Friday, April 13, 2018

ကင်ဂျုံအန်းနှင့် တွေ့မည့်ကိစ္စအားလုံး စီစဉ်ပြီးဟု သမ္မတထရမ့်ပြော


မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ဆုံမယ့် ကိစ္စအားလုံးကို စီစဉ်သတ်မှတ်ပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အဲ့ဒီလို စီစဉ်နိုင်အောင် ကြားဝင်ကူညီခဲ့တဲ့ တရုတ်နိုင်ငံကို အထူးကျေးဇူးတင်တယ်လို့လည်း သူကဆိုပါတယ်။

ကိုးရီးယားကျွန်းဆွယ် နျူးကလီးယားလက်နက် ကင်းစင်ခြင်းဟာ တရုတ်အပါအ၀င် အားလုံးအတွက် အကျိုးရှိတယ်လို့လည်း ထရမ့်က ဆိုပါတယ်။

သမ္မတ ကင်ဂျုံအန်းနဲ့ “ဘယ်ရက်၊ ဘယ်နေရာ” မှာ တွေ့ဆုံမယ်ဆိုတာကို အသေးစိတ်ထုတ်မပြောပေမယ့် နှစ်ဘက်စလုံး လေးစားမှု အမြောက်အမြားနဲ့ ဆွေးနွေးမှာမို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မယ်လို့ ထင်ကြောင်း သမ္မတထရမ့်က ပြောပါတယ်။

မနေ့ကထုတ်ပြန်တဲ့ ရိုက်တာသတင်းတပုဒ်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုးရီးယားသမ္မတ ကင်ဂျုံအန်းတို့  မေလထဲ ဒါမှမဟုတ် ဇွန်လဆန်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment