်အောက်ခံ ဝန်ကြီး ဌာနပဲလေ။ တရားခံပြေးတွေကို မိတာမမိတာကတော့ အကြောင်းအမျိုးမျိုးရှိတာပေ ါ့ဗျာ။ အစိုးရကို ပြည်ထဲရေး ဌာနက အာခံဆိုရင်တော့ အာခံတဲ့ဝန်ကြီးကို ဖြုတ်ဖြစ်လိုက်ပေါ့။ အစိုးရမှာ ဖြုတ်နိုင်ခွင့်ရှိတာပဲ” ဟု ပြောသည်။
တာဝန်ကြီးယူထားသည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ ပြောစကားများကို သတိထားပြောဆိုရမည်ဖြစ်ပြီး ယခု ကိစ္စသည် အုပ်ချုပ်ရေးနှင့်သက်ဆိုင်ေ သာ ကိစ္စဖြစ်သောကြောင့် ယင်းအုပ်ချုပ်ရေးမှ မည်သို့ဆုံးဖြတ်မလဲဆို သည်ကို သိရှိရပြီးမှ မှတ်ချက်ပေးနိုင်မည်ဖြစ်ကြေ ာင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
Ref ; Tomorrow News Journal
0 comments:
Post a Comment