Friday, April 13, 2018

ဆီးရီးယား ဓာတုလက်နက်တိုက်ခိုက်မှု အရေးယူရန် မကြာခင်ဆုံးဖြတ်မည်ဟု ထရမ့်ပြော


ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုအပေါ် ဘယ်လိုအရေးယူမလဲဆိုတာကို ဆွေးနွေးနေပြီး မကြာခင် ဆုံးဖြတ်ချက်ချနိုင်ဖို့ မျော်လင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့်က ဧပြီ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

သူ့အစိုးရအဖွဲ့ဟာ ဧပြီလ-၁၂ ရက်နေ့က အိမ်ဖြူတော်မှာ အစည်းအဝေးထိုင်နေပြီး ကိစ္စအတော်များများကို ဆွေးနွေးနေကြောင်း၊ ဆီးရီးယားအခြေအနေကို အတော့်ကို စေ့စေ့စပ်စပ်နဲ့ အလေးအနက်အထား ဆွေးနွေးနေကြောင်းနဲ့ မစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေကို နှိမ်နင်းခဲ့ပြီးတဲ့နောက် အခုတခါ ဆီးရီးယားဓာတုလက်နက် တိုက်ခိုက်မှုအပေါ် ဆုံးဖြတ်ချက်တစုံတရာ ချဖို့ရှိနေကြာင်း သမ္မတထရမ့်က ပြောပါတယ်။

DVB

0 comments:

Post a Comment