Sunday, April 15, 2018

ရန်ကုန် ပြန်လာမည့် MNA လေယာဉ် အင်ဂျင်ဝိုင်ကုန်သဖြင့် ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်လိုက်ရ


၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ၁၃၁၅ အချိန်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူး ပြည့်ဖြိုး မောင်းနှင်ပြီး လေယာဉ်အမှုထမ်း ၆ ဦး၊ လေယာဉ်လုံခြုံရေး ၂ ဦး၊ ခရီးသည် ၆၉ ဦး(ကျား ၃၅၊ မ၂၈၊ ကလေး ၆)တို့လိုက်ပါလာသည့် XY-AJN လေယာဉ်သည် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-ရန်ကုန် ခရီးစဉ်အတိုင်းထွက်ခွာလာရာ လေယာဉ်ဝဲဘက် အင်ဂျင်အတွင်း အင်ဂျင်ဝိုင် ကုန်သွား၍ ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်စဉ် ဝဲဘက်အတွင်းဘီး ပေါက်ခဲ့သော်လည်း အဆင်ပြေစွာဆင်းသက်နိုင်ခဲ့ပါသည်။




လေယာဉ်အား အင်ဂျင်နီယာဦးတင်ထွန်းအောင်မှပြုပြင်နေစဉ် ခရီးသည်များအား ထားဝယ် လေဆိပ်နားနေဆောင်တွင် ခေတ္တစောင့်ဆိုင်းစေ၍ ၁၆၃၀ အချိန်၌ မြန်မာအမျိုးသားလေကြောင်း လိုင်းမှ XY-AMK လေယာဉ်ဖြင့် ပြောင်းလဲတင်ဆောင်ကာ မြိတ်လေဆိပ်သို့ ထွက်ခွာသွားခဲ့ ကြောင်းနှင့် ၂၀၄၀ အချိန်တွင် လေယာဉ်အား ပြန်လည်ပြင်ဆင်ပြီးစီး၍ ထားဝယ်လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အကုန်သိ သတတင်းဌာန

0 comments:

Post a Comment