Friday, April 13, 2018

မော်ဒယ်တဦးအား သားမယားပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို အမှုဖွင့်စစ်ဆေး


အဆိုတော် အစ္စဏီ(ခ) ဟန်ထွန်းဇော်ကို မုဒိန်းမှု၊ နာကျင်စေမှုတို့နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှာ  မော်ဒယ် မ—–(ခ)——-(၂၇) နှစ်ဟာ သူငယ်ချင်းတွေနဲ့ အတူ ဆယ်လီအရက်ဘားကို့ ရောက်ရှိနေတုန်း ဧပြီလ ၁၂ ရက်နေ့ ၀၂း၄၅ အချိန်မှာ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ ရောက်လာပြီး ဘားအတွင်းဝင်ရောက် ပြဿနာရှာခဲ့တယ်။

မော်ဒယ် မ—–(ခ)——-က သူ ငှားရမ်းနေထိုင်တဲ့ တိုက်ခန်းကို  ကားငှားပြီး ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီကလည်း အဲ့ဒီယာဉ်နဲ့အတူ လိုက်ပါလာခဲ့တယ်။

နေအိမ်အရောက်မှာ  ဟန်ထွန်းဇော်(ခ) အစ္စဏီ က မော်ဒယ် မ—–(ခ)——ရဲ့  အင်္ကျီကို အတင်းဆွဲချွတ်လို့ ရုန်းကန်စဉ် ဦးခေါင်းနဲ့ မှန်ဗီဒိုကို တိုက်မိခဲ့ပြီး ဦးခေါင်း နာကျင်ခဲ့တယ်။

ဟန်ထွန်းဇော်(ခ)အစ္စဏီ က တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့နဲ့ လက်သည်းခွံများကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း သားမယား ၂ ကြိမ်ပြုကျင့်ခဲ့တယ်။

သတိပြန်ရလာတော့ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံဖို့  ကြိုးစားခဲ့ရာမှာ ဟန်ထွန်းဇော် (ခ) အစ္စဏီက မော်ဒယ်ရဲ့ ယာခြေထောက်ကို ဗီဒိုမှန်ကွဲစနဲ့  ခြစ်ခဲ့လို့ ပြတ်ရှဒဏ်ရာ ရရှိခဲ့တယ်။

အဲ့ဒီ့နောက် မော်ဒယ် မ—–(ခ)——က အိမ်သာအသုံးပြုမယ်လို့ အကြောင်းပြကာ အိမ်သာ တံခါးကို လော့ချပြီး သူငယ်ချင်းဖြစ်သူ မ——–ထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ မ——-နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး မော်ဒယ်ကို ကယ်တင်နိုင် ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ဧပြီလ ၁၂ ရက်မှာ  မော်ဒယ် မ—–(ခ)——က တိုင်တန်းလို့ ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ)ကို တာမွေမြို့မရဲစခန်းမှာ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု) တို့နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

DVB

0 comments:

Post a Comment