Friday, April 13, 2018

မြန်မာ့အာမခံအသင်းကို အာဆီယံအာမခံအသင်းဝင်နိုင်ငံဖြစ်ရန် လျှောက်ထားခဲ့ပြီးပြီဟု ဆို


မြန်မာ့အာမခံအသင်းကို အာဆီယံအာမခံအသင်းဝင်(AIC - Asia Institution Council) နိုင်ငံဖြစ်ရန် ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်အတွင်း လျှောက်ထားခဲ့ကြောင်း သိရသည်။ 

မြန်မာ့အာမခံလောကအတွင်း အာမခံပညာရပ်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ ရှားပါးသည့် အခက်အခဲများ ကြုံ့တွေနေရသည့်အတွက် ပြည်တွင်းအာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန် နိုင်ငံတကာမှ အာမခံပညာ လေ့လာနိုင်ရန်၊ အာမခံဆိုင်ရာသတင်းအချက်အလက်များ မျှဝေနိုင်ရန်နှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များဖြင့် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ 

“အာဆီယံအသင်းချုပ်ကြီးပေါ့။ အသင်းဝင်ဖို့ လျှောက်လိုက်ပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လျှောက်လိုက်တာ။ အာဆီယံအသင်းဝင်ဖြစ်ရင် အာဆီယံဒေသက အာမခံလုပ်ငန်းတွေအကုန်လုံးနဲ့ ချိတ်ဆက်မိသွားပြီ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ဘာတွေလုပ်တယ်။ ဘာတွေ ဖြစ်ပျက်နေတယ်။ ကိုယ်လိုတဲ့အကူအညီရှိရင် အတွေ့အကြုံတွေ လှမ်းတောင်းပြီးမေးလို့ရတာပေါ့။ သတင်းအချက်အလက်မျှဝေမယ်။ ဗဟုသုတတွေ မျှဝေမယ်ပေါ့။”ဟု Myanmar Citizens Bank မှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။

မြန်မာ့အာမခံလောက ဈေးကွက်အတွင်း နိုင်ငံတကာမှ အာမခံလုပ်ငန်းကုမ္ပဏီများအနေဖြင့် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး ပြည်တွင်းအာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန် နိုင်ငံတကာအသီးသီးမှ အာမခံလုပ်ငန်းကုမ္ပဏီများကိုဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် ဆောင်ရွက်နေကြောင်း သိရသည်။

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment