Wednesday, April 18, 2018

ဗိုလ်တထောင်စေတီတော်မှ ဗုဒ္ဓဆံေ​တ်ာမြတ်ကို ​ရွှေတိဂုံစေတီတော်သို့ပင့်ဆောင်


ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှ ဗုဒ္ဓဆံတော်ရှင်မြတ်ကို အများပြည်သူတို့ ဖူးမျှော်ကြည်ညိုကြနိုင်စေရန် ရွှေတိဂုံစေတီတော်ဆီသို့ ယနေနံနက် ၅ နာရီခွဲက ပင့်ဆောင်ခဲ့​ပါတယ်​။

ဗုဒ္ဓဆံတော်ရှင်မြတ်ကို အ​ရှေ့ပိုင်းခရိုင်​၊အ​နောက်​ပိုင်းခရိုင်​၊​တောင်​ပိုင်းခရိုင်​နှင့်​ ​မြောက်​ပိုင်းခရိုင်​တို့ရှိ မြို့နယ်​​ပေါင်း၄၂မြို့နယ်​တို့မှ သံဃာ​တော်​အပါး ၄၅၀၀ဖြင့်​ ​မေတ္တာသုတ်​ရွတ်​ဆိုကာ ပင့်​​ဆောင်​ခြင်းဖြစ်​ပါတယ်​။

အဲဒီလိုပင့်ဆောင်ရာမှာ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနှင့်ဗဟန်းကြားတောရလမ်းအတိုင်း(​ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်)များမှ လှည့်လည်ပင့်ဆောင်​ပြီး အပူဇော်ခံခဲ့ပါတယ်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှ ဗုဒ္ဓဆံတော်ရှင်မြတ်ကို ဧပြီ ၁၉ ရက်နေ့ မှ ဧပြီ ၂၄ရက်နေ့အထိ ရွှေတိဂုံစေတီတော်ကြီးမှာ ဖူးမျှော်ကြည်ညိုနိုင်ကြမှာဖြစ်​ပါတယ်​။













သီဟ
ဓာတ်​ပုံ-​အောင်​နိုင်​စိုး(ကစ္ဆပ)
Popular News Journal



0 comments:

Post a Comment