Friday, April 13, 2018

ဘင်္ဂလီအများအပြားသင်္ကြန်ပွဲတော်ကိုမှီ၍မင်းလှနယ်သို့ဝင်ရောက်လာနိုင်သည့်သတင်းများဖြစ်ပေါ်နေ


မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်တွင် သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနေစဉ်ကာလအတွင်း အခွင့်ကောင်းယူ၍ တရားမဝင်ဘင်္ဂါလီများဝင်ရောက်လာနိုင်သည်ဆိုသည့် သတင်းများဖြစ်ပေါ်နေခြင်းအပါအဝင် ၎င်းတို့နှင့်အတူAAအကြမ်းဖက်သောင်းကြမ်းသူများပါရောနှော၍ဝင်ရောက်လာနိုင်သည့်သတင်းများဖြစ်ပေါ်လျှက်ရှိနေသည်ဟုသိရသည်။

သတင်းများဖြစ်ပေါ်နေခြင်းနှင့်အညီ ဧပြီလ ၁၁ရက်နေ့နံနက် ၂နာရီအချိန်မှစတင်၍မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးထင်အောင်လင်းမှ၎င်း၏ကြီးကြပ်မှူဖြင့်မင်းလှမြို့နယ်အတွင်းသို့ ဝင်ပေါက်ထွက်ပေါက် မှန်သမျှကိုပိတ်ဆို့ရှာဖွေစစ်ဆေးမှူများ လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

မင်းလှမြို့နယ်တွင်း ပုသိမ်-မုံရွာကားလမ်းမပေါ်ရှိ ကန်တုတ်ကျေးရွာ လမ်းဆုံတွင်ရေနံမနယ်မြေရဲစခန်းမှေ ခတ္တနယ်မြေစခန်းမှူးရဲအုပ်သက်နိုင်ဦးမှဦးစီး၍ တပ်ဖွဲ့ဝင်များအပါအဝင်(သတရ)မှနယ်မြေတာဝန်ခံ
ဒုရဲအုပ်ကံဝင်းနှင့်(စရဖ)မှနယ်မြေတာဝန်ခံတပ်ကြပ်ကြီးစိုးမင်းအေးတို့မှလည်းကောင်း/မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာလမ်းပေါက်တွင်ဒုရဲအုပ်အောင်လှိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်များမှလည်းကောင်း/မင်းလှမြို့နယ်
ချင်းကုန်းကျေးရွာလမ်းပေါက်တွင် ရွှေချောင်းရဲကင်းမှူးဒုရဲအုပ်တင်အောင်စန်းနှင့်တပ်ဖွဲ့ဝင်များနှင့်မင်းလှမြို့နယ်လက်ပံတံခါးကျေးရွာလမ်းခွဲယုဇနလမ်းပေါက်တွင် လက်ပံတံခါးရဲကင်းစခန်းမှုး ရဲအုပ်မြင့်ဇော်ဦးနှင့် အဖွဲ့ဝင်များစသဖြင့်အသီသီးပိတ်ဆို့ရှာဖွေစစ်ဆေးမှူများဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

"သတင်းတွေဖြစ်ပေါ်နေတာကတော့ဟုတ်ပါတယ်၊ ဒါပေမဲ့ သတင်းတိုင်းဟာတိကျမှူရှိသည်ဖြစ်စေ မတိကျသည်ဖြစ်စေ သေချာသည်ဖြစ်စေ မသေချာသည်ဖြစ် ကျွန်တော်တို့အနေနဲ့အမြဲအတည်ပြုပိတ်ဆို့ရှာဖွေစစ်ဆေးဆောင်ရွက်မှူတွေလုပ်ဆောင်နေရမှာပါ"ဟုမင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းမှဧပြီလ ၁၃ရက်နေ့ကပြောသည်။

"ယနေ့အထိ ကျွန်တော်တို့မြို့နယ်ရဲတပ်ဖွဲ့အနေနဲ့မင်းလှမြို့နယ်ကို ဘင်္ဂါလီတွေစိမ့်ဝင်လာစေနိုင်တဲ့လမ်းကြောင်းတိုင်းကို အဖွဲ့ဝင်များနဲ့ပိတ်ဆို့ရှာဖွေစစ်ဆေးမှူတွေပြုလုပ်နေဆဲဖြစ်ပါတယ်"ဟု၎င်းမှထပ်မံပြောကြားသည်။

ယနေ့ မကွေးတိုင်းဒေသကြီးမင်းလှမြို့နယ်တွင်ဘင်္ဂါလီဝင်ရောက်မှူမရှိစေရေးကန်တုတ်ကျေးရွာလမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးရှာဖွေမှူလုပ်ဆောင်ရာတွင်မှူခင်းကျဆင်းရေးအသိပညာပေးလက်ကမ်းစာစောင်များကိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းကိုယ်တိုင် ပုသိမ်-မုံရွာကားလမ်းမပေါ်ဖြတ်သန်းသွားလာကြသည့်ယာဉ်များအားရပ်တန့်စေကာရှာဖွေစစ်ဆေးရင်းလက်ကမ်းစာစောင်များအား ဖြန့်ဝေပေး ခဲ့သည်ဟုသိရသည်။





သက်နောင်-မင်းလှ (အကုန်သိသတင်းဌာန)

0 comments:

Post a Comment