Diamond Princess ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သင့်သူ နောက်ထပ် ၄၁ ဦးကို စစ်ဆေးတွေ့ရှိတယ်လို့ ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့(ဖေဖေါ်ဝါရီ ၆)က ပြောပါတယ်။
ဒီ ၄၁ ယောက်အပါအဝင် သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြူလူနာ ၆၁ ဦးရှိပြီလို့လဲ ဝန်ကြီး ကတ်စုနိုဘိုကာတိုကပြောပါတယ်။
အဲဒီသင်္ဘောကြီးကိုစီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦး ဇန်နဝါရီလအတွင်းက ဟောင်ကောင်ဆိပ်ကမ်းမှာ ဆင်းသွားခဲ့ပြီး၊ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်ပေါ်ပေါက်ပြီးတဲ့နောက် Diamond Princess သင်္ဘောကြီးပေါ်က ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ်သင့်/မသင့် စစ်ဆေးရာမှာ လက်ရှိအချိန်ထိဆိုရင် ခရီးသည် ၂၇၃ဦးကို စစ်ဆေးပြီးပါပြီ။
”အခု အတည်ပြုပြီးတဲ့ လူနာတွေကို ဒီနေ့(ကြာသပတေး)မှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဒေသဆေးရုံတွေကိုပို့မှာပါ။ အဲဒီအတွက် ကျွန်တော်တို့ပြင်ဆင်နေကြပါပြီ။ စုစုပေါင်း ဓာတ်ခွဲ နမူနာ ၂၇၃ ခုကို စစ်ဆေးရာမှာ ၆၁ ခုဟာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း သိရတာပါ”လို့လဲ ဝန်ကြီးကပြောပါတယ်။
အဲဒီသင်္ဘောကြီးပေါ်မှာ ခရီးသည် ၃၇၀၀ ကျော်နဲ့ သင်္ဘောအမှုထမ်းတွေပါရှိကြပြီး အခုအချိန်မှာတော့ သင်္ဘောကြီးကို ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။ သင်္ဘောကြီးရော သင်္ဘောပေါ်က ခရီးသည်တွေရောဟာ အဲဒီဆိပ်ကမ်းမှာပဲ ဖေဖေါ်ဝါရီ ၁၉ ရက်အထိ သီးသန့်နေကြရမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်သင့်ကြောင်း စောစောပိုင်းက တွေ့ရှိထားတဲ့ ခရီးသည် ၂၀ ကိုတော့ သက်ဆိုင်ရာဆေးရုံတွေကိုပို့ပြီးကြောင်းသိရပါတယ်။

Source: AFP/ad Ref : Popular
>>Zawgyi<<
ဇိမ်ခံသင်္ဘောကြီးDiamond Princess ပေါ်မှ ခရီးသည်များအနက် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ ၆၁ ဦး လက်ရှိအချိန်အထိတွေ့ရှိထားကာ ဆက်လက်စစ်ဆေးနေဆဲဖြစ်
Friday , February 7 , 2020
Diamond Princess ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သင့်သူ နောက်ထပ် ၄၁ ဦးကို စစ်ဆေးတွေ့ရှိတယ်လို့ ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့(ဖေဖေါ်ဝါရီ ၆)ကပြောပါတယ်။
ဒီ ၄၁ ယောက်အပါအဝင် သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြူလူနာ ၆၁ ဦးရှိပြီလို့လဲ ဝန်ကြီး ကတ်စုနိုဘိုကာတိုကပြောပါတယ်။
အဲဒီသင်္ဘောကြီးကိုစီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တစ်ဦး ဇန်နဝါရီလအတွင်းက ဟောင်ကောင်ဆိပ်ကမ်းမှာ ဆင်းသွားခဲ့ပြီး၊ သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း ဟောင်ကောင်တာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်ပေါ်ပေါက်ပြီးတဲ့နောက် Diamond Princess သင်္ဘောကြီးပေါ်က ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ်သင့်/မသင့် စစ်ဆေးရာမှာ လက်ရှိအချိန်ထိဆိုရင် ခရီးသည် ၂၇၃ဦးကို စစ်ဆေးပြီးပါပြီ။
”အခု အတည်ပြုပြီးတဲ့ လူနာတွေကို ဒီနေ့(ကြာသပတေး)မှာ သူတို့နဲ့ သက်ဆိုင်တဲ့ ဒေသဆေးရုံတွေကိုပို့မှာပါ။ အဲဒီအတွက် ကျွန်တော်တို့ပြင်ဆင်နေကြပါပြီ။ စုစုပေါင်း ဓာတ်ခွဲ နမူနာ ၂၇၃ ခုကို စစ်ဆေးရာမှာ ၆၁ ခုဟာ ကိုရိုနာဗိုင်းရပ်စ်သင့်နေကြောင်း သိရတာပါ”လို့လဲ ဝန်ကြီးကပြောပါတယ်။
အဲဒီသင်္ဘောကြီးပေါ်မှာ ခရီးသည် ၃၇၀၀ ကျော်နဲ့ သင်္ဘောအမှုထမ်းတွေပါရှိကြပြီး အခုအချိန်မှာတော့ သင်္ဘောကြီးကို ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။ သင်္ဘောကြီးရော သင်္ဘောပေါ်က ခရီးသည်တွေရောဟာ အဲဒီဆိပ်ကမ်းမှာပဲ ဖေဖေါ်ဝါရီ ၁၉ ရက်အထိ သီးသန့်နေကြရမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်သင့်ကြောင်း စောစောပိုင်းက တွေ့ရှိထားတဲ့ ခရီးသည် ၂၀ ကိုတော့ သက်ဆိုင်ရာဆေးရုံတွေကိုပို့ပြီးကြောင်းသိရပါတယ်။
Source: AFP/ad Ref : Popular

0 comments:
Post a Comment