Tuesday, April 24, 2018

ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP ၏ (၅၄)နှစ်ပြည့်ပွဲသို့ UWSA အပါအဝင် မဟာမိတ်အဖွဲ့များ တက်ရောက် ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များ ပြန်လည်လွှတ်ပေးရန် SSPP တောင်းဆိုဟုဆို


ရှမ်းလက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA) ၏ (၅၄) နှစ်မြောက် တပ်မွေးနေ့ပွဲကို ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) အပါအဝင် မဟာမိတ်အဖွဲ့အ စည်းများမှ တာဝန်ရှိသူများ တက် ရောက်ခဲ့သည်။

SSPP ၏ (၅၄)နှစ်မြောက် တပ်မွေးနေ့ကို ဧပြီ ၂၄ ရက်က ၎င်းတို့၏ ဌာနချုပ် ဝမ်ဟိုင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ‘ဝ’ တပ်ဖွဲ့ဝင်များ တက်ရောက်သည် ကို တွေ့ရပြီး ယင်းသို့ တက် ရောက်ခြင်းသည် UWSA ဌာနချုပ်အစီအစဉ်ဖြင့် တက်ရောက်ခြင်း ဖြစ်သည်ဟု UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ပြောသည်။

‘‘ဝမ်ဟိုင်းနဲ့ နီးတာ ကျွန် တော်တို့ရဲ့ (၆၁၈) တပ်မဟာနဲ့ နီးတယ်လေ။ ပန်ယန်းမြို့နယ်ထဲ ကပေါ့။ ကျွန်တော်တို့အနေနဲ့ RCSS ပွဲဆိုလည်း သွားနေတာပဲ’’ ဟု ဦးညီရန်းက ပြောသည်။

SSPP ၏ တပ်မွေးနေ့ပွဲသို့ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းနိုင်ငံရေးပါတီများ ဖြစ်သော SNLD နှင့် SNDP တာဝန်ရှိသူများ တက်ရောက် ကြောင်း အခမ်းအနားသို့ သတင်းသွားရောက်ရယူခဲ့သည့် မားနဂါးသတင်းဂျာနယ်တွင် သတင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ သည်။ SNLD  အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကိုယ်တိုင် တက်ရောက်သည်။

အခမ်းအနားတွင် SSPP တာဝန်ရှိသူက ဖမ်းဆီးခံထားရ သည့် ၎င်းတို့တပ်ဖွဲ့ဝင်များ ပြန် လည်လွှတ်ပေးရန် တောင်းဆိုမှု များရှိသည်ဟု SSPP တပ်မွေးနေ့ ပွဲသို့ တက်ရောက်ခဲ့သူ မိုင်းအနိုင် က ပြောသည်။

‘‘သူတို့ တပ်သားတွေ အဖမ်းခံထားရတာရှိတယ်။ အဲဒါ သူတို့ က ပြည်နယ်အဆင့်၊ ပြည်ထောင် စုအဆင့်ထိ လက်မှတ်ထိုးထားပြီး သားဖြစ်တယ်ပေါ့။ ဖြစ်တော့ အရပ်ဝတ်တွေနဲ့ သွားလာတဲ့နေ ရာမှာ ဖမ်းဆီးခံထားရတာတွေကို လွှတ်ပေးဖို့ ပြောတယ်’’ဟု ၎င်းက ဆိုသည်။

SSPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုး ရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ် သော်လည်း ၂၀၁၂ တွင် အစိုးရ နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင် စုအဆင့် အပစ်ရပ်စဲရေး ဆောင် ရွက်ထားသည်။

အစိုးရအနေဖြင့် SSPP အဖွဲ့ NCA တွင် ပါဝင် လက်မှတ် ထိုးနိုင်ရေး ကြိုးစားနေရာ SSPP တာဝန်ရှိသူများနှင့် ညှိနှိုင်းနိုင်ရေး အဆိုပြုထားသည်။ ထို့ကြောင့် ဧပြီ (သို့မဟုတ်) မေလ၌ အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများသည် ဝမ်ဟိုင်းဌာနချုပ် သို့ သွားရောက်၍ SSPP တာဝန် ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် စီစဉ်နေသည်။

7Day

0 comments:

Post a Comment