Monday, February 3, 2020

စာမေးပွဲကာလ ပြန်လည်ပြောင်းရွှေ့ပေးခြင်းသည် ပြည်သူများအားလုံး လမ်းမပေါ် ထွက်လာနိုင်သည့် အခြေအနေကြာင့် ဟု ဝေဖန်

Image may contain: 2 people, people standing and outdoor

အခြေခံပညာကျောင်းသား/သူများ၏စာမေးပွဲကာလကို တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်မီသို့ ပြန်လည်ရွှေ့ဆိုင်းပေးခြင်းသည် ပြည်သူအားလုံးလမ်းပေါ်ထွက်ခါနီးအခြေနေကြောင့်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂဥက္ကဋ္ဌဦးလှိုင်တင့်က ဝေဖန်လိုက်သည်။

အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး၌ (J -ဆောင်)တွင် ယနေ့(ဖေဖော်ဝါရီလ ၃ ရက်)က ပညာရေးပြည်ထောင်စုဝန်ကြီး၊ အဖွဲ့နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးပြီးနောက် အခြေခံပညာအခြားအတန်းများကို မတ်လ (၄)ရက်နေ့မှ (၁၀)ရက်အတွင်း၊ တက္ကသိုလ်ဝင်စာမေးပွဲမကျင်းပမီ ကျင်းပရန်လက်ခံသဘောတူခဲ့သည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေမတိုင်ခင် အခြေခံပညာကျောင်းသားတွေကိုစာမေးပွဲဖြေဆိုဖို့အတွက် ဒီကနေ့လွှတ်တော်မှာဝန်ကြီးကလက်ခံပေးလိုက်တာပါ။ အရင်တုန်းကတက္ကသိုလ်ဝင်တန်းတွေပြီးမှ အခြေခံပညာကျောင်းသားတွေစာမေးပွဲဖြေဆိုရမှာလေ။ အခုတော့ဝန်ကြီးကလက်ခံအလျှော့ပေးလိုက်တာပါ။ အစကတည်းကဒီဟာကိုပြင်ဆင်ပေးရမယ်ဆိုတာကိုသိရဲ့သားနဲ့ ဝန်ကြီးဌာနကဒါကိုခေါင်းမာမာနဲ့ဆက်လုပ်။ ပြီးတော့နောက်ဆုံးအဆင့်ကျမှ အားလုံးလမ်းပေါ်ထွက်ခါနီးကျမှဒါကိုလက်ခံပေးတယ်လုပ်တာကကျတော့ ဒါတော်တော်ကိုလက်လွတ်စပယ်နိုင်လွန်းတယ်လို့ ထင်တယ်” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂဥက္ကဋ္ဌ ဦးလှိုင်တင့်က ပြောသည်။
ပုံမှန်အားဖြင့် အခြေခံပညာကျောင်းသား/သူများ၏ စာမေးပွဲများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်မီ ဖေဖော်ဝါရီလအတွင်းအပြီးကျင်းပလေ့ရှိသော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီးမှသာ အခြေခံပညာစာမေးပွဲများဖြေဆိုရမည်ဟု ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
မိဘများအဆင်ပြေစေရေးအတွက် အခြေခံပညာစာမေးပွဲများကိုနောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပျဉ်းမနားမြို့နယ်အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်ကကျင်းပသည့်ဆွေးနွေးပွဲအပြီး၌ မီဒီယာများထံ ဖြေကြားခဲ့သေးသည်။
အဆိုပါအခြေခံပညာစာမေးပွဲကာလပြင်ဆင်နောက်ဆုတ်ခြင်းကို ပြန်လည်ဖျက်သိမ်းပေးရန် ကျောင်းသားသမဂ္ဂအသီးသီးနှင့် ဆရာ/ဆရာမများသမဂ္ဂများကဆန္ဒထုတ်ဖော်မှုများသည့်အပြင် ပြည်သူလူထုထံမှ စစ်တမ်းကောက်ယူမှုများ၊ဖဲကြိုးစိမ်းလှုပ်ရှားမှုအပါအဝင် အခြားသောလှုပ်ရှားမှုများကို ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီ၊အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့ပူးပေါင်းကာ ဇန်နဝါရီ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ၁၀ ရက်တာပြုလုပ်ခဲ့သည်။

“ အရင်ကျောင်းအပ်ကတည်းကရှိပြီးသားပါ၊ ဇွန်လကနေမတ်လအထိဆိုတာ။ ဒါပေမဲ့ကျောင်းသားတွေ မိဘတွေဆရာတွေဘက်ကမကိုက်ညီတဲ့အတွက်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တင်ပြချက်အရ ဝန်ကြီးက ၈ တန်းကျောင်းသားတွေစာမေးပွဲအပြီး၊ ဆယ်တန်းကျောင်းသားတွေစာမေးပွဲမဖြေခင်ရက်မှာ ပြောင်းလဲလိုက်တာပါ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားနေချိန် ကျောင်းသားအချို့က မတ်တတ်ရပ်ပြီးစာရွက်ကိုင်ဆောင်ဆန္ဒဖော်ထုတ်မှုများလည်း ရှိခဲ့သည်။
Image may contain: 5 people, people standing, crowd, tree and outdoor
Image may contain: 2 people, people standing and outdoor
Source - Akonthi
<zawgyi>
စာမေးပွဲကာလ ပြန်လည်ပြောင်းရွှေ့ပေးခြင်းသည် ပြည်သူများအားလုံး လမ်းမပေါ် ထွက်လာနိုင်သည့် အခြေအနေကြာင့် ဟု ဝေဖန်
Tuesday , February 4 , 2020

0 comments:

Post a Comment