Tuesday, April 24, 2018

‘‘ နိုင်ငံပိုင်သတင်းစာ သုံးစောင်ဟာ နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေ ကျပ်သန်းပေါင်းနှစ်သောင်းကျော် ရှာဖွေဖို့ တာဝန်ယူနေရပါတယ်" ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးအောင်လှထွန်းသို့ ဆက်သွယ်မေးမြန်းခြင်း


ပုဂ္ဂလိကသတင်းစာထုတ် ဝေခွင့်ပြုခဲ့ပြီး ငါးနှစ်အတွင်း ပုံနှိပ် မီဒီယာများရုန်းကန်နေရသည့် လက်ရှိအခြေအနေကို ပြန်ကြား ရေးဒုဝန်ကြီး ဦးအောင်လှထွန်းထံ မေးခွန်းများပေးပို့မေးမြန်းခဲ့ပါ သည်။ ပုဂ္ဂလိကသတင်းစာများ ရပ်တည်ရေးနှင့် နိုင်ငံပိုင်သတင်း စာများ၏ အခန်းကဏ္ဍ၊ တိုးတက် နေသည့် ဒစ်ဂျစ်တယ်ခေတ်တွင် မြန်မာနိုင်ငံ၌ ပုံနှိပ်မီဒီယာများ မည်မျှအထိ ဆက်လက်ရှင်သန်နိုင်မ လဲစသည့် မေးခွန်းများအပေါ် ဒုဝန်ကြီး၏ အမြင်များကို 7Day Daily သတင်းစာဖတ် ပြည်သူများအတွက် ဖော်ပြလိုက်ပါသည်။

၂၀၁၃ ဧပြီ ၁ ရက်နေ့မှာ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေကို ခွင့်ပြုပေးခဲ့တာ အခုဆို ငါးနှစ် ပြည့်ခဲ့ပါပြီ။ စတင်ထုတ်ဝေခွင့်ရ စဉ်က ဈေးကွက်တွင်းမှာ နေ့စဉ် ထုတ်သတင်းစာတွေ မြိုင်မြိုင် ဆိုင်ဆိုင်ထွက်ရှိနိုင်ခဲ့ပေမယ့် သိပ် မကြာခင်မှာပဲ ဘဏ္ဍာရေးအခြေ အနေအရ ရပ်တည်ရခက်ခဲလာ ခြင်းအပါအ၀င် ဈေးကွက်ယှဉ် ပြိုင်မှုမရှိခြင်း၊ Logistic ကဏ္ဍကို စီမံပေးမှုအားနည်းခြင်း၊ အစိုးရ သတင်းစာများ၏ ကြော်ငြာမူဝါဒ နဲ့ ဈေးနှုန်းတို့ကို အမီမလိုက်နိုင် ခြင်းစတာတွေကြောင့် ပုဂ္ဂလိက သတင်းစာတချို့ အချိန်တိုအ တွင်းမှာ ပျောက်ကွယ်သွားခဲ့ရပါ တယ်။ လက်ရှိ ငါးနှစ်ပြည့်ကာလ ရောက်ရှိလာချိန်မှာ ပုံနှိပ်မီဒီယာတွေရဲ့ အဓိကစိန်ခေါ်မှုနဲ့ အခက်အခဲတွေက ဘာတွေပါလဲ။

ကျွန်တော့်သဘောထားကို ရှင်းပြခွင့်ပေးတဲ့အတွက် 7Day Daily ကို သိပ်ကျေးဇူးတင်ပါ တယ်။ ပထမဆုံးအနေနဲ့ အခု ကျွန်တော်ဖြေကြားတာတွေဟာ ကျွန် တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်တွေပဲ ဖြစ်တယ်ဆိုတာကို ရိုးသားပွင့် လင်းစွာ ပြောပြထားချင်ပါတယ်။

မေးခွန်းနဲ့ပတ်သက်လို့ ဖြေ ရမယ်ဆိုရင် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေကို ရာစုနှစ်ထက် ၀က်ခန့်ပိတ်ထားခဲ့ရာက ပြန်လည်ခွင့်ပြုပေးခဲ့တာ အခုဆို ငါးနှစ်ပြည့်ခဲ့ပါပြီ။ အဲဒီအချိန်ကစပြီး ပုဂ္ဂလိကသတင်းစာလိုင်စင် ထုတ်ပေးခဲ့ တာ ၅၂ စောင် (မြန်မာ ၄၅ စောင်နဲ့ အင်္ဂလိပ် ခုနစ်စောင်)ရှိခဲ့ပေမယ့် လောလောဆယ်ရပ်တည်လည် ပတ်နေတာကတော့ စောင်ရေ ၃၀ (မြန်မာ ၂၆ စောင်နဲ့ အင်္ဂလိပ် လေးစောင်)ရှိတယ်လို့ မှတ်တမ်းတွေ အရ သိရပါတယ်။

အင်္ဂလိပ် လေးစောင်အနက် Myanmar Times တစ်စောင်ပဲ မြန်မာပိုင်ပြီး မြန်မာပြည်မှာ တည်းဖြတ်ပုံနှိပ်ဖြန့်ဝေတာ ဖြစ်ပါတယ်။ကျန်တာတွေကတော့ ပြည်ပ သတင်းစာတွေကို ဒီမှာ ပုံနှိပ်ဖြန့် ဝေတာတွေ ဖြစ်ပါတယ်။

 နိုင်ငံတကာအသိုက်အ၀န်း အပေါ် ကျွန်တော်တို့နိုင်ငံအ ကြောင်း ပြောပြပေးဖို့ ပုဂ္ဂလိက အင်္ဂလိပ်သတင်းစာက MyanmarTimes တစ်စောင်ပဲရှိနေတာက တိုင်းပြည်အတွက် ၀မ်းနည်းစရာ ကောင်းပါတယ်။

 အမှီအခိုကင်းပြီး မိမိကိုယ် ကိုယ်တာဝန်ယူကာ မိမိဘာသာထိန်းကျောင်းနိုင်စွမ်းတဲ့ မီဒီယာ (Independent Responsible and Self-Regulated Media) ပေါ်ထွန်းရေးဟာ ဒီမိုကရေစီလူ့ဘောင်မှာ သိပ်အရေးကြီးပါတယ်။

‘‘ဒီမိုကရေစီလူ့ဘောင်တစ် ခုမှာ မရှိမဖြစ်တဲ့ ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်ရေးခက်ခဲလာရ တာ စိတ်မကောင်းစရာပါ။ အဓိကအကြောင်းရင်းက အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၀င်ငွေကျဆင်းလာလို့ ဖြစ်ပါတယ်။

သတင်းစာတွေမှာ ၀င်ငွေကိုအဓိကနည်းလမ်း နှစ်ခုနဲ့ ရရှိတယ်လို့ ကျွန်တော်နားလည်ပါတယ်။ တစ်ခုက သတင်းစာရောင်းရငွေ (Subscriptions) ဖြစ်ပြီး၊ နောက် တစ်ခုကတော့ စီးပွားရေးကြော် ငြာကရရှိငွေ (Proceeds From Commercial) ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာတစ်ဝန်း မှာ သတင်းစာရောင်းရငွေဟာ သတင်းစာတိုက်တွေ ဣနြေ္ဒမ ပျက်ရပ်တည်ဖို့ မလုံလောက် တော့ပါ။ ဆက်သွယ်ရေးနည်း ပညာထွန်းကားပြီး Online Mediaတိုးတက်လာလို့ လူအများက Online နဲ့ Social Media မှာပဲ သတင်းကို အဓိကဖတ်ရှုလာနေ ကြပါတယ်။ Online မှာက အချိန် မြန်တယ်၊ စရိတ်သက်သာပါတယ်။တစ်ချိန်တည်းမှာပဲ ပုံနှိပ် သတင်းစာတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ဒီနှစ် အတွင်းမှာ စက္ကူဈေးနှုန်းဟာ အဆမတန်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒါက ကမ္ဘာနဲ့အ၀ှမ်း မှာ ကြုံတွေ့လာနေရတဲ့ ဘုံပြဿ နာတစ်ခုပါ။

ကြော်ငြာဝင်ငွေကိုကြည့် လိုက်ရင် ပုံနှိပ်မီဒီယာအတွက် တဖြည်းဖြည်းကျဆင်းလာနေပါ တယ်။ ဒစ်ဂျစ်တယ်နဲ့ Online Media ကို ပြောင်းရွှေ့ကြော်ငြာ လာကြတာနဲ့ တစ်နိုင်ငံလုံးရဲ့ ကြော်ငြာဈေးကွက် နှေးကွေးကျ ဆင်းသွားတာတွေက အဓိကဖြစ် ပါတယ်။ နိုင်ငံပိုင်မီဒီယာတွေ လည်း ဒါတွေကို သိသိသာသာခံ စားနေရပါတယ်။

 တခြားတစ်ဖက်မှာလည်း နိုင်ငံပိုင်သတင်းစာတွေ တည်ရှိ နေသေးတာကြောင့် ကြော်ငြာအ များစု အထူးသဖြင့် အစိုးရဌာန များနဲ့ အဖွဲ့အစည်းများရဲ့ ကြော် ငြာတွေက နိုင်ငံပိုင်သတင်းစာ တွေမှာ ဦးစားပေးကြော်ငြာနေကြ လို့ ပုဂ္ဂလိကသတင်းစာတွေအ တွက် ကြော်ငြာဝေစု ပိုမိုနည်းပါး သွားရတယ်လို့ နားလည်ပါတယ်။ သူတို့ကို နိုင်ငံပိုင်သတင်းစာတွေ မှာပဲ ကြော်ငြာရမယ်လို့တော့ ကန့်သတ် သတ်မှတ်မထားဘူးလို့ ကျွန်တော်သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးကတော့ နိုင်ငံပိုင်သတင်းစာတွေကို ရပ်နားဖို့ မရှိဘူးလို့ တရားဝင်ပြောထားတဲ့ အပြင် ဒီရက်ပိုင်းမှာပဲ အစိုးရ သတင်းစာမှာ နိုင်ငံပိုင်သတင်းစာ တွေရဲ့ အခန်းကဏ္ဍဆိုပြီး ဆောင်းပါးတွေထည့်သွင်း ဖော်ပြလာ ခြင်းက ဘာကိုဆိုလိုသလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

မှန်ပါတယ်။ နိုင်ငံပိုင်သ တင်းစာတွေကို မြင်သာတဲ့ အနာ ဂတ်မှာ ရပ်နားဖို့ အစီအစဉ်လုံးဝ မရှိသေးပါဘူးခင်ဗျား။ ဖျက်သိမ်း ဖို့လည်း လုံးဝမဖြစ်နိုင်သေးပါ ဘူး။

ဆောင်းပါးတွေ ရေးသား ဖော်ပြတာကတော့ နိုင်ငံပိုင် သတင်းစာများ အခန်းကဏ္ဍကို အများပြည်သူ နားလည်သိရှိ အောင်လို့ပါ။ လက်ရှိအစိုးရတာ ၀န်ထမ်းဆောင်တဲ့ ဒုတိယတစ်နှစ် တာကာလအတွင်း ၀န်ကြီးဌာန အားလုံးရဲ့ လုပ်ငန်းဆောင်ရွက် မှုတွေကို အလှည့်ကျထည့်သွင်း ဖော်ပြပေးလျက်ရှိတော့ အဲဒီကဏ္ဍအတွက် ရည်ရွယ်တာ လည်း ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံပိုင်သတင်း စာတွေ ဘာကြောင့်လိုအပ်နေရ သလဲဆိုတာကို ကျွန်တော်ထပ် ရှင်းပြချင်ပါတယ်။ ဒီမိုကရေစီနေ သားကျပြီး ဈေးကွက်စီးပွားရေး ခိုင်မာတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံ ပိုင်သတင်းစာဆိုတာ လိုအပ် တော့မှာ မဟုတ်ပါဘူး။ တချို့နိုင် ငံတွေမှာဆိုရင် ပြန်ကြားရေးဝန် ကြီးဌာနတောင် မရှိတော့ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ က သက်တမ်း ခုနစ်နှစ်သာရှိသေး ပြီး ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံ တကာက စိတ်ဝင်စားတဲ့ ကိစ္စရပ် တွေများပြားပြီး ပုဂ္ဂလိကမီဒီယာ ကလည်း မြန်မာအကြောင်းကို နိုင်ငံတကာကို ထိုးဖောက်တင်ပြနိုင် စွမ်းမရှိသေးတော့ နိုင်ငံပိုင်မီဒီယာတွေဟာ တစ်စုံတစ်ရာသော အ တိုင်းအတာအထိ လိုအပ်နေဦးမှာ ပါ။

နောက်တစ်ခုက ပြန်ကြား ရေးဝန်ကြီးဌာနလက်အောက်က သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကို စီးပွားရေးအဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ပြီး သူ့လက် အောက်မှာရှိတဲ့ နိုင်ငံပိုင်သတင်း စာ သုံးစောင်ဟာ နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေကျပ်သန်းပေါင်း နှစ် သောင်းကျော်ရှာဖွေဖို့ တာဝန်ယူ နေရပါတယ်။ ဒါကို မသိတဲ့သူ တွေ တော်တော်များပါတယ်။

 ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုလုံးမှာ ၀န်ထမ်းခွင့်ပြုအင် အားတစ်သောင်းရှိပေမယ့် လက် ရှိမှာ Minimum Requirement ဖြစ်တဲ့ အင်အား ၇,၀၀၀ ခန့်နဲ့ လည်ပတ်နေပါတယ်။ ဒီထက် အင်အားလျှော့လို့လည်း မရနိုင် တော့ပါဘူး ခင်ဗျား။

သို့သော် ပုဂ္ဂလိကမီဒီယာ တွေကိုလည်း အားကောင်းမောင်း သန်ဖြစ်အောင် ကောင်းစွာရှင် သန်ခွင့်ပေးဖို့ လိုအပ်သလို နိုင်ငံ ပိုင်နဲ့ ပုဂ္ဂလိကမီဒီယာ နှစ်ခုစလုံး ကို ပိုပြီးအရည်အသွေးမြင့်မား အောင် လုပ်ဖို့လည်း မဖြစ်မနေ လိုအပ်တယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။

 ပုဂ္ဂလိကသတင်းစာတွေ အားကောင်းလာမှ နိုင်ငံတကာအ ဆင့်မီသတင်းသမားကောင်းတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ အလားအလာကောင်းတဲ့ သတင်းသမားကောင်းတွေ သတင်းလော ကကနေ တဖြည်းဖြည်းထွက်ခွာ ပြီး ၀င်ငွေလစာပိုကောင်းတဲ့ တ ခြားနယ်ပယ်တွေကို တစ်ယောက် ပြီးတစ်ယောက်ကူးပြောင်းသွား ကြတာကို တွေ့ရတာ တိုင်းပြည် အတွက် သိပ်စိတ်မကောင်းဖြစ်ရ ပါတယ်။

တစ်ကမ္ဘာလုံးမှာ ပုံနှိပ်မီဒီယာတွေက အကျဘက်ကို ဦးတည်နေပြီး အမေရိကန်ပြည်ထောင်စုလိုနိုင်ငံ မျိုးမှာပါ အယ်ဒီတာတွေ လျှော့ချ ခံရတာ၊ သတင်းစာနဲ့ သက်ဆိုင် တဲ့ ၀န်ထမ်းတွေ တာဝန်မှရပ်စဲခံ ရတာတွေလည်း ရှိနေတော့ ပုံနှိပ်မီဒီယာတွေရပ်တည်နိုင်ဖို့ ဘယ် လိုပုံစံနဲ့ တင်ဆက်မှုတွေလုပ်သင့် သလဲ။ ဒီအခက်အခဲကိုကျော်လွှား နိုင်မယ့် နည်းလမ်းရှိပါသလား။

မှန်ပါတယ်။ စောစောက ကျွန်တော်ပြောခဲ့သလို နိုင်ငံတ ကာမှာ ပုံနှိပ်မီဒီယာရဲ့ အခန်း ကဏ္ဍဟာ မြန်မြန်ဆန်ဆန်ကျ ဆင်းလာနေပါတယ်။ အဓိကပြိုင် ဘက်ကတော့ ဒစ်ဂျစ်တယ်မီဒီ ယာနဲ့ အွန်လိုင်းမီဒီယာတို့ပဲ ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာ စရိတ်စကမြင့်မားလာနေသလို ဆက်သွယ်ရေးနည်းပညာတွေက အရှိန်အဟုန်နဲ့ တိုးတက်လာနေ ပြီး စရိတ်စကလည်း သက်သာ လာနေတဲ့အတွက် ဒစ်ဂျစ်တယ်မီ ဒီယာက ပိုပြီးတော့ တွင်ကျယ် လာနေတော့ ပုံနှိပ်မီဒီယာကျဆင်းမှုဟာ ပိုမြန်ဆန်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

မြန်မာမီဒီယာတွေအနေနဲ့ ဒစ်ဂျစ်တယ်လိုင်းကို တဖြည်း ဖြည်းပြောင်းလဲဖို့ ပြင်ဆင်ရတော့ မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တော့ ပုံနှိပ်မီဒီယာက အချိန်တစ် စုံတစ်ရာအထိ လိုအပ်နေဦးမှာ ပါ။ ရေရှည်ကြံ့ကြံ့ခံနိုင်ဖို့အ တွက်ဆိုရင်တော့ အများပိုင် ကုမ္ပဏီ (Public Company) ဒါမှ မဟုတ် ပုဂ္ဂလိကနဲ့ အများပူးတွဲပိုင်ကုမ္ပဏီ (Private Public Part-nership) အဖြစ် ပြောင်းလဲနိုင်ရင် တော့ အကောင်းဆုံးပါ။ နိုင်ငံပိုင် သတင်းစာတွေလည်း တစ်နေ့ကျ ရင် ဒီလိုပဲဆောင်ရွက်လာကြရမှာ ပါ။ ဒါပေမဲ့ စတော့ရှယ်ယာဈေး ကွက်က ပီပီပြင်ပြင်ရှိနေဖို့တော့ လိုပါတယ်။

နောက်တစ်ခုကတော့ သတင်း လွတ်လပ်ခွင့်နဲ့ သတင်းအချက် အလက်ရယူခွင့်ပါ။ အစိုးရသစ် လက်ထက် မီဒီယာလွတ်လပ်ခွင့် က အနုတ်လက္ခဏာဖြစ်လာခဲ့ပြီး သတင်းအချက်အလက်ရယူပိုင် ခွင့်မှာလည်း ရုန်းကန်ရမှုတွေရှိခဲ့ ပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဘယ်လိုများသုံးသပ်ပြောကြားလို ပါသလဲ။

သတင်းလွတ်လပ်ခွင့်နဲ့ ပတ် သက်လို့ ပွင့်ပွင့်လင်းပြောရရင် ကျွန်တော်က သတင်းလွတ်လပ် ခွင့်လုံးဝမရှိတဲ့ခေတ်မှာ၊ ခြိမ်း ခြောက်မှု အမျိုးမျိုးအောက်မှာ နှစ်ပေါင်းများစွာ သတင်းသမားလုပ် လာခဲ့ဖူးတော့ လက်ရှိအခြေအနေ မှာရှိတဲ့ လက်ရှိသတင်းလွတ်လပ် ခွင့်က ကျွန်တော့်တို့ခေတ်ကနဲ့ ဘာမှ နှိုင်းလို့မရနိုင်အောင် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ့်ဘက်က သတင်းစာပညာကျွမ်း ကျင်မှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှု၊ တည်ဆဲဥပဒေတွေကို ကောင်းစွာ နားလည်သဘော ပေါက်မှုတို့တော့ ရှိဖို့လိုပါတယ်။

သတင်းအချက်အလက်ရရှိ ပိုင်ခွင့် နည်းပါးနေသေးတာက တော့ မှန်ပါတယ်။ နိုင်ငံတော်လုံ ခြုံရေးကို ထိပါးခြင်းမရှိဘဲ အများ ပြည်သူသိသင့်သိထိုက်တဲ့ အချက်အလက်တွေကို Website နဲ့ Facebook မှာ ပြည့်ပြည့်စုံစုံတင် ထားပေးဖို့ ၀န်ကြီးဌာနနဲ့ အဖွဲ့ အစည်းအသီးသီးကို ကျွန်တော်တို့နှိုးဆော်နေပါတယ်။ သတင်းသ မားတွေ ဆက်သွယ်မေးမြန်းလာ တဲ့အခါ တတ်နိုင်သလောက်ဖြေ ကြားဖို့အတွက်လည်း ကျွန်တော် တို့က ပန်ကြားထားပါတယ်။

သတင်းသမားတွေဘက်က လည်း ကျင့်ဝတ်နဲ့အညီ လုပ်ကိုင် ဆောင်ရွက်ဖို့ လိုပါတယ်။ သတင်းသမားတွေရဲ့ ကျင့်ဝတ်မလိုက်နာ တာနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ တွေရဲ့ တိုင်တန်းတာတွေကို  ကျွန်တော်တို့ မကြာခဏကြားသိ ရပါတယ်။

သတင်းသမားတွေနဲ့ သ တင်းအချက်အလက်ဖြေကြားရန် တာ ၀န်ရှိတဲ့ ဌာနနဲ့ အဖွဲ့အစည်းတွေ ကြားမှာ အပြန်အလှန်ယုံကြည်မှု ကင်းမဲ့နေတာဟာ တိုင်းပြည်အ တွက် လုံးဝမကောင်းပါ။ အားလုံး ပူးပေါင်းဆောင်ရွက်သွားဖို့ လို အပ်ပါတယ်။

သတင်းသမားတွေမှာ ကျင့် ၀တ်အပြင် တည်ဆဲဥပဒေတွေကို နားလည်သဘောပေါက်လိုက်နာ ဖို့ကလည်း သိပ်အရေးကြီးပါ တယ်။ မီဒီယာလွတ်လပ်ခွင့်ကို အဟန့်အတားပြုနေတဲ့ ဥပဒေအ ချို့ကို ပြန်လည်သုံးသပ်ပြီး ပယ် ဖျက်ခြင်း၊ ခေတ်နဲ့ အညီပြင်ဆင် ခြင်းနဲ့ လိုအပ်ပါက အသစ်ရေးဆွဲ ခြင်းတို့ ဆောင်ရွက်လျက်ရှိတာ ကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဥပဒေတစ်ရပ်ဟာ ဘယ်တုန်းက ပဲ ပြဋ္ဌာန်းခဲ့စေကာမူ မဖျက်သိမ်း သရွေ့ အာဏာသက်ရောက်မှုရှိ တယ်ဆိုတာ ကျွန်တော်တို့ အား လုံးသဘောပေါက်ထားဖို့ လိုပါ တယ်။

နောက်ဆုံးပြောချင်တာက တော့ မကြာခင်မြန်မာနိုင်ငံသ တင်းမီဒီယာကောင်စီကို သတင်း မီဒီယာဥပဒေနဲ့အညီအသစ် ရွေး ကောက်တင်မြှောက်ကြရတော့ မှာ ဖြစ်ပါတယ်။ သတင်းမီဒီယာ လောကကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ နိုင်ငံတကာအဆင့် မီ သတင်းမီဒီယာကောင်စီတစ်ခု ပေါ်ထွန်းလာခဲ့ရင်တော့ သတင်း မီဒီယာလောကကြီး စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန် တော်တို့ နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြလိမ့်မယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

7Day

0 comments:

Post a Comment