Monday, April 9, 2018

သင်္ကြန်ပိတ်ရက် အဝေးပြေးယာဉ်စီးခနှုန်း တိုးမြှင့်ရောင်းကြောင်း တရားဝင်ဆက်သွယ်တိုင်ကြားသူ မရှိသေးဟုဆို တိုင်ကြားမှုမရှိသော်လည်း လက်မှတ်ဈေးနှုန်းများ နှစ်ဆကျော် အထိမြင့်တက်နေဟု ခရီးသည်အချို့ပြော


သင်္ကြန်ပိတ်ရက်အတွင်း အဝေးပြေးယာဉ်စီးခနှုန်းတိုး မြှင့်ရောင်းချသည်ဟု တရားဝင် ဆက်သွယ်တိုင်ကြားသူ ဧပြီ ၉ ရက် အထိမရှိသေးကြောင်း စားသုံးသူရေးရာ ညွှန်ကြားမှုဦးစီးဌာန   ညွှန် ကြားရေးမှူး ဦးဆွေတင့်ကြူက ပြောသည်။

စားသုံးသူရေးရာညွှန်ကြား မှု ဦးစီးဌာနသည် သင်္ကြန်ပိတ်ရက် အတွင်း အဝေးပြေးယာဉ်လိုင်း များက လက်မှတ်ခတိုးမြှင့်ရောင်း ချခြင်းနှင့်   သတ်မှတ်ခရီးစဉ်အ တိုင်း မပြေးဆွဲလျှင် အရေးယူရန် ယခုနှစ်ကစ၍ စီမံချက်ဖြင့် စောင့်ကြည့်နေကြောင်း ကြေညာ ထားသည်။ ခရီးသည်များသည်အဝေးပြေး လက်မှတ်ဝယ်ယူရန် မသမာမှုများ ကြုံတွေ့လျှင် ဆက်သွယ်တိုင်ကြားနိုင်မည့်  ဖုန်းနံပါတ်များ ထုတ်ပြန်ထားသည်။

သို့သော် အဝေးပြေးယာဉ် လိုင်းများ၏ မသမာမှုများနှင့်ပတ် သက်၍ ဧပြီ ၉ ရက်အထိ ခရီးသည် များထံမှ တရားဝင်ဆက်သွယ် တိုင်ကြားလာခြင်း  မရှိသေး၍ အရေးမယူသေးကြောင်း  ဦးဆွေ တင့်ကကြူက ဆိုသည်။

‘‘အဝေးပြေးကားလက်မှတ် ခက်တဲ့သတင်းတွေကတော့ ကြား တာပေါ့လေ။ ဌာနရဲ့ တာဝန်က စားသုံးသူအခွင့်အရေး ချိုးဖောက် ခံရတဲ့ ကိစ္စမျိုးတွေမှာပဲ ဝင်ရောက်ဖြေရှင်းလို့ရတာ။ ရောင်းလိုအား နဲ့ ဝယ်လိုအားမမျှတာကျတော့ ဌာနက ဖြေရှင်းလို့ရနိုင်တဲ့အပိုင်း မဟုတ်ဘူး။ အခုအချိန်အထိ တိုင် ကြားမှုမရှိသေးဘူးဆိုပေမယ့်လို့ သင်္ကြန်ပြီးမှပဲ တိုင်ကြားမှုတွေရှိ လာမလားတော့ မပြောတတ်ဘူး’’ ဟု ၎င်းကပြောသည်။

ထို့အပြင် အဝေးပြေးကား လက်မှတ်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် လက်မှတ်ဝယ်ယူရန် ခက်ခဲ ခြင်း များကို ၎င်းတို့ထံ ဧပြီ ၉ ရက် အထိ တိုင်ကြားမှု မရှိသေး ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သင်္ကြန်ပိတ်ရက်ခရီးသွား ရန် ပြင်ဆင်နေသူအချို့က ယခု ရက်ပိုင်းတွင် အဝေးပြေးကား လက်မှတ်ဈေးနှုန်းများ နှစ်ဆခန့် ကြီးမြင့်နေပြီး ကားလက်မှတ်မရ သည့် အခြေအနေများ   ရင်ဆိုင် နေရကြောင်းပြောသည်။

‘‘ဒီနှစ်လည်းကားခဈေးမ ကြီးအောင် ထိန်းချုပ်မယ်ဘာညာ သာပြောနေတာ၊ တကယ့်တ ကယ်ကျတော့ ဘာမှမထူးပါဘူး။ ခရီးသည်အများစုကတော့ လက် မှတ်ရရှိရေးပဲ ခေါင်းထဲမှာရှိနေ တော့ဈေးကြီးလို့ တိုင်တာပြုတာ သိပ်မလုပ်ကြဘူး။ ဒါကိုပြေလည် နေလို့ မတိုင်တာလို့ ထင်ရင်မှား မယ်’’ ဟု ပခုက္ကူမြို့နယ်သို့ ပြန်ရန် အဝေးပြေးကားလက်မှတ်ဝယ်ရန် အောင်မင်္ဂလာ အဝေးပြေးဝင်း သို့ သွားရောက်စုံစမ်းခဲ့သည့် ကို မင်းထိုက်ကပြောသည်။

7Day

0 comments:

Post a Comment