Thursday, April 12, 2018

နေပြည်တော်၊ ရန်ကုန်နှင့် ပြည်နယ်တိုင်းအချို့ နေ့အပူချိန်တိုး

သင်္ကြန်ကာလအတွင်း နေပြည်တော်နဲ့ ရန်ကုန် အပါအ၀င် ပြည်နယ်တိုင်းဒေသကြီးအချို့မှာ နေ့အပူချိန်များ တိုးနေမယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်များတိုးနေမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ် ရွာရန်ရာနှုန်း ၈ဝ ဖြစ်တယ်လို့လည်း မိုးဇလသတင်းမှာ ခန့်မှန်း ဖော်ပြထားပါတယ်။

ဧပြီ ၁၂ ရက်အတွက် မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ တမူးမြို့မှာ ဝ ဒသမ ၃၉ လက်မ၊ ခန္တီးမြို့မှာ ဝ ဒသမ ၁၂ လက်မနဲ့ ကလေးဝမြို့မှာ ဝ ဒသမ ဝ၈ လက်မတို့ ဖြစ်ကြပါတယ်။

DVB

0 comments:

Post a Comment