Friday, April 13, 2018

စပိန်က ဆော်ဒီကို ကန်ဒေါ်လာ ၂.၂ ဘီလီယံတန်ဖိုးရှိ စစ်သင်္ဘောများရောင်းမည်


စပိန်အစိုးရဟာ ဆော်ဒီအာရေဗျ အစိုးရကို အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံဖိုး တန်ဖိုးရှိတဲ့ စစ်သင်္ဘောတွေ ရောင်းမယ့် စာချုပ်ကို ဧပြီ ၁၂ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

သဘောတူညီချက်အရ စပိန်အစိုးရပိုင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ နာဗန်ရှာဟာ စစ်သင်္ဘောအငယ် ငါးစီးကို ရောင်းမှာဖြစ်ပြီး စပိန်စစ်တပ်က ဆော်ဒီစစ်တပ် အရာရှိတွေကို သင်တန်းပေးမယ်၊ ကန်ထရုက်တာတွေက ရေတပ်ဆောက်လုပ်ရေးဌာနကိုလည်း တည်ဆောက်မယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။

စပိန်မြို့တော် မက်ဒရစ်က အစိုးရဌာနချုပ်မှာ လက်မှတ်ထိုးခဲ့တာပါ။ အဲဒီနေရာမှာပဲ စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက နိုင်ငံတော် ဧည့်သည်အဖြစ် အလည်အပတ်ရောက်နေတဲ့ ဆော်ဒီအိမ်ရှေ့စံ မင်းသား မိုဟမ်မဒ် ဘင်ဆယ်လ်မန်ကို လက်ခံတွေ့ဆုံပါတယ်။

လုပ်ငန်း အရာရှိတဦးက သဘောတူညီချက် အသေးစိတ်ကို အတည်ပြု ပြောကြားပေမယ့် သင်္ဘောကုမ္ပဏီ နာဗန်ရှာကတော့ မှတ်ချက်ပေးဖို့ ငြင်းခဲ့ပါတယ်။

DVB


0 comments:

Post a Comment