Sunday, April 15, 2018

ကျိုက်မရောမြို့မရဲစခန်းကို ညအချိန်​မ​တော်​ ၀င်ရောက်ပြီး အချုပ်​သားများကို နှိုးကာ ဟိန်း​ဟောက်သွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်


ကျိုက်မရော မြို့မရဲစခန်းကို ညအချိန်​မ​တော်​၀င်ရောက်ပြီး အချုပ်သားများကို နှိုး၍ အချုပ်ခန်းထဲ ၀င်ရောက်ကာ ဟိန်း​ဟောက်သွားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး တို့က ကျိုက်မရောရဲစခန်းကို သွားရောက်စစ်ဆေးနေ​ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဧပြီ ၁၄ ရက် ည ၁၀ နာရီ ၃၀ မိနစ်​ခန့်​အချိန်တွင် မွန်ပြည်နယ် ကျိုက်မရောမြို့မရဲစခန်းကို အမျိုးသားလွှတ်တော်ကိုယ် ဦးခင်ဇော်ဦးနဲ့အပေါင်းအပါ တစ်ဦးတို့က ရဲစခန်းသို့ရောက်ရှိပြီး အိပ်ပျော်နေသည့်အချုပ်သားများကို နှိုးကာ စကားပြောဆိုပြီး ပိတ်ဟောက်သွားခဲ့ပြီး ဓာတ်ပုံများရိုက်ယူသွားသည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်ဟု လင်းထွန်းအမည်​ရှိလူမှုကွန်ရက် ဖေ့ဘုတ်အကောာင့်ပိုင်ရှင်က စတင်​ဖော်​ပြခဲ့ခြင်းဖြစ်​သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးနေကြောင်း ကျိုက်မရော မြို့နယ် နယ်ခံသတင်းထောာက်တစ်ဦးက အကုန်သိ သတင်းဌာနကို ပြောကြားသည်။

ယင်းအတွက်​​ကြောင့် ကျိုက်မရောရဲစခန်းမှ ဒုရဲမှုးအေးသန်းကို အကုန်သိသတင်းဌာနက ဖြစ်စဉ်ကိစ္စနှင့် ပတ်​သက်​၍​မေးမြန်းရာ
’’ ကျွန်တော်နဲ့တော့ မတွေ့လိုက်ဘူး။ အဲဒါကို ကျွန်တော်လည်း မသိလိုက်တာ၊ အပြင်ရောက်နေတာ၊ အဲဒီမှာ တာဝန်ကျတဲ့ သူကလည်း အဆက်အသွယ် မရသေးဘူး၊ အခုကျွန်တော်လည်း လူကြီးတွေနဲ့ လိုက်နေရတယ်၊ လမ်းကြောင်းကို၊ ပြီးမှ ပြန်ဆက်ပါမယ်၊ လူကြီးလမ်းကြောင်း လိုက်နေလို့ပါ " ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အကုန်သိသတင်းဌာနက ကျိုက်မရော မြို့နယ်မှုး ရဲမှုး ကျော်သန်းကို ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်း ဆက်လက်မေးမြန်းစုံစမ်းရာတွင် 
’’’ကျိုက်မရော ရဲစခန်းကိစ္စ အဲဒီအသေးစိတ်ကို မသိနိုင်ဘူး ကျွန်တော်က၊ အပြင်မှာ လုံခြုံရေး ရောက်နေလို့လေ၊ အခုတောင် ပြည်နယ်ရုံးကို ရောက်နေတာ၊ အခုပြည်နယ်မှူးနဲ့ တွေ့နေလို့ပါ။ လောလောဆယ်က အလုပ်တွေက လုပ်နေတယ်၊ မဏ္ဍပ်တွေမှာပဲရှိတယ်။ အသံချဲ့စက်တွေနဲ့ဆိုတော့ အဲဒီမှာလည်း တာဝန်မှူး လောက်ပဲရှိမယ်။ ဒီမနက်ကျမှပဲသိတယ် အွန်လိုင်းမှတွေ့မှလေ။ ဟုတ်ကဲ့ လူကြီးနဲ့စကားပြောနေလို့ပါ ’’ ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် မှန်ကန်ကြောင်း နယ်ခံသတင်းထောက်က ပြောကြားခဲ့ပြီး လက်ရှိအခြေအနေတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး တို့မှ ကျိုက်မရောရဲစခန်းသို့ သွားရောက်စစ်ဆေးနေကြောင်း ကနဦး သတင်းများအရ သိရသည်။

အသေးစိတ်နောက်ဆက်တွဲအခြေအနေများကို ထပ်မံဖော်ပြပေးပါမည်။

အကုန်သိ သတင်းဌာန

0 comments:

Post a Comment