Tuesday, April 10, 2018

မြို့မတူရိယာအသင်းကို မြို့မငြိမ်း၏ သီချင်းများ သီဆိုဖျော်ဖြေခွင့်မပြု


မန္တလေးမြို့ရဲ့ အထင်​ကရဖြစ်​တဲ့ မြို့မတူရိယာအသင်းကို ဂီတစာဆို မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ တေးသီချင်းတွေအားလုံး လုံးဝသီဆိုဖျော်ဖြေခွင့်မပြုတော့ဘူးလို့ မြို့မငြိမ်း မိသားစုဝင်တဦးက ပြောပါတယ်။

မြို့မတူရိယာအသင်းကြီးမှာ လက်​ရှိအုပ်​ချုပ်​​နေတဲ့ အမှုဆောင်​အဖွဲ့ဟာ မြို့မအသင်းရဲ့ ရည်​ရွယ်​ချက်​ကို မသိတာနဲ့အတူ မြို့မအသင်းကြီး စတင်​တည်​​ထောင်​စဉ်​ကတည်းက ထားရှိခဲ့တဲ့ အသင်းစည်းကမ်းတွေကို မလိုက်နာတာ​ကြောင့် ခုလိုတားမြစ်တာလို့ မြို့မငြိမ်းရဲ့သား ဒေါက်​တာဦးညွန့်​လွင်​က ပြောပါတယ်။

ဆရာကြီးမြို့မငြိမ်း သီဆို​ရေးစပ်​သီကုံးခဲ့တဲ့​ တေးသီချင်းအားလုံးကို အခုနှစ် ​သင်္ကြန်​ကာလမှာ​သာမက တခြားအချိန်တွေမှာပါ မြို့မတူရိယာအသင်းကို လုံးဝသီဆိုတီးမှုတ်​​ ဖျော်​​ဖြေခွင့်ပေးမှာ မဟုတ်ဘဲ လက်​ရှိအမှု​ဆောင်​အဖွဲ့ကို တရားဝင်​ဖျက်​သိမ်းပြီး အမှုဆောင်​သစ် ​ပြန်​လည်​​ရွေးချယ်​တင်​​မြှောက်​ပြီးလို့ အမှု​ဆောင်​သစ်ကို ​ကျေနပ်​မှုရှိပါက ပြန်​ခွင့်ပြုမယ်​လို့ လည်းပြောပါတယ်​။

မန္တလေးမြို့မတူရိယာအသင်းကြီးရဲ့ ရည်​ရွယ်​ချက်​တွေက​တော့ မြန်​မာ့မဟာဂီတာ ဖွံ့​ဖြိုး တိုးတက်​ဖို့ လုပ်​​ဆောင်​တာ၊ မြန်​မာသံစဉ်​ ​တေးသီချင်းတွေကို သီးကုံးဖွဲ့နွဲ့တာ၊ အ​နောက်​တိုင်းသုံး ဂီတသ​င်္ကေတနဲ့ တူရိယာပစ္စည်းတွေကို ကျွမ်းကျင်​စွာတီးမှုတ်​နိုင်ဖို့ ​ကြိုးပမ်းတာ၊ အ​နောက်​တိုင်း သုံးတူရိယာပစ္စည်းတွေနဲ့ မြန်​မာ​​တေးသီချင်းတွေကို သီဆိုတီးခတ်တီးမှုတ်​နိုင်​ဖို့ ကြိုးစားဖို့တွေ ဖြစ်ပါတယ်။

စည်းကမ်းချက်​အ​နေနဲ့တော့ အသင်းရဲ့ အလုပ်​အမူ​ဆောင်​အဖွဲ့ကို တနှစ်​ တခါ အသင်းစည်းကမ်းနဲ့အညီ ကျင်းပ​တဲ့ အလုပ်​အမှုဆောင် ​သင်းလုံးကျွတ် ​အစည်းအ​ဝေး​ ခေါ်ယူပြီး​ ရွေးချယ်​ဖို့​ရှိပေမယ့် လက်​ရှိ အလုပ်​အမှုဆောင်​အဖွဲ့က လုပ်ဆောင်ဖို့ ပျက်​ကွက်​ပြီး စည်းကမ်း​ဖောက်​ဖျက်​ခဲ့တယ်လို့  မြို့မငြိမ်းရဲ့ သားဖြစ်​သူ ​ဒေါက်​တာညွန့်​လွင်​က ပြောပါတယ်​။

DVB

0 comments:

Post a Comment